Home သတင်း ‌ကျောက်ကြီးမြို့နယ်ရှိ ကိုယ်ထူကိုယ်ထ‌ဆေးခန်း ‌ဆေးဝါးမလုံ‌လောက်၍ ဆက်လည်ပတ်ရန် ခက်ခဲ‌နေ

‌ကျောက်ကြီးမြို့နယ်ရှိ ကိုယ်ထူကိုယ်ထ‌ဆေးခန်း ‌ဆေးဝါးမလုံ‌လောက်၍ ဆက်လည်ပတ်ရန် ခက်ခဲ‌နေ

1507

မတ် ၃ ရက်၊ ၂၀၁၇ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

‌ကေအဲန်ယူ- ကရင်အမျိုသားအစည်းအရုံး၊ ‌ညောင်‌လေးပင်ခရိုင်၊ ‌ကျောက်ကြီးမြို့နယ်ရှိ ‌လော်မူ‌သော‌ကျေးရွာတွင် ဖွင့်လှစ်ထား သည့် ကိုယ်ထူကိုယ်ထ ‌စေတနာ‌ဆေး‌ပေးခန်းတွင် လာ‌ရောက်ကုသသူ များပြားပြီး ‌ဆေးဝါးမလုံ‌လောက်မှုဖြစ်ကာ ဆက်လည် ပတ်ရန် ခက်ခဲ‌နေသည်ဟု ‌ဆေးခန်းတာဝန်ခံ ဆရာ‌စော‌ဘောမူ‌စေးက ‌ကေအိုင်စီသို ့‌ပြောသည်။

အဆိုပါ ‌စေတနာ‌ဆေး‌ပေးခန်းသို ့ ပြီးခဲ့သည့် သုံးလအ‌ကျော်အတွင်း လူနာ ၁,၀၀၀‌ကျော် လာ‌ရောက်ကုသမှုခံယူခဲ့ပြီး ‌သောက် ‌ဆေးများအတွက် ‌ကေအဲန်ယူ(ဗဟို) ကျန်းမာ‌ရေးဌာနက အနည်းငယ်ပံ့ပိုး‌ပေးသလို ကျန်ထိုး‌ဆေးများကို လူနာများ၏ လှူဒါန်း ‌ငွေဖြင့် ပြန်ဝယ်ယူရသည့်အတွက် ယခုလို ‌ဆေးဝါးမလုံ‌လောက်မှု ကြုံ‌တွေ့လာခြင်းဖြစ်သည်ဟု ဆရာ‌စော‌ဘောမူ‌စေးက ယခုလို ‌ပြောသည်။

“လက်ရှိအချိန်မှာ လူနာ‌တွေက အရမ်းများလာတယ်။ လာတဲ့လူနာ‌တွေကလည်း အ‌ရေးကြီးတဲ့လူနာ‌တွေများတယ်။ ကျ‌နော်တို့ မှာလည်း ကိုယ်ထူကိုယ်ထဆို‌တော့ လည်ပတ်နိုင်ဖို့ ‌တော်‌တော်‌လေးကို ရုန်းကန်‌နေရတယ်။ အခု‌ဆေးခန်းမှာ ‌တော်‌တော်‌လေး ‌ဆေးမလုံ‌လောက်မှု‌တွေ ဖြစ်လာတယ်။ လူနာက အမြဲတမ်းလာတယ်ဆို‌တော့ ကျ‌နော်တို့ကို ‌ထောက်ပံ့တဲ့သူမရှိ‌တော့ အခက်အ ခဲ ရှိ‌နေတယ်။ ဒီအနီးတစ်ဝိုက် ရွာသား‌တွေက ဒီ‌ဆေးခန်းကိုပဲ အားကိုး‌နေရတာပါ”ဟု ‌ပြောသည်။

အလားတူ ‌ဆေးခန်း ‌စေတနာ့ဝန်ထမ်းများ ‌ထောက်ပံ့မှုကို မည်သည့်အဖွဲ့အစည်းများထံမှ မရရှိဘဲ ‌ကျေးရွာ‌ဒေသခံများ‌ပေးသည့် ဆန်၊ စားနပ်ရိက္ခာများဖြင့်သာ ရပ်တည်‌နေရသည့်အတွက် ‌စေတနာဝန်ထမ်းများ ‌ရေရှည် ဆက်မလုပ်နိုင်မည်ကို စိုးရိမ်သည်ဟု ‌လော်မူ‌သောရွာအုပ်စုမှူး ‌စော‌ဒေါင်းရှည်က ‌ကေအိုင်စိသို့ ယခုလို ‌ပြောသည်။

သူက “‌ဆေးခန်းက အကြပ်အတည်းရှိတဲ့အချိန်မှာ ‌ဆေးဆရာမ‌တွေလည်း ‌ရေရှည် မလုပ်‌ပေးနိုင်မှာ စိုးရိမ်တယ်။ လူနာ‌တွေ ပြန်‌ပေးတဲ့ အလှူ‌ငွေနဲ့ပဲ လည်ပတ်ရတယ်ဆို‌တော့ ‌ဆေးရာမ‌တွေရဲ့ စားဖို့‌သောက်ဖို့တစ်ဖက်၊ ‌ဆေးပြန်ဝယ်ဖို့တစ်ဖက် ပြန်သုံး ရ‌တော့ မကာဘူး‌ပေါ့‌နော်။ ‌စေတနာ‌ဆေးခန်းဆို‌တော့ အလှူ‌ငွေများများလည်း မရဘူး။ ရွာသား‌တွေက ဒီ‌ဆေးခန်းပဲ အားကိုး‌နေ ရတယ်။ တတ်နိုင်သ‌လောက် ပြန်‌ထောက်ပံ့ကြပါတယ်။ များများ‌တော့ မနိုင်ဘူး‌ပေါ့။ ‌ရေရှည်အတွက် အလှူရှင်ရှိရင် ‌ကောင်း မယ်”ဟု ‌စော‌ဒေါင်းရှည်က ‌ပြောသည်။

အဆိုပါ ‌လော်မူ‌သော‌ကျေးရွာ ကိုယ်ထူကိုယ်ထ‌စေတနာ‌ဆေးခန်းကို ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ ၂၂ရက်‌နေ့က စတင် ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး အဆိုပါ‌ဆေးခန်းကို အနီးအနားရှိ ‌ကျေးရွာ ၁ဝရွာ‌ကျော်မှ ရွာသူရွာသားများက မှီခိုကုသ‌နေရသလို လက်ရှိအချိန် တွင် ‌ရေရှည်ခိုင်ခံ့သည့် ‌ဆေးခန်းအသစ်တစ်လုံးကို ‌ဆောက်လုပ်‌နေဆဲဖြစ်သည်ဟု ‌ဒေသခံများထံမှ သိရသည်။