Home သတင်း ‌ကေအဲန်ယူ ကွန်ဂရက်တွင် ငြိမ်းချမ်း‌ရေး ဆက်လက်‌ဖော်‌ဆောင်မည့် ‌ခေါင်း‌ဆောင်များကို တင်‌မြှောက်နိုင်ရန် ကရင်ပါတီ‌မျှော်လင့်

‌ကေအဲန်ယူ ကွန်ဂရက်တွင် ငြိမ်းချမ်း‌ရေး ဆက်လက်‌ဖော်‌ဆောင်မည့် ‌ခေါင်း‌ဆောင်များကို တင်‌မြှောက်နိုင်ရန် ကရင်ပါတီ‌မျှော်လင့်

1539

မတ် ၂ဝရက်၊ ၂၀၁၇ ခုနှစ်။ ‌စောညွန့်‌သောင်း

လက်ရှိ ကျင်းပ‌နေဆဲဖြစ်သည့် ၁၆ ကြိမ်‌မြောက် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကွန်ဂရက်တွင် ငြိမ်းချမ်း‌ရေးဆက်လက်‌ဖော်‌ဆောင်သွားနိုင်မည့် ‌ခေါင်း‌ဆောင်‌ကောင်းများ ‌ရွေးချယ်တင်‌မြှောက်နိုင်မည်ဟု ကရင်နိုင်ငံ ‌ရေးပါတီ နှစ်ပါတီက ‌မျှော်လင့်ကြသည်။

အဆိုပါ ကရင်နိုင်ငံ‌ရေး နှစ်ပါတီတို့မှာ ကရင်ပြည်နယ်တွင် အ‌ခြေစိုက်သည့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ PSDP နှင့် ဧရာဝတီတိုင်း‌ဒေသကြီးတွင် အ‌ခြေစိုက်သည့် ကရင်အမျိုးသားပါတီ-KNP တို့ဖြစ်ပြီး ‌ကေအဲန်ယူ ဖားအံခရိုင်၊ ‌လော်ခီးလာတွင် မတ်လ ၁၄ ရက်မှ ယ‌နေ့အချိန်ထိ ဆက်လက် ကျင်းပ‌နေဆဲဖြစ်သည့် KNU ကွန်ဂရက်နှင့် ပတ်သက်၍ ယခုလို ‌ပြောကြားလိုက်ခြင်းဖြစ်သည်။

ကရင်အမျိုးသားပါတီ အတွင်း‌ရေးမှူးဖြစ်သူ မန်း‌ကျော်ငြိမ်းက “KNU ‌ခေါင်း‌ဆောင်အားလုံးက ငြိမ်းချမ်း‌ရေးကို လိုလား‌နေတဲ့ ‌ခေါင်း‌ဆောင်‌တွေပဲလို့ ယူဆတယ်။ ဒီကွန်ဂရက်မှာ တက်လာမယ့် ‌ခေါင်း‌ဆောင်‌တွေအ‌နေနဲ့ ဒီ မိုကရက်တစ် ‌ခေါင်း‌ဆောင်ဖြစ်ပြီး‌တော့ မြန်မာအစိုးရနဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့‌တွေနဲ့ အဆင် ‌ပြေ‌ပြေ ဆက်ဆံနိုင်ပြီး‌တော့ ငြိမ်းချမ်း‌ရေးကို ဆက်လက်‌ဖော်‌ဆောင်နိုင်မယ့် ‌ခေါင်း‌ဆောင်‌တွေ ဖြစ်မယ်လို့ ‌မျှော် လင့်ပါတယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ ယင်းကွန်ဂရက်၌ တက်လာမည့် ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်များသည် ယခင် ‌ခေါင်း‌ဆောင်များနှင့် လုပ်နည်းလုပ်ဟန်တူညီမှ တူညီမည်ဖြစ်‌သော်လည်း ‌ကေအဲန်ယူ၏ မူဝါဒ ဦးတည်ချက်နှင့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် အဆင့်ဆင့်အတိုင်း လုပ်‌ဆောင်ရပ်တည်လိမ့်မည်ဟု ယုံကြည်‌ကြောင်း ဖလုံ-စ‌ဝေါ်ဒီမိုကရက် တစ်ပါတီမှ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စောကြည်လင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ ငြိမ်းချမ်း‌ရေးကို ‌ဖော်‌ဆောင်တဲ့အခါ လမ်း‌ကြောင်း‌တွေက အရင်လို တူချင်မှတူမယ်။ ဒါ‌ပေမဲ့ ဦးတည်ချက် ‌တွေက‌တော့ အတူတူပဲ။ ဒီတစ်ခါ တင်လာမယ့် ‌ခေါင်း‌ဆောင်‌တွေက အရည်အချင်းရှိပြီး အမျိုးသား‌ရေးအတွက် အမြဲ ‌ပေးဆပ်ခဲ့တဲ့ သူ‌တွေ၊ ‌နောက် ငြိမ်းချမ်း‌ရေးကိုလည်း ဆက်လုပ်လိမ့်မယ်လို့‌တော့ ယုံကြည်တယ်” ဟု‌ပြော သည်။

၁၆ ကြိမ်‌မြောက် ‌ကေအဲန်ယူ ကွန်ဂရက်ကို ဗဟို၊ တပ်မဟာ ၊ ခရိုင် ၇ ခုမှ ကိုယ်စားလှယ်များနှင့် ပြည်တွင်း၊ ပြည်ပ ‌လေ့လာသူ စုစု‌ပေါင်း ၃၀ဝ ‌ကျော် တက်‌ရောက်လာကြပြီး ဗဟိုအမြဲတမ်း‌ကော်မတီ၏ ကွန်ဂရက်သို့ တင်ပြ‌သော ‌လေးနှစ်တာ ကာလ အတွင်း လုပ်ငန်း‌ဆောင်ရွက်ခဲ့မှု အ‌ခြေအ‌နေဆိုင်ရာ အစီရင်ခံစာကို ‌ဆွေး‌နွေးအတည်ပြုခြင်း၊ ‌လေးနှစ်အတွင်း ဌာန ၁၄ ခု၏ လုပ်ငန်းအစီရင်ခံစာများ၊ ခရို်င်အလိုက် လူထုအ‌ခြေအ‌နေ၊ အုပ်ချုပ်‌ရေး အ‌ခြေအ‌နေ၊ လက်ရှိ ငြိမ်းချမ်း‌ရေးဖြစ်စဉ် အ‌ခြေအ‌နေများကို တင်ပြ‌ဆွေး‌နွေး ခြင်းအပါအဝင် ‌နောက်ထပ်‌လေးနှစ်သက်တမ်းအတွက် ဦး‌ဆောင်သွားမည့် ‌ခေါင်း‌ဆောင်များကို ပြန်လည်‌ရွေး‌ကောက်တင်‌မြှောက်ကြမည်ဖြစ်သည်။

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ၏ ကွန်ဂရက်ကို ‌လေးနှစ်တစ်ကြိမ် ကျင်းပခဲ့သည်။