Home သတင်း ‌ကေအဲန်ယူ၏ လူငယ်မျိုးဆက်သစ်သင်တန်း ‌ကျောင်းသား‌ဟောင်းများ‌တွေ့ဆုံ

‌ကေအဲန်ယူ၏ လူငယ်မျိုးဆက်သစ်သင်တန်း ‌ကျောင်းသား‌ဟောင်းများ‌တွေ့ဆုံ

1738

မတ်လ ၂၅ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ဖွင့်လှစ်ထားသည့် လူငယ်မျိုးဆက်သစ်ဦး‌ဆောင်မှု သင်တန်း‌ကျောင်း(New Generation and Leadership Program-NGLP) ၏ အနယ်နယ်အရပ်ရပ်မှ ‌ကျောင်းသူ၊ ‌ကျောင်းသား‌ဟောင်းများ ‌တွေ့ဆုံပွဲ တစ်ရပ်ကို ဖားအံခရိုင်၊ ‌သေ‌ဘေထာ့ရှိ ယင်းသင်တန်း‌ကျောင်းတွင် ယ‌နေ့ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ‌တွေ့ဆုံပွဲမှာ ယင်း‌ကျောင်း စတင်ဖွင့်လှစ်သည့် သင်တန်းအပတ်စဉ် ၁ မှ ၆ အထိ ‌ကျောင်းသား‌ဟောင်း အပါအဝင် လက်ရှိ အပတ်စဉ် ၇မှ ‌ကျောင်းသူ၊ ‌ကျောင်းသားများပါဝင်ခဲ့ကြပြီး ‌ကျောင်းသားများ အချင်းချင်း ရင်းနှီးမှုရှိ‌စေရန် လက်ရှိသက် ဆိုင်ရာ ခရိုင်အသီးသီးတွင် တာဝန်ထမ်း‌ဆောင်‌နေကြသည့် ‌ကျောင်းသား‌ဟောင်းများမှ အ‌တွေ့အကြုံများ ပြန်လည်‌ဝေငှနိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု ‌တွေ့ဆုံပွဲဖြစ်‌မြောက်‌ရေး ဦး‌ဆောင်စီစဉ်သူများက ‌ပြောသည်။

ယ‌နေ့ပြုလုပ်သည့် ‌တွေ့ဆုံပွဲတွင် သင်တန်း‌ကျောင်း၏ တာဝန်ရှိသူများက ဩဝါဒအမှာစကားများ ‌ပြောကြားခြင်း၊ ‌ကျောင်းသား ‌ဟောင်းများ ၎င်းတို့ဖြတ်သန်းခဲ့ရသည့် အ‌တွေ့အကြုံများကို ပြန်လည်‌ဝေငှခြင်းများ ပြုလုပ်ခဲ့ကြသည်။

NGLP သင်တန်း‌ကျောင်းကို မျိုးဆက်သစ် ကရင်လူငယ်‌ခေါင်း‌ဆောင်များ ‌မွေးထုတ်‌ပေးရန် ရည်ရွယ်ပြီး ကွယ်လွန်သူ KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူး‌ဟောင်း ပဒိုမန်းရှာလားဖန်းက ဦး‌ဆောင်ကာ ၂၀၀၁ခုနှစ်တွင် စတင် ဖွင့်လှစ်‌ပေးခဲ့ခြင်းဖြစ်သည်။ ‌ကေ အဲန်ယူ၏ ခရိုင်အသီးသီးနှင့် အခြား‌ဒေသမှ စိတ်ပါဝင်စားသူများမှ တက်‌ရောက်ခဲ့ကြပြီး သင်တန်း‌ကျောင်းပြီးပါက သက်ဆိုင်ရာ နယ်‌မြေ‌ဒေသများတွင် ပြန်လည်တာဝန်ထမ်း‌ဆောင်ကြရသည်ဟု သိရသည်။

ယ‌နေ့ပြုလုပ်သည့် ‌ကျောင်းသား‌ဟောင်းများ‌တွေ့ဆုံပွဲတွင် လက်ရှိ ‌ကျောင်းအုပ်ဖြစ်သူ ပဒို‌စောလစ္စတန်၊ ‌ကျောင်းအုပ်‌ဟောင်း များဖြစ်ကြသည့် ပဒို‌စောသမိန်ထွန်း၊ ပဒို‌စောလှထွန်းနှင့် ဒူးပလာယာခရိုင် တွဲဖက်အတွင်း‌ရေးမှူးတို့ အပါအဝင် သက်ဆိုင်ရာ ခရိုင်အသီးသီး၌ တာဝန်ထမ်း‌ဆောင်‌နေကြသည့် ‌ကျောင်းသူ၊‌ကျောင်းသား‌ဟောင်း ၃ဝဦး‌ကျော် တက်‌ရောက်ခဲ့ကြသည်။