Home သတင်း အီတူးထာ့စစ်‌ပြေး‌ရှောင်စခန်း၌ ၂နှစ်‌အောက်က‌လေးများ ဝမ်းပျက်ဝမ်း‌လျှော ဆက်တိုက်ဖြစ်ပွား‌နေ

အီတူးထာ့စစ်‌ပြေး‌ရှောင်စခန်း၌ ၂နှစ်‌အောက်က‌လေးများ ဝမ်းပျက်ဝမ်း‌လျှော ဆက်တိုက်ဖြစ်ပွား‌နေ

2206

မတ် ၁၆ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ ပြည်တွင်းစစ်‌ရှောင် အီတူးထာ့ဒုက္ခသည်စခန်း၌ ‌ဖေ‌ဖော်ဝါရီလမှ စတင်ကာ ယခု မတ်လ အထိ အသက် ၂နှစ်‌အောက်က‌လေးငယ်များမှာ ဝမ်းပျက်ဝမ်း‌လျှော‌ရောဂါဖြစ်ပွားမှု ဆက်တိုက်ဖြစ်‌နေသည့်အတွက် ‌ဆေးဝါး အကူအညီများ အ‌ရေး‌ပေါ်လိုအပ်လျှက်ရှိသည်ဟု စခန်းတွင်း ကျန်းမာ‌ရေးဆိုင်ရာ တာဝန်ရှိသူများက ‌ပြောသည်။

အဆိုပါဖြစ်ပွားမှုမှာ ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလ ၂ဝရက်‌နေ့မှစတင်ဖြစ်ပွားလာခဲ့ခြင်းဖြစ်ပြီး က‌လေးသူငယ်များနှင့် သက်ကြီးရွယ် အိုအချို့ အပါအဝင် ဒုက္ခသည်ဦး‌ရေ ၃ဝခန့်မှာ ယခုမတ်လအထိ ဝမ်းပျက်ဝမ်း‌လျှော ဆက်တိုက်ဖြစ်ပွား‌နေဆဲဖြစ်သည်ဟု စခန်း ၏ ကျန်းမာ‌ရေးတာဝန်ခံ ‌စောမြခူ့က ယခုလို ‌ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ တစ်လကစပြီး ဒီစခန်းထဲမှာ ၂နှစ်‌အောက်က‌လေးငယ်‌တွေ ဝမ်းပျက်ဝမ်း‌လျှော‌ရောဂါခံစား‌နေရတာ အခုချိန်အ ထိပဲ။ ဝမ်း‌လျှောပြီး‌တော့ အန်တဲ့အ‌ခြေအ‌နေထိ ဖြစ်‌နေတယ်။ ကျ‌နော်တို့မှာကလည်း ဒါကိုကြည့်‌ပေးဖို့က ‌ဆေးဝါးအလုံအ ‌လောက် မရှိ‌တော့ အခက်အခဲ ဖြစ်‌နေတယ်။ အခု ကျ‌နော်တို့အတွက် ‌ဆေးဝါးအကူအညီအ‌ရေး‌ပေါ်လိုအပ်‌နေတယ်။”ဟု မတ် လ ၁၄ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

အီတူးထာ့စခန်းတွင်းရှိ ‌ဆေးဝါးအကူအညီများကို ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဌာနတစ်ခုဖြစ်‌သော ကရင်ကျန်း မာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန-KDHW ထံမှ ၆လ တစ်ကြိမ်အကူအညီ ရရှိပြီး ယမန်နှစ် ဇူလိုင်လမှ ဒီဇင်ဘာလအထိ ‌ဆေးဝါး ၆လစာ ပြတ်လပ်သွားခဲ့ရာမှ ယခုအချိန်အထိ ‌ဆေးဝါးအကူအညီ မရရှိ‌သေးသည့်အတွက် ကုသ‌ရေးအပိုင်းတွင် အခက်အခဲဖြစ် ရသည်ဟု ‌စောမြခူ့က ဆက်‌ပြောသည်။

ဝမ်းပျက်ဝမ်း‌လျှော‌ရောဂါဖြစ်ပွားရခြင်းမှာ အစားအ‌သောက်မသန့်ရှင်းမှုနှင့် ရာသီဥတုပူပြင်းလာမှုတို့‌ကြောင့်ဖြစ်ပြီး ‌ရောဂါဖြစ်ပွား မှုနှုန်း မြင့်မားလာမှုအ‌ပေါ် စခန်းတာဝန်ရှိသူများနှင့် ကရင်အမျိုးသမီးအစည်းအရုံး-KWO တို့ပူး‌ပေါင်း၍ ကျန်းမာ‌ရေးဆိုင်ရာ ပညာ‌ပေးလှုပ်ရှားမှုများကိုလည်း မတ်လ ၈ရက်‌နေ့က ပြုလုပ်ခဲ့‌သေး‌ကြောင်း စခန်းတာဝန်ရှိသူများက ဆိုသည်။

အီတူးထာ့စခန်းဥက္ကဌ ‌စောညာထယ့်က “ကျ‌နော်တို့စခန်းထဲမှာ က‌လေးငယ်‌လေး‌တွေ ဝမ်းပျက်ဝမ်း‌လျှော တအားခံစား‌နေရ တယ်။ ကျ‌နော်တို့‌ဆေးခန်းမှာကလည်း ‌ဆေးဝါး မလုံမ‌လောက်ဖြစ်‌နေ‌တော့ အခုချိန်ထိက ‌ရောဂါက မ‌ပျောက်ဘဲ ဆက်ဖြစ်‌နေ တုန်းပဲ။ အ‌သေအ‌ပျောက်‌တော့ မရှိ‌သေး‌ပေမယ့် တကယ်လို့ အရမ်းကြီး ဖြစ်ရင်‌တော့ မယ်လအူးစခန်း(ထိုင်းဘက်ခြမ်းရှိ)ကို ပို့ ‌ပေးရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လတ်တ‌လောအချိန်တွင် အီတူးထာ့စခန်း၏‌ဆေးခန်းတွင် ‌ဆေးဝန်ထမ်း ၅ဦးက အလှည့်ကျစနစ်ဖြင့် တာဝန်ယူ ‌ဆောင်ရွက်‌ပေး ‌နေပြီး လစဉ် လာ‌ရောက်ကုသသူ လူနာ‌ပေါင်း တစ်ရာနီးပါးရှိသည်ဟု သိရသည်။

၂၀၀၆ခုနှစ်က ‌ကေအဲန်ယူ၊ တပ်မဟာ (၂)နယ်‌မြေကို နိုင်ငံ‌တော် ‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီ(နအဖ) အစိုးရတပ် မ‌တော်မှ အကြီးအကျယ် ထိုးစစ်ဆင်မှု‌ကြောင့် ‌နေရပ်စွန့်ကာ ထွက်‌ပြေးတိမ်း‌ရှောင်လာသည့် စစ်‌ရှောင်ဒုက္ခသည်များ ယာယီ ခိုလှုံနိုင်ရန် ထိုင်း-မြန်မာနယ်စပ်ရှိ သံလွင်မြစ်ကမ်းနံ‌ဘေးတွင် ပြည်တွင်းစစ်‌ရှောင် အီတူးထာ့ဒုက္ခသည်စခန်းကို ဖွင့်လှစ်ထားခဲ့ ခြင်းဖြစ်ပြီး လက်ရှိ စစ်‌ရှောင်ဒုက္ခသည်ဦး‌ရေ ၃၀၀၀‌ကျော် ရှိသည်။