Home သတင်း အသစ်တက်လာမည့် KNU ‌ခေါင်း‌ဆောင်များ ‌ရေကာတာစီမံကိန်းကိုလက်မခံရန် ကရင်လူထု‌တောင်းဆို

အသစ်တက်လာမည့် KNU ‌ခေါင်း‌ဆောင်များ ‌ရေကာတာစီမံကိန်းကိုလက်မခံရန် ကရင်လူထု‌တောင်းဆို

2264

မတ်လ ၁၅ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး

(၁၆)ကြိမ်‌မြောက် KNU-ကရင်အမျိုးသားအစည်းအရုံး ကွန်ဂရက်အပြီး အသစ်တက်လာမည့် ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များအ‌နေ ဖြင့် သံလွင်မြစ်‌ပေါ်ရှိ ‌ရေကာတာစီမံကိန်းများကို လက်မခံရန် ကရင်မြစ်‌ချောင်းများ‌စောင့်ကြည့်‌ရေးအဖွဲ့ (KRW)နှင့် ‌ဒေသခံ ကရင်ပြည်သူများက မတ်လ ၁၄ရက်‌နေ့တွင် ‌တောင်းဆိုခဲ့ကြသည်။

ထို‌နေ့တွင် ကျ‌ရောက်သည့် နိုင်ငံတကာ မြစ်‌ချောင်းများ‌နေ့ အခမ်းအနားကို ‌ကေအဲန်ယူနယ်‌မြေ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ အီတူးထာ့ပြည်တွင်းဒုက္ခသည်စခန်းရှိ အူးဝဲကလိုး‌ကျေးရွာအနီး သံလွင်မြစ်ကမ်းနံ‌ဘေးတွင် ကရင်မြစ်‌ချောင်းများ ‌စောင့်ကြည့် ‌ရေးအဖွဲ့(KRW)နှင့် ‌ဒေသခံများ ပူး‌ပေါင်းကျင်းပပြီး ယင်းသို့ ‌တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အခမ်းအနား ဦး‌ဆောင်သူ ‌စောထူးထူးစတင်းက “၁၆ကြိမ်‌မြောက်ကွန်ဂရက်ပြီးရင် အသစ်တက်လာမဲ့ ‌ခေါင်း‌ဆောင်‌တွေအ‌နေနဲ့ ‌ရေကာတာစီမံကိန်း‌တွေကို လက်မခံဖို့ ကျ‌နော်တို့ ဆန္ဒရှိပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ‌ခေါင်း‌ဆောင်သစ်‌တွေအ‌နေနဲ့ စိတ် ‌ပြောင်းပြီး သံလွင်မြစ်‌ပေါ်ကို မှီပြီး‌နေထိုင်ကြတဲ့ ‌ဒေသခံပြည်သူ‌တွေရဲ့ စိုးရိမ်မှု‌တွေကို လစ်လျူရှုမယ်ဆိုရင် ‌ဒေသခံ‌တွေအ တွက် ကြီးမားတဲ့ စိုးရိမ်မှုဒုက္ခကို ဖြစ်‌စေပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် မြန်မာအစိုးရ အပါအဝင် ထိုင်းနိုင်ငံအစိုးရအ‌နေဖြင့်လည်း သံလွင်မြစ်‌ပေါ် တည်‌ဆောက်မည့် ‌ရေကာတာစီမံကိန်းများ အ‌ပေါ် လက်ခံခြင်းမပြုရန်နှင့် အဆိုပါစီမံကိန်း စတင်ချိန်မှစ၍ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ‌နေရပ်စွန့်ခွာကြသည့် စစ် ‌ရှောင်ဒုက္ခသည်များလည်း ပိုမိုများပြားလာသည်ဟု ‌စောထူးထူးစတင်းက ဆက်‌ပြောသည်။

ယမန်‌နေ့က ပြုလုပ်သည့် နိုင်ငံတကာ မြစ်‌ချောင်းများ‌နေ့နှင့် ‌ရေကာတာများ ဆန့်ကျင်‌ရေး‌နေ့ အခမ်းအနားသို့ KRW အဖွဲ့ဝင် များနှင့် နယ်‌မြေခံ ကရင်အမျိုးသမီးအစည်းအရုံး-KWO၊ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုလှုပ်ရှားမှုကွန်ရက်-KESAN အဖွဲ့ဝင် များ၊ ထိုင်းနိုင်ငံ သစ်‌တော‌ရေးရာတာဝန်ရှိသူအချို့အပြင် အီတူးထာ့နှင့် အူးဝဲကလိုး ဒုက္ခသည်စခန်းမှ ‌ဒေသခံများ အပါအဝင် စုစု‌ပေါင်း ၆၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ‌ရေကာတာစီမံကိန်းကို ဆန့်ကျင်သည့် ပိုစတာဆိုင်းဘုတ်များ ကိုင်‌ဆောင်၍ ဆန္ဒထုတ်‌ဖော်ခြင်း၊ ‌ဒေသခံများက မိမိတို့ယုံကြည်ရာ ဘာသာအလိုက် ဆု‌တောင်းခြင်း၊ ‌ရေကာတာတည်‌ဆောက်လျှင် ဖြစ်လာနိုင်မည့် ဆိုးကျိုးများ ကို ပြန်လည်မျှ‌ဝေခြင်းနှင့် လူထု၏ စိုးရိမ်မှုများ၊ လိုလားချက်များကို ထုတ်‌ဖော်‌ပြောဆိုခဲ့ကြသည်။

အခမ်းအနားတွင် ဦး‌ဆောင်ပါဝင်ခဲ့သူ အီတူးထာ့စခန်း KWO ဥက္ကဌ ‌နော်သဲ‌နေက “အသစ်တက်လာမဲ့ ‌ကေအဲန်ယူ‌ခေါင်း‌ဆောင် ‌တွေအ‌နေနဲ့ ဒီ‌ရေကာတာစီမံကိန်း‌တွေ ကျမတို့‌နေရာ‌ဒေသမှာ ဖြစ်မလာဖို့ ကျမတို့‌ဒေသခံပြည်သူ‌တွေကို ရဲဝံ့ပြတ်သားစွာ ကာ ကွယ်‌ပေးဖို့၊ ပြတ်ပြတ်သားသားနဲ့ တာဝန်ယူ‌ပေးဖို့အတွက် အကြီးမားဆုံး ‌တောင်းဆိုချင်ပါတယ်”ဟု အခမ်းအနား၌ ‌ပြောဆိုခဲ့ သည်။

ပြီးခဲ့သည့် ၂၀၁၄ခုနှင့် ၂၀၁၆ခုနှစ်တွင် ကရင်ပြည်နယ်ရှိ ဟတ်ကြီး‌ရေကာတာစီမံကိန်း အနီးတဝိုက်တွင် အစိုးရတပ်၊ နယ်ခြား ‌စောင့်တပ်နှင့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခြင်း၊ ယင်း‌နေရာအနီးတဝိုက်တွင် အစိုးရတပ်မ‌တော်က မကြာခဏ ဝင်‌ရောက်လှုပ်ရှားလာခြင်းတို့‌ကြောင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA နှင့် ထိပ်တိုက်ပဋိပက္ခဖြစ်လာမည် ကို စိုးရိမ်‌ကြောင်း ကရင်မြစ်‌ချောင်းများအ‌ရေး ‌ဆောင်ရွက်‌နေသူများက ‌ထောက်ပြ‌ပြောဆိုသည်။

KNLA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး‌စော‌ဘော‌ကျော်ဟဲက “ကျ‌နော့်တစ်‌ယောက်အ‌နေနဲ့က‌တော့ ‌ရေကာတာစီမံကိန်း‌တွေ မလုပ် ပါနဲ့လို့ ‌တောင်းဆိုလို့ မရဘူး။ ကျ‌နော်တို့ဟာ ကရင်ပြည်သူ‌တွေကို အကာအကွယ်‌ပေးရမယ့် အဖွဲ့အစည်းဖြစ်တာ‌ကြောင့် ပြည် သူ‌တွေရဲ့ လိုလားချက်ဆန္ဒ‌တွေအတိုင်း အ‌ကောင်အထည်‌ဖော်‌ပေးရမှာ ဖြစ်ပါတယ်”ဟု ယမန်နှစ် ‌ရေကာတာဆန့်ကျင်‌ရေး‌နေ့ တွင် ‌ကေအိုင်စီသို့ ‌ပြောဆိုခဲ့သည်။

ယခင် အစိုးရလက်ထက် သံလွင်မြစ်‌ပေါ်တွင် အ‌ကောင်အထည်‌ဖော်ရန်ရှိသည့် ‌ရေကာတာစီမံကိန်း ၁၈ခုနှင့် ပတ်သက်၍ သံ လွင်မြစ်တစ်‌လျှောက် ‌နေထိုင်ကြသည့် ‌ဒေသခံတိုင်းရင်းသားများနှင့် သံလွင်မြစ် ထိန်းသိမ်းကာကွယ်‌ရေးအဖွဲ့များက ၎င်းတို့၏ စိုးရိမ်မှုများနှင့် သ‌ဘောထားများကို အသီးသီး ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာ မြစ်‌ချောင်းများ‌နေ့ဖြစ်သည့် မတ်လ ၁၄ရက်‌နေ့တွင် ‌ကေအဲန်ယူ၏ (၁၆)ကြိမ်‌မြောက် ကွန်ဂရက်ကို ဗဟို၊ ခရိုင်၊ မြို့ နယ် ၇ခုမှ ကိုယ်စားလှယ်များနှင့် ‌လေ့လာသူ စုစု‌ပေါင်း ၃၁၈ဦးဖြင့် စတင် ကျင်းပလျှက်ရှိသည်။ ထို‌နေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်း မှ ‌ရေကာတာ ဆန့်ကျင်သူများ စုစည်းပြီး မြန်မာနိုင်ငံ ပဋိပက္ခဇုန်အတွင်း ‌ရေကာတာတည်‌ဆောက်မည့် စီမံကိန်းများကို ဆန့် ကျင်သည့် ဆန္ဒထုတ်‌ဖော်ပွဲများကို မွန်၊ ကရင်၊ ရှမ်းနှင့် ကချင်ပြည်နယ်တို့တွင် အလားတူ ကျင်းပခဲ့ကြသည်။