Home သတင်း သကြင်္န်ကာလ ‌ရွှေ့‌ပြောင်း အလုပ်သမားများ အခွန်အခမဲ့ ‌နေရပ်ပြန်ခွင့် ထိုင်းအစိုးရခွင့်ပြု

သကြင်္န်ကာလ ‌ရွှေ့‌ပြောင်း အလုပ်သမားများ အခွန်အခမဲ့ ‌နေရပ်ပြန်ခွင့် ထိုင်းအစိုးရခွင့်ပြု

1877

မတ် ၂၈ ရက်၊ ၂၀၁၇ခုနှစ် ။ စအိုင်ဆူး

ထိုင်းနိုင်ငံအတွင်း အလုပ်သမား ပတ်စ်ပို့ (VISA NON-LA) နှင့် ပန်း‌ရောင်ကဒ်ကိုင်‌ဆောင်ထားသူ မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများအ‌နေဖြင့် နှစ်သစ်ကူးသကြင်္န်ကာလ အလုပ်ပိတ်ရက်များအတွင်း ဗီဇာဆိုင်ရာ အ‌ထွေ‌ထွေကုန်ကျစရိတ် ကင်းလွတ်ခွင့်နှင့် အဖမ်းအဆီးမရှိဘဲ ‌နေရပ်ပြန်နိုင်‌ကြောင်း ထိုင်းအစိုးရက မတ် ၁၄ ‌နေ့တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ အစီအစဉ်အရ ဧပြီလ ၅ ရက်မှ ၃ဝ ရက်‌နေ့အထိ ယာယီအလုပ်သမားပတ်စ်ပို့ကိုင်‌ဆောင်သူ မြန်မာ အလုပ်သမားများမှ ဗီဇာဆိုင်ရာ အခွန်အခကင်းလွတ်ခွင့်နှင့် သတ်မှတ်နယ်‌မြေအလိုက် အလုပ်လုပ်ကိုင်ခွင့် ကဒ် (ပန်း‌ရောင်ကဒ်) ကိုင်‌ဆောင်သူ မြန်မာအလုပ်သမားများအ‌နေဖြင့် အဖမ်းအဆီးမရှိ မိမိ‌နေရပ်သို့ပြန်နိုင်ပြီး ဖြစ်‌ကြောင်း ဘန်‌ကောက်မြို့ရှိ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးမိုး‌အောင်ခိုင်က ‌ပြောသည်။

၎င်းက “ ဗီဇာတို့ဘာတို့က အဝင်တုံး၊ အထွက်တုံးထုမယ်။ ဗီဇာ‌ကြေးဘာညာ ပိုက်ဆံ‌ပေးစရာမလိုဘူး။ ပန်း‌ရောင်ကဒ်နဲ့ တကယ်လို့သွားမယ်ဆိုရင် ဘယ်အ‌ပေါက်ဝက ဝင်မလဲ။ သွားမဲ့ ‌နေရာ ၆ ခု‌လောက်ရှိတယ်။ အဲ့စခန်း‌တွေက‌နေ ထွက်လို့ ရတယ်။ ပန်း‌ရောင်ကဒ်သမားဆိုရင် သူ‌ဌေးရဲ့ ‌ထောက်ခံချက်နဲ့ သက်ဆိုင်ရာ နယ်‌မြေက ‌ထောက်ခံချက်စာ‌တွေ ထုတ်ပြီးပြန်လို့ရတယ်။ ပြီးရင်ပြန်လာတဲ့အခါ အဲ့ဒီဟာနဲ့ပြန်တက်လာရမယ်” ဟု ‌ကေအိုင်စီသို့ မတ် ၂၈ ရက်‌နေ့တွင် ‌ပြောသည်။

ယခင်က ယာယီ အလုပ်သမား ပတ်စ်ပို့် ကိုင်‌ဆောင်သူ ‌ရွှေ‌ပြောင်း အလုပ်သမားများအ‌နေဖြင့် ထိုင်းလဝက ရုံးများတွင် တံဆိပ်တုံးထုရာ၌ ဘတ် ၁,၁၀ဝ ‌ပေး‌ဆောင်ရသလို အလားတူ ပန်း‌ရောင်ကဒ် ကိုင်‌ဆောင်သူများ အ‌နေဖြင့် အလုပ်ရှင်ပါမှသာ အပြင်ထွက်ခွင့်ရရှိပြီး မိမိ‌နေရပ်ပြန်လျှင် လွတ်လပ်စွာပြန်ခွင့်မရှိဘဲ မကြာခဏ ဖမ်းဆီးထိန်းသိမ်း ခံကြရကာ မြန်မာနယ်စပ် ဂိတ်သို့ ပို့‌ဆောင်ခြင်းခံကြရသည်။

ထိုသို့ ပို့‌ဆောင်ခံရသည့် မြန်မာအလုပ်သမားများအ‌နေဖြင့် အနည်းဆုံး ထိုင်းဘတ်‌ငွေ ၁,၅၀ဝ မှ ၂,၀၀ဝ အထိ ‌ပေး‌ဆောင်မှသာ ပြန်လည်လွတ်‌မြောက်နိုင်ပြီး အိမ်ပြန်လမ်းအတွက် အခက်အခဲများစွာကြုံ‌တွေ့ကြရ သည်ဟု ဖမ်းဆီးခံရဖူးသူ အလုပ်သမားများက ‌ပြောဆိုသည်။

ဘန်‌ကောက်မြို့တွင် အလုပ်လုပ်ကိုင်‌နေသူ ‌စောအလှက “ ကျ‌နော်တို့ကြားတာက ၄ လပိုင်း ၅ ရက် က‌နေ ၃ဝ ရက်‌နေ့ အထိရွာပြန်လို့ ရတယ်။ အရင်တုန်းကဆိုရင် ပန်း‌ရောင်ကဒ်ကိုင်ထားရင် ရွာပြန်ချင်တိုင်း ပြန်လို့မရဘူး။ အခုအစိုးရက အခွင့်အ‌ရေး‌ပေး‌တော့ ရွာပြန်ချင်တဲ့သူ‌တွေ အရမ်း‌ပျော်ကြတာ‌ပေါ့။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်းနိုင်ငံအတွင်း ပန်း‌ရောင်ကဒ်ကိုင်‌ဆောင်ထားသူ မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမား ၇သိန်း ခန့်ရှိသည်ဟု မြန်မာအစိုးရက ‌ပြောဆိုထားပြီး ယခုကင်းလွတ်ခွင့်အစီအစဉ်ကို ဧပြီ ၅ရက်မှ ၃ဝ ရက်‌နေ့ အထိ သတ်မှတ်ထား‌သော်လည်း ထိုင်းလုပ်ငန်း ရှင်များအ‌နေဖြင့် သကြင်္န်ကာလ အလုပ်ရုံပိတ်ရက်ကို ၃ ရက်မှ တစ်ပတ်ကြာ အထိသာ‌ပေး‌လေ့ရှိ‌ကြောင်း မြန်မာ ‌ရွှေ့‌ပြောင်းအလုပ်သမားများထံမှ သိရသည်။