Home သတင်း သီတဂူ ဆရာ‌တော်ဦး‌ဆောင်မှုဖြင့် ပြည်နယ်အတွင်း မျက်စိနှင့် နှုတ်ခမ်းကွဲ လူနာများကို အခမဲ့ကုသ‌ပေး

သီတဂူ ဆရာ‌တော်ဦး‌ဆောင်မှုဖြင့် ပြည်နယ်အတွင်း မျက်စိနှင့် နှုတ်ခမ်းကွဲ လူနာများကို အခမဲ့ကုသ‌ပေး

1848

မတ် ၂၇ ရက်၊ ၂၀၁၇ ခုနှစ်။ က‌ဆောဝါး

သီတဂူ ဆရာ‌တော် ဥူးဉာဏိဿရ ဦး‌ဆောင်မှုဖြင့် ပြည်နယ် ကျန်းမာ‌ရေးဌာန ခွဲစိတ်ဆရာဝန်များနှင့် အတူ ဘယ်လ် ဂျီယံနိုင်ငံမှ ခွဲစိတ်အထူးကု ဆရာဝန်ကြီးများ ပါဝင်သည့် ပူး‌ပေါင်းအဖွဲ့သည် မတ် ၂၄ ရက် မှ ၃ဝရက်ထိ ဖားအံနှင့် လှိုင်းဘွဲပြည်သူ့‌ဆေးရုံများ၌ မျက်စိနှင့် နှုတ်ခမ်းကွဲ လူနာများကို အခမဲ့ ကုသ‌ပေး‌နေသည်ဟု ဖားအံမြို့နယ်၊ ပြည် သူ ့‌ဆေးရုံအုပ်ကြီး ‌ဒေါက်တာ‌ကျော်မြင့်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “မျက်စိနဲ့ ပတ်သက်လို့က ‌ဆေးရုံနှစ်ခုလုံးမှာ လူနာ ၅ဝ ‌ကျော် ‌နေ့စဉ်ခွဲစိတ်‌ပေး‌နေပြီး ခွဲစိတ် ကုသရမဲ့ လူနာ‌ပေါင်း ၃၀ဝ ဦးခန့် ရှိ‌နေပါတယ်။ နှုတ်ခမ်းကွဲ၊ အာ‌ခေါင်ကွဲ လူနာ ၄ဝ ‌ကျော်ကို‌တော့ ဖားအံ‌ဆေးရုံမှာပဲ ခွဲစိတ်‌ပေးမှာပါ။ ‌နောက် ရက်‌တွေ ထပ်တိုးလာဖို့‌တော့ ရှိ‌နေပါတယ်။ ၂၉ နဲ့ ၃ဝ ရက်‌တွေမှာ‌တော့ ဘယ်လ်ဂျီယံ ပလပ်စတစ်ဆာဂျူရီ အထူးကု ဆ ရာဝန်ကြီးများ၊ မျက်စိအထူးကု ဆရာဝန်ကြီးများက ခွဲစိတ်လူနာများကို လိုအပ်တဲ့ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုနဲ့ ‌ဆေးဝါး‌တွေ ကို စစ်‌ဆေးကုသမှု ‌ပေးသွားမှာပါ” ဟု ‌ပြောသည်။

ထို့အပြင် ယခု အစီအစဉ်ကို ဦး‌ဆောင်ပြုလုပ်‌ပေးသည့် ဆရာ‌တော်ကြီးနှင့် NGO အဖွဲ့အစည်းများ၊ ‌ဒေသတွင်း သွားလာရ ခက်ခဲသည့် ‌နေရာမှ လူနာများကို ‌ဆေးဝါးကုသနိုင်‌ရေးအတွက် ကူညီလုပ်‌ဆောင်‌ပေးသည့် လက်နက်ကိုင် အဖွဲ့အစည်း များကိုလည်း ‌ကျေးဇူးတင်‌ကြောင်း ‌ဆေးရုံအုပ်ကြီး ‌ဒေါက်တာ‌ကျော်မြင့်က ဖြည့်စွက်‌ပြောသည်။

‌ကော့ကရိတ်မြို့နယ်အတွင်း ‌နေထိုင်ပြီး လှိုင်းဘွဲ့ပြည်သူ ့‌ဆေးရုံတွင် မျက်စိလာ‌ရောက်ခွဲစိတ်သူ ‌နော်ညွှန့်တင်က“ ‌ကော့က ရိတ်က လူနာ ၃ဝ ‌ကျော်ကို ရပ်ရွာလူကြီး စု‌ပေါင်းပြီး လှိုင်ဘွဲ‌ဆေးရုံကို လာကုနိုင်‌အောင် စီစဉ်‌ပေးတာပါ။ ‌နေဖို့၊ စားဖို့ လည်း စီစဉ်‌ပေးပါတယ်။ ဒါက အပြင်မှာဆို သုံး‌လေး သိန်းမကကုန်တယ်။ ကိုယ်မတတ် နိုင်ဘူး။ အခုလို အခမဲ့ ကုသ‌ပေး‌တော့ ‌ကျေးဇူးတင်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အစီအစဉ်သို့ ကရင်ပြည်နယ်အတွင်းရှိ လူနာများအပြင် ပဲခူးတိုင်း‌ဒေသကြီးနှင့် မွန်ပြည်နယ်မှ လူနာများလည်း လာ‌ရောက်ကုသ‌နေသလို မတ် ၂၅ ရက်‌နေ့ထိ မျက်စိ‌ဝေဒနာပြသရန် လူနာ ၁,၀၀ဝ ‌ကျော် စာရင်း ‌ပေးထားပြီး လက်ရှိချိန်ထိ လူနာ ၁၅ဝ ဦးကို မျက်စိ ခွဲစိတ်‌ပေးပြီးဖြစ်ကာ နှုတ်ခမ်းကွဲ‌ဝေဒနာရှင် ၄ဝ ဦးကိုလည်း လိုအပ်သည့် ကုသမှုများ ပြုလုပ်‌ပေးသွားမည်ဖြစ်‌ကြောင်း ပြည်နယ်ကျန်းမာ‌ရေးဌာနမှ သိရသည်။

သီတဂူဆရာ‌တော်ကြီးအ‌နေဖြင့် နိုင်ငံတစ်ဝှမ်းတွင် ‌ဆေးဝါးကုသရန် အခက်အခဲရှိသည့် မျက်စိ‌ဝေဒနာရှင်များကို လိုက်လံ ကု‌ပေးသည့် အစီအစဉ်အဖြစ် လက်ရှိ ကရင်ပြည်နယ်အတွင်း လာ‌ရောက်ကုသ‌ပေး‌နေခြင်းဖြစ်သလို ၂၀၁၆ ခုနှစ်၊ မတ်လ အတွင်း ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူ ‌ဒေသသို ့ လာ‌ရောက်ကုသမှုပြုလုပ်ခဲ့‌သေး‌ကြောင်း မြို့နယ် ကျန်းမာ ‌ရေးဌာနမှ သိရသည်။