Home သတင်း လူငယ်မူဝါဒ‌ရေးရာ မူကြမ်း‌ရေးဆွဲ‌ရေး ‌နေပြည်‌တော်တွင် ‌ဆွေး‌နွေး

လူငယ်မူဝါဒ‌ရေးရာ မူကြမ်း‌ရေးဆွဲ‌ရေး ‌နေပြည်‌တော်တွင် ‌ဆွေး‌နွေး

2070

မတ် ၆ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

မြန်မာနိုင်ငံအတွင်း လူငယ်မူဝါဒ‌ရေးရာ ‌ရေးဆွဲနိုင်‌ရေးအတွက် မူကြမ်း ဦးစွာ ‌ရေးဆွဲသွားရန် ပြည်နယ်နှင့် တိုင်း‌ဒေသကြီး ၁၄ခုမှ တိုင်းရင်းသားလူငယ်များ ပါဝင်‌သော လူငယ်မူဝါဒ မူကြမ်း‌ရေးဆွဲ‌ရေး ညှိနှိုင်း‌ဆွေး‌နွေးပွဲ တစ်ခုကို ‌နေပြည်‌တော်တွင် မတ်လ ၃ ရက်မှ ၄ ရက်‌နေ့အထိ ဒုတိယအကြိမ်အဖြစ် ပြုလုပ်ကျင်းပခဲ့သည်။

‌ဆွေး‌နွေးပွဲတွင် တိုင်းရင်းသားလူငယ် အဖွဲ့သီးသီးတို့မှ ၎င်းတို့ ‌ရေးဆွဲထား‌သော ဆိုင်ရာမူကြမ်းများကို ကိုယ်စီ တင်ပြခဲ့ကြပြီး တူညီသည့်အချက်အလက်များကို ‌ဆွေး‌နွေးပွဲအတွက် အကျိုး‌ဆောင်ဖြစ်သူ ‌ဒေါက်တာ‌နေဝင်း က ညှိနှိုင်း‌ပေါင်းစည်း‌ပေးခဲ့သည်ဟု ‌ဆွေး‌နွေးပွဲတက်‌ရောက်သည့် ကရင်လူငယ်ကိုယ်စားလှယ် ‌စောထွန်းဝင်း မင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ မြန်မာနိုင်ငံမှာ လူငယ်‌ပေါ်လစီ(မူဝါဒ)က မရှိ‌သေးဘူး‌လေ။ လူငယ်‌တွေကို ဘယ်လိုလုပ်‌ပေးရမလဲ ဆိုတဲ့ ဖြည့်ဆည်းစွမ်း‌ဆောင်‌ပေးရမယ့်အပိုင်း‌တွေ ရှိပါတယ်။ ဒါ‌ကြောင့် ဒီလူငယ်မူဝါဒက ‌ရေးဆွဲရခြင်း ဖြစ်တယ်။ ကျ‌နော်တို့ ကရင်လူငယ်အဖွဲ့က ပညာ‌ရေး၊ လူမှု‌ရေး၊ နိုင်ငံ‌ရေး အပါအဝင် အချက် (၁၇)ချက်ကို တင်ပြထားပါတယ်”ဟု ‌စောထွန်းဝင်းမင်းက ‌ပြောဆိုသည်။

ထိုသို့ လူငယ်‌ပေါ်လစီ ‌ရေးဆွဲသွားရန်အတွက် စွမ်း‌ဆောင်သွားရန် အကျိုး‌ဆောင်အဖွဲ့ (Consultant Team) ထားရှိထားသလို အစိုးရဘက်မှ လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့် ပြန်လည်‌နေရာချထား‌ရေးဝန်ကြီးဌာန အဓိက ပါဝင်ပြီး ပညာ‌ရေး ဝန်ကြီးဌာန၊ အားကစားနှင့် ကျန်းမာ‌ရေးဝန်ကြီးဌာနတို့မှလည်း ကူညီ‌ဆောင်ရွက်‌ပေး‌နေသည်ဟု ၎င်းက ဆက်‌ပြောသည်။

ထို့အပြင် ယခု ‌ဆွေး‌နွေးပွဲတွင် အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ရခိုင်လူငယ် ကိုယ်စားပြုအဖြစ် မတက်‌ရောက်နိုင် သည်မှလွဲ၍ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူငယ်ကိုယ်စားလှယ်များ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ စုစု‌ပေါင်း ၄ဝ ဝန်းကျင် တက်‌ရောက်ခဲ့ကြသည်ဟု ‌ဆွေး‌နွေးပွဲတက်‌ရောက်သူများထံမှ သိရသည်။

တက်‌ရောက်‌ဆွေး‌နွေးသည့် လူငယ်ကိုယ်စားလှယ်များသည် သက်ဆိုင်ရာ ၎င်းတို့အဖွဲ့များသို့ ပြန်လည်တင်ပြ ကြရမည်ဖြစ်ပြီး အလားတူ မူကြမ်း‌ရေးဆွဲ‌ရေး ‌ဆွေး‌နွေးညှိနှိုင်းပွဲကို ယခု မတ်လ ‌နောက်ဆုံးအပတ်တွင် ထပ်မံ ကျင်းပသွားရန် ရှိသည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး လူငယ်မူဝါဒ ဖြစ်‌မြောက်ရန်အတွက် ပြည်နယ်နှင့်တိုင်း‌ဒေသ ၁၄ ခုမှ မူကြမ်း‌ရေး ဆွဲ‌ရေး‌ကော်မတီ၊ လုပ်ငန်း‌ဖော်‌ဆောင်‌ရေး‌ကော်မတီနှင့် ဗဟို ‌ကော်မတီ ဟူ၍ ဖွဲ့စည်းထားသည်။