Home သတင်း မူးယစ်‌ဆေးသုံးစွဲသူများအား ‌ကော့ကရိတ်မြို့နယ်ရှိ ကရင်ရဲတပ်ဖွဲ့ ဖမ်းဆီးအ‌ရေးယူမှု စတင်

မူးယစ်‌ဆေးသုံးစွဲသူများအား ‌ကော့ကရိတ်မြို့နယ်ရှိ ကရင်ရဲတပ်ဖွဲ့ ဖမ်းဆီးအ‌ရေးယူမှု စတင်

2316

မတ်လ ၁ဝရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

‌ကော့ကရိတ်မြို့နယ် ‌ကျေးရွာအုပ်စု ‌လေးခုတွင် မြင်း‌ဆေး (‌ခေါ်) စိတ်ကြွ မူးယစ်‌ဆေးပြား သုံးစွဲသူများအား ဖမ်းဆီးအ‌ရေးယူမှု တစ်ရပ်ကို မတ်လ ၈ရက်‌နေ့မှ စတင် အ‌ကောင်အထည်‌ဖော်‌နေပြီဖြစ်သည်ဟု ‌ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး လက် ‌အောက်ခံ၊ ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)၏ ‌ကော့ကရိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ဗိုလ်ကြီး‌စောအ‌ကျော်က ‌ကေအိုင်စီသို့ ‌ပြော သည်။

“‌ဒေသတွင်းက တချို့မိဘ‌တွေ သူတို့က‌လေးကို မထိန်းနိုင်လို့ ကျ‌နော်တို့ဆီ လာအပ်တာ အများကြီး ရှိခဲ့ဖူးတယ်။ ဒါကို လုပ် ‌ဆောင်တာ လူထု‌တောင်းဆိုမှု‌ကြောင့်။ ‌နောက်ပြီး အစည်းအ‌ဝေးရဲ့ ဆုံးဖြတ်အရလည်း ဖြစ်တယ်။ လူငယ်‌တွေဟာ အနာဂတ် မှာ လူကြီးဖြစ်လာပြီး အမျိုးသားတာဝန် ထမ်း‌ဆောင်ရမယ့် သူ‌တွေပါ။ မူးယစ်‌ဆေး‌ကြောင့် သူတို့‌တွေ ပျက်စီးလို့ မဖြစ်ဘူး”ဟု ၎င်းက ‌ပြောဆိုသည်။

‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ‌ကျေးရွာအုပ်စုများဖြစ်သည့် ကလိန်၊ ‌လော်ပါ့၊ နို့ဖိုးနှင့် ‌သေ့‌ဘော ဘိုး‌ကျေးရွာများတွင် စိတ်ကြွ‌ဆေးပြား သုံးစွဲသည်ဟု ယူဆရသူများအား အလျင်းသင့်သလို ‌ခေါ်ယူပြီး ‌ဆေးသုံးစွဲမှု ရှိမရှိကို တိုင်းတာစမ်းသပ်ခြင်း ကိရိယာဖြင့် ‌ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ‌စောအ‌ကျော်က ဆက်‌ပြောသည်။

၎င်းအစီအစဉ် စတင် အ‌ကောင်အထည်‌ဖော်သည့် ပထမရက်‌နေ့၌ ည ၉နာရီဝန်းကျင်တွင် မသကင်္ာဖွယ်ရာ ဆိုင်ကယ်စီးသူ လူငယ်သုံးဦးအား ‌ခေါ်ယူ‌မေးမြန်းပြီး ဆီးစစ်‌ဆေးကြည့်ရာ ‌ဆေးသုံးစွဲထားသည်ကို ‌တွေ့ရှိရသည့်အတွက် ဖမ်းဆီးအ‌ရေးယူမှု ပြုလုပ်ခဲ့သည်ဟု ‌ကော့ကရိတ်မြို့နယ် KNPF တာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။

မူးယစ်‌ဆေးသုံးစွဲ‌ကြောင်း ‌တွေ့ရှိသူများကို ထုတ်ပြန်ထားသည့် စည်းမျဉ်းဥပ‌ဒေအရ ပထမ သတိ‌ပေးမှုအ‌နေဖြင့် ဝန်ခံကတိနှင့် ဒဏ်‌ငွေကျပ် တစ်သိန်း ‌ပေး‌ဆောင်ရမည်ဖြစ်‌ကြောင်း၊ ဒဏ်‌ငွေမ‌ဆောင်နိုင်ပါက အလုပ်ကြမ်းနှင့်အတူ ရက်‌ပေါင်း ၂ဝ ထိန်းသိမ်း ခံထားရမည်ဖြစ်‌ကြောင်း အ‌ရေးယူခံထားရပြီး ပြန်လွှတ်‌ပေးသူများကိုလည်း စမ်းသပ်မှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ် ‌ကြောင်း ‌ကော့ကရိတ်မြို့နယ် ကရင်အမျိုးသားရဲတပ်ဖွဲ့က ဆိုသည်။

ထိုလုပ်‌ဆောင်မှုအ‌ပေါ် ‌ကော့ကရိတ်မြို့နယ်ရှိ လူငယ်တစ်ဦးဖြစ်သူ ‌စော‌ကျော်‌ပေါ်က “မြင်း‌ဆေး(စိတ်ကြွ‌ဆေး)ဟာ ကျ‌နော်တို့ အတွက် တကယ့်အန္တရာယ်ဖြစ်ပါတယ်။ ဒီအစီအစဉ် လုပ်‌ဆောင်တာဟာ လူငယ်‌တွေအပြင် အသက်အပိုင်းအခြားမ‌ရွေး အကျိုး သက်‌ရောက်မှာ ဖြစ်ပါတယ်။ ဒါကို လုပ်‌ဆောင်သွားနိုင်ရင် လာမယ့် အနာဂတ်အတွက် အင်မတန်‌ကောင်းတယ်”ဟု ‌ပြောသည်။

‌ဖေ‌ဖော်ဝါရီလ ၂၈ရက်‌နေ့က ပြုလုပ်ခဲ့သည့် အစည်းအ‌ဝေး ဆုံးဖြတ်ချက်အရ မတ်လ ၆ရက်‌နေ့တွင် သက်ဆိုင်ရာ မြို့နယ်ရဲများ ကို သတင်းတန်း‌ပေးကာ မတ်လ ၈ရက်‌နေ့တွင် အစီအစဉ်ကို စတင် အ‌ကောင်အထည်‌ဖော်ခြင်းဖြစ်ပြီး ‌ကော့ကရိတ်မြို့နယ်အ တွင်း ကျန်ရှိ‌သေး‌နေသည့် အခြား‌ဒေသများ၌လည်း လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း သိရသည်။

‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ်တွင် ‌ကျေးရွာအုပ်စု‌ပေါင်း ၂၂ခုနှင့် ရွာ‌ပေါင်း ၁၅၃ရွာ တည်ရှိ‌ကြောင်း သိရသည်။