Home သတင်း မိုင်းအန္တရာယ်ကင်း‌ဝေးရန် ‌ကျောင်းဆရာ /ဆရာမ ၁၄ ဦးအား မိုင်းအသိပညာ‌ပေး ဆရာဖြစ်သင်တန်းပြုလုပ်‌ပေး

မိုင်းအန္တရာယ်ကင်း‌ဝေးရန် ‌ကျောင်းဆရာ /ဆရာမ ၁၄ ဦးအား မိုင်းအသိပညာ‌ပေး ဆရာဖြစ်သင်တန်းပြုလုပ်‌ပေး

1512

မတ် ၂၁ ရက်၊ ၂၀၁၇ ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ်တွင်း ‌နေထိုင်ကြသည့် က‌လေးများ မိုင်းအန္တရာယ်မှ ကင်း‌ဝေး‌စေနိုင်ရန်ရည်ရွယ်၍ မြို့နယ် ၇ မြို့ နယ်မှ ‌ကျောင်းဆရာ/ဆရာမ ၁၄ ဦးအား ပြည်နယ်တွင်း လက်နက်ကိုင် ပဋိပက္ခတိုက်ပွဲများ‌ကြောင့် ကြွင်းကျန် ‌သော မိုင်းအန္တရာယ်အသိပညာ‌ပေး ဆရာဖြစ်သင်တန်းတစ်ခုကို မတ်လ ၂ဝ ရက်မှ ၂၄ ရက်‌နေ့အထိ ဖားအံမြို့ ၊ ဂါဗင်နာဟိုတယ်တွင် ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။

ကုလသမဂ္ဂ ယူနီဆက်အဖွဲ့မှ ဦး‌ဆောင်ကာ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဥ‌ရောပ ‌ကော်မရှင်အဖွဲ့ ၊ DCA act alliance အဖွဲ့တို့ပူး‌ပေါင်း ကူညီ‌ထောက်ပံ့အစီအစဉ်များဖြင့် တစ်မြို့နယ်လျှင် ဦး‌ဆောင် ဆရာ /ဆရာမ ၂ ဦးနှုန်း ဖြင့် ၇ မြို့နယ်မှ ဆရာ /ဆရာမ စုစု‌ပေါင်း ၁၄ ဦးအား မိုင်းအန္တရာယ် အသိပညာ‌ပေးခြင်းဆိုင်ရာသိ‌ကောင်း စရာ များကို သင်ကြား‌ပေးခြင်းဖြစ်သည်ဟု ၎င်းဆရာဖြစ်သင်တန်းကို ဦး‌ဆောင်စီစဉ်သူများက ‌ပြောသည်။

ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြား‌ရေးမှူး ဦး‌ဇော်မင်းက “ဆရာ/ဆရာမ‌တွေကလည်း‌ဒေသမှာ ပညာ‌ရေး တာဝန်ထမ်း‌ဆောင်ရင်း တစ်ဖက်က ကျွဲကူး‌ရေပါ သ‌ဘောမျိုး မိုင်းအသိပညာလည်းဖြန့်‌ဝေရင်း ‌ဒေသက က‌လေး သူငယ်‌တွေ မိုင်း‌ကြောင့် မ‌တော်တဆမှု‌တွေ‌လျှော့ချလာနိုင်မှာပါ။ အခုဆို နယ်‌မြေထဲမှာလည်း မိုင်းရှင်းလင်း ‌ရေး အသိပညာ‌ပေး‌ရေး NGO၊ INGO အဖွဲ့‌တွေလည်း လုပ်‌ဆောင်‌နေပါတယ်။ သူတို့အဖွဲ့‌တွေနဲ့ ဒီက သင်တန်း တက် ပြီးပြန်လည်ဆင့်ပွားကြမယ်။ ဆရာ‌တွေနဲ့လည်း ပူး‌ပေါင်းချိတ်ဆက်‌ဆောင်ရွက်နိုင်‌အောင် စီစဉ်ထားပါတယ်” ဟု ‌ပြောသည်။

၎င်းသင်တန်းကို တက်‌ရောက်သည့် ဆရာ /ဆရာမ များအ‌နေဖြင့် သင်တန်းပြီးစီးလျှင် မိမိမြို့နယ် တွင်း ဆရာ/ဆရာမ ၃ဝ ဦးကို ဆင့်ပွားသင်တန်း ပြန်လည်သင်ကြား‌ပေးပါက ၇ မြို့နယ်တွင် ၂၁ဝ ဦး အ ထိ မိုင်းအန္တရာယ် အသိပညာ‌ပေးခြင်းအ‌ကြောင်းကျယ်ကျယ်ပြန့်ပြန့်သိရှိလာမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ဆရာ တစ်ဦးမှ ‌ကျောင်းသား က‌လေးငယ် ပျမ်းမျှ ၅ဝဦးနှုန်းမိုင်းအသိပညာ ‌ပေး‌ဟော‌ပြောပြ‌ဆောင်ရွက်‌စေခြင်း ဖြင့် ‌ဒေသတွင်း က‌လေး‌ပေါင်း ၁၀,၀၀ဝ ‌ကျော်ထံ အသိပညာ ဖြန့်‌ဝေနိုင်ရန် ရည်ရွယ်သင်ကြား‌ပေး‌နေခြင်းဖြစ် သည် ဟုလည်း လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြား‌ရေးမှူးက ဆက်‌ပြောသည်။

‌ကော့ကရိတ်မြို့နယ် ‌ကောင်းမှု‌ကျေးရွာ မူလတန်း‌ကျောင်းအုပ် ဆရာ‌စောသာထွဋ်က “ကျ‌နော့်ရွာက တိုက်ပွဲ‌တွေ ခဏခဏဖြစ်တဲ့‌နေရာ အခု‌အေးသွားတာ မကြာ‌သေးဘူး။ အခု ရွာမှာ လူ‌တော့ ပြန်လာ‌နေလာကြပြီး။ မိုင်း‌တွေ က ရှိ‌နေတယ်။ သူ့ဟာသူ ‌နေအပူရှိန်‌ကြောင့် ထ‌ပေါက်တာ။ ကားသွား၊ ‌ထွေလာသွားနင်းမိလို့ ‌ပေါက်တာ ကျွဲနွား သွားနင်းမိလို့ ‌ပေါက်တာ‌တွေ ‌တော့ရှိတယ်။ လူ‌တော့ ထိခိုက်တာ မရှိ‌သေးဘူး။ ဟိုးအရင် နှစ်‌တွေက ‌တော့ တစ်ဘက်ရွာ‌တွေဘက် က‌လေးနဲ့ ကိုရင်ငယ်‌လေး‌တွေ ပစ်‌ပေါက်‌ဆော့ကစားလို့‌ပေါက်ကွဲပြီး ‌သေတာ ထိခိုက် ဒဏ်ရာရတာတို့‌တော့ဖြစ်ဘူးတယ်။ အခု ဒီသင်တန်းတက်ရ‌တော့ သူတို့ကို ပိုပြီးပြန်‌ပြောပြ သင်ပြနိုင်တာ ‌ပေါ့” ဟု ‌ပြောသည်။

ကရင်ပြည်နယ်တွင် ယခုအခါ ကုလသမဂ္ဂ ယူနီဆက်၏ ကူညီပံ့ပိုးမှုဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦး‌ဆောင်ကာ မိုင်းရှင်းလင်း‌ရေး ‌ဆောင်ရွက်ချက်များကို ၂၁၀၅ ခုနှစ်၊ နှစ်ကုန်ပိုင်းမှ စတင်‌ဆောင်ရွက်‌နေပြီး ‌ရှေ့‌ပြေး အစီအစဉ် များအဖြစ် မိုင်းအန္တရာယ် အသိပညာ‌ပေးခြင်းလုပ်ငန်းများကို ‌ဒေသတွင်းမိတ်ဖက်အဖွဲ့အစည်း၊ ငြိမ်းချမ်း‌ရေး အ ပစ်ရပ် လက်နက်ကိုင်အဖွဲ့၊ NGO၊ INGO၊ ရပ်မိရပ်ဖ၊ ပြည်နယ်တွင်းလူထုနှင့် ချိတ်ဆက်‌ဆောင်ရွက်‌နေ‌သော ဌာန ဆိုင်ရာဝန်ထမ်းများမှ မြို့နယ်အလိုက် မိုင်းရှင်းလင်း‌ရေးအဖွဲ့များ ဖွဲ့စည်းထူ‌ထောင်ပြီး ‌ဒေသခံ‌ကျေးရွာများအထိ အ သိပညာ‌ပေးလုပ်ငန်းများလည်း ကွင်းဆင်း ‌ဆောင်ရွက်‌နေကြ‌ကြောင်း သင်တန်းစီစဉ်သူများထံမှ သိရသည်။