Home သတင်း ဖားအံ ကရင်စာ‌ပေ ဆရာဖြစ်သင်တန်း ၈၀ဝ ဦး‌ကျော် တက်‌ရောက်

ဖားအံ ကရင်စာ‌ပေ ဆရာဖြစ်သင်တန်း ၈၀ဝ ဦး‌ကျော် တက်‌ရောက်

1986

မတ် ၂၈ရက်၊ ၂၀၁၇ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ပြည်နယ် ကရင်စာ‌ပေ၊ ယဉ်‌ကျေးမှု တိုးတက်ပြန့်ပွား‌ရေးအသင်းက ဦး‌ဆောင်ပြုလုပ်သည့် ၄၇ ကြိမ်‌မြောက် ကရင်စာ‌ပေ၊ ယဉ်‌ကျေးမှု ဆရာဖြစ်မွမ်းမံ သင်တန်းကို ဖားအံမြို့၊ ကရင်‌ကျောင်းသားများရိပ်သာ၌ မတ် ၂၅ ရက် ‌နေ့တွင် စတင်ဖွင့်လှစ်‌နေပြီး သင်တန်းသို့ ဆရာ၊ ဆရာမ ၈၀ဝ ဦး‌ကျော်တက်‌ရောက်‌နေသည်ဟု သင်တန်းမှူး ‌စောလျား‌ဖေါင်မနိုက်ထွန့်(ဝဏ္ဏထွန်း)က ‌ပြောသည်။

၎င်းက “စာ‌ပေနဲ့ယဉ်‌ကျေးမှုက အမြဲဒွန်တွဲ‌နေတယ်။ ဒီသင်တန်းက စာ‌ပေတစ်ခုထဲမကပဲ ယဉ်‌ကျေးမှုလည်းသင် ‌ပေးတယ်။ တက်‌ရောက်တဲ့သူ‌တွေက‌တော့ နယ်အစုံက သင်တန်းဆရာ‌တွေဖြစ်တယ်။ အဲဒီအပြင် ပညာ‌ရေး ဌာနက ဆရာ၊ ဆရာမ ‌တွေလည်း ပါတယ်။ ဘာဖြစ်လို့‌ခေါ်လည်းဆိုရင် အစိုးရ‌ကျောင်းမှာက တိုင်းရင်းသား စာ ‌ပေ သင်ကြားခွင့်ရပြီး သင်တဲ့ဆရာ‌တွေက သင်တန်းမတက်ပဲသင်တာထက် သင်တန်းတက်ပြီးသင်ရင် သူတို့အ တွက် ပိုအဆင်‌ပြေမယ်။ ဒီသင်တန်းမှာက ပြန်လည်သင်ကြားရမယ့် အ‌ခြေခံကျကျကိုသင်‌ပေးမှာပါ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ သင်တန်းသို့ ပညာ‌ရေးဌာနတွင် တာဝန်ထမ်း‌ဆောင်‌နေသည့် ဆရာ၊ ဆရာမ ၂၀ဝ ဦး‌ကျော် ပါဝင် တက်‌ရောက်‌နေပြီး ကရင်စာ‌ပေ ဆင့်ပွား ပြန်လည် သင်ကြားနိုင်ရန်အတွက် အဓိက ရည်ရွယ် ဖွင့်လှစ်သည့် သင်တန်းဖြစ်ကာ သင်တန်းသားများ အ‌နေဖြင့် ကရင်စာ‌ပေ အ‌ခြေခံအဆင့် ‌အောင်မြင်ထားသူများကိုသာ တက်‌ရောက်ခွင့်ပြု‌ကြောင်း သင်တန်းတာဝန်ခံများ ‌ပြောသည်။

မတ် ၂၅ ရက်မှ ဧပြီ ၁ဝ ရက်‌နေ့ အထိ ဖွင့်လှစ်မည့် ဆရာဖြစ်(နည်းပြ) မွမ်းမံသင်တန်းတွင် ကရင်စာ‌ပေကဏ္ဍ တွင် အ‌ရှေ့ပိုးကရင်(ဖလုံ)အပြင် စ‌ကောကရင်စာပါဝင်ပြီး ယဉ်‌ကျေးမှုအပိုင်းတွင် ကရင်ရိုးရာဒုံးအက၊ ကရင် ကဗျာလကင်္ာဖွဲ့နည်း၊ အတီးအမှုတ်နှင့် စကားရည်လုပွဲများကိုလည်း သင်ကြားပြသ‌ပေးသွားမည်ဖြစ်သည်။

ဖားအံမြို့နယ်၊ ခနိမ်းဒို‌ကျေးရွာမှ သင်တန်းသား‌စောသန်း‌ရွှေက “အ‌ခြေခံကျကျ ကရင်စာကို က‌လေး‌တွေ နားလည်‌အောင် ဘယ်လိုပြန်သင် ရမလဲ ဒီမှာ ပညာလာယူတာ‌ပေါ့ ။ အခု‌ကျောင်းမှာ က‌လေး‌တွေကို သင်‌နေတာက ငယ်ငယ်က တတ်ထားတဲ့ အ‌ခြေခံ နဲ့ပဲသင်တယ်။ အခု ဒီဆရာဖြစ်သင်တန်းတက်ပြီး ပြန်သင်ရင်‌တော့ က‌လေး‌တွေအတွက် အများကြီး အကျိုး ဖြစ်မယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ပြန့်ပွား‌ရေး အသင်းအ‌နေဖြင့် နှစ်စဉ် ကရင်စာ‌ပေ‌နွေရာသီ သင်တန်းဖွင့် လှစ်ခဲ့ရာ ယခု ၄၇ ကြိမ်‌မြောက်ဖွင့်လှစ်ခြင်းဖြစ်ပြီး ဆရာဖြစ်မွမ်းမံ သင်တန်းများအပြင် သီးခြား ‌နွေရာသီ ကရင် စာ‌ပေ သင်တန်းများကိုလည်း ဖွင့်လှစ်လျှက်ရှိ‌ကြောင် စာယဉ် တာဝန်ရှိသူများထံမှ သိရသည်။