Home သတင်း ထန်းတပင်မြို့နယ်ရှိ ရွာဂိတ်တစ်ခုအား တပ်မ‌တော်မှ သွား‌ရောက်ဖျက်ဆီးမှု ဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့

ထန်းတပင်မြို့နယ်ရှိ ရွာဂိတ်တစ်ခုအား တပ်မ‌တော်မှ သွား‌ရောက်ဖျက်ဆီးမှု ဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့

2199

မတ် ၂၂ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ‌တောင်ငူခရိုင် ထန်းတပင်မြို့နယ် ‌တောကုန်းရွာအနီး ‌ဒေသခံလူ ထုများ ကိုယ်ထူကိုယ်ထပြုလုပ်ထားသည့် ဂိတ်တစ်ခုအား ‌ဒေသတွင်းရှိ မြန်မာ တပ်မ‌တော်မှ မတ်လ ၁၆ ရက်‌နေ့ည‌နေပိုင်းက လာ‌ရောက်ဖျက်ဆီးမှုဖြစ်ပွားခဲ့‌ကြောင်း ‌ကေအဲန်ယူ ‌တောင်ငူခရိုင် တာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။

အဆိုပါ ဂိတ်မှာ ‌ဒေသတွင်း အရက်‌သေစာနှင့် မူးယစ်‌ဆေးဝါး ဝင်‌ရောက်လာမှုများအား တားဆီးနိုင်‌ရေးအ တွက် ‌ဒေသခံများကိုယ်တိုင် ကိုယ်ထူကိုယ်ထပြုလုပ်ထားသည့် ဂိတ်တစ်ခုဖြစ်ကာ ထို‌နေ့ကဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ ‌ကေအဲန်ယူ ‌တောင်ငူခရိုင် အတွင်း‌ရေးမှူး ပဒို‌သောတူထူးက ယခုလို ‌ပြောသည်။

“ဒီဂိတ်က ‌ဒေသခံ‌တွေ ကိုယ်ထူကိုယ်ထနဲ့ လုပ်ထားတဲ့ ဂိတ်ဖြစ်ပြီး တစ်နှစ်နီး ပါး‌လောက် ရှိ‌နေပြီ။ အဲဒါကို မတ်လ ၁၆ ရက်‌နေ့ ည‌နေ ၄နာရီ‌ကျော်အချိန်‌လောက်မှာ ‌ဒေသတွင်းမှာရှိတဲ့ မြန်မာ့တပ်မ‌တော်က ခလရ ၂၆ တပ်ရင်းမှူး ‌အေးသူရ‌ကျော်ပါတဲ့ အင်အား ၂ဝ ‌လောက်က လာ‌ရောက်ဖျက်ဆီးတာလို့ သိရတယ်။ ”ဟု ‌ပြောသည်။

‌ကေအဲန်ယူ ‌တောင်ငူခရိုင် တာဝန်ရှိသူများ၏ ‌ပြောဆိုမှုများအရ မြန်မာ့တပ်မ‌တော်အ‌နေဖြင့် ‌ကေအဲန်ယူ ‌တောင်ငူခရိုင်ဘက်မှ CoC (Code of Conduct) အရ ဝင်‌ရောက်ရန် တားမြစ်ထားသည့် တ‌ပြေး-‌တောကုန်း-ရှားဇီးဘို လမ်း‌ကြောင်းမှ အသိမ‌ပေးဘဲ ဝင်‌ရောက်ခဲ့ခြင်းဖြစ်ပြီး ယင်းနယ်‌မြေမှာ ‌ကေအဲန်ယူဘက်မှ အပစ် ရပ်နယ်‌မြေအဖြစ် သတ်မှတ်ထားသည့် နယ်‌မြေဖြစ်သလို နှစ်ဖက်အုပ်ချုပ်‌ရေးရှိသည့်နယ်‌မြေ လည်းဖြစ်သည်ဟု သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (အန်စီ‌အေ)တွင် ပါဝင်သည့် အပစ်ရပ် နယ်‌မြေများအတွင်း နှစ်ဖက်တပ်များမှ အရပ်သားပြည်သူများ အ‌ပေါ် လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ နှင့် စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်များရှိပြီး ဖြစ်သလို နှစ်ဖက်တပ်များ အန်စီ‌အေ ‌ဖော်‌ဆောင်မှုများကို ‌လေ့လာ‌စောင့်ကြည့်ရန် အတွက် ပြည်နယ်အဆင့် JMC-S အဖွဲ့များကိုလည်း ဖွဲ့စည်းထားပြီးဖြစ်သည်။

အမည်မ‌ဖော်လိုသူ ‌ဒေသခံ ရွာသားတစ်ဦးက “အခု ဖြစ်တဲ့‌နေရာက ‌ကေအဲန်ယူရဲ့ ထိုလွီဝါးစာသင် ‌ကျောင်း နားမှာဖြစ်တယ်။ လာဖျက်သွားတာက စစ်တပ်ရဲ့အ‌ကြောင်းပြချက်က‌တော့ ဒါမျိုးဂိတ်ကို အလိုမရှိဘူးလို့ အဲဒါပါပဲ။ ဂိတ်က‌တော့ ရွာသားဂိတ်လို့ ‌ပြောနိုင်သလို ‌ကေအဲန်ယူရဲ့ ဂိတ်လို့လည်း ‌ပြောရင်လည်း ‌ပြောနိုင် တယ်။ ဘာဖြစ်လို့လဲဆို‌တော့ တစ်ခါတစ်‌လေ ‌ကေအဲန်ယူ စစ်သား‌စောင့်တာလည်း‌တွေ့ရတယ်။ ‌ကေအဲန်ယူ ရဲ့ လူတစ်‌ယောက်ကိုလည်း စစ်တပ်က ဖမ်း‌ခေါ်သွား‌သေးတယ်။ ‌နောက်မှ‌ပြေလည်သွားလို့ ပြန်လွှတ်လိုက် တယ်လို့ ကြားတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အမြင်မတူကြလို့ပဲ ထင်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအ‌နေဖြင့် အန်စီ‌အေ လက်မှတ်‌ရေးထိုးထားပြီး JMC အဖွဲ့များ ဖွဲ့စည်းထား‌သော်လည်း တပ်ပိုင်းဆိုင်ရာ ‌နေရာချထား‌ရေးကိစ္စရပ်များကို တိကျစွာ ‌ဆွေး‌နွေး‌နေရာချထားသတ်မှတ်နိုင်ခြင်းမရှိသည့်အတွက် JMC အဖွဲ့၏ လုပ်ငန်းလုပ်‌ဆောင်မှုများတွင် အခက်အခဲများရှိ‌နေ‌သေး‌ကြောင်း ‌ဝေဖန်‌ပြောဆိုမှုများလည်း ရှိ‌နေသည်။

“အခုကိစ္စက တပ်ပိုင်းဆိုင်ရာကိစ္စ‌နေရာချထား‌ရေးကို ‌သေ‌သေချာချာမလုပ် ‌ဆောင်နိုင် ‌သေးတဲ့အတွက် JMC အ‌နေနဲ့ နှစ်ဖက်က ဒီစာချုပ်ပါ အချက်‌တွေကို ဘယ်‌လောက် လိုက်နာလဲ။ ဘယ်လို စံနှုန်း‌တွေနဲ့ ချိန်ပြီးအ‌ရေးယူလုပ်‌ဆောင်မလဲဆိုတဲ့ အခက်အခဲရှိလိမ့်မယ်”ဟု ‌ကေအဲန်ယူ ‌တောင်ငူခရိုင် အတွင်း‌ရေးမှူး ပဒို ‌စော‌သောတူထူးက ‌ပြောသည်။

ယခုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ ‌ကေအဲန်ယူ ‌တောင်ငူခရိုင်ဘက်မှ ဗဟို၏ လမ်းညွှန်မူများနှင့် အညီ နှစ်ဖက်ညှိနှိုင်း‌ဖြေရှင်းသွားမည်ဖြစ်ပြီး လာမည့် ငြိမ်းချမ်း‌ရေး ဖြစ်စဉ်များတွင် အဆိုပါ CoC ကိစ္စရပ်များကို သတ်သတ်မှတ်မှတ်၊ တိတိကျကျ အ‌ကောင်အထည်‌ဖော်‌ပေးသွားရန် လိုလား‌ကြောင်းလည်း ‌ဒေသခံ လူထုများက ‌ပြောဆိုမှုများရှိသည်။