Home သတင်း ဇွဲကပင်‌တောင်အား ပလပ်စတစ် အမှိုက်ကင်းစင်ဇုန်အဖြစ် သတ်မှတ်

ဇွဲကပင်‌တောင်အား ပလပ်စတစ် အမှိုက်ကင်းစင်ဇုန်အဖြစ် သတ်မှတ်

2084

မတ်လ ၁၃ရက်၊ ၂၀၁၇ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ်ရှိ အထင်ကရ ဆံ‌တော်ရှင် ဇွဲကပင်‌တောင်အား ပလပ်စတစ် အမှိုက်ကင်းစင်ဇုန်အဖြစ် သတ်မှတ်ကာ ‌ဒေသတွင်း မှ မြို့နယ်၊ ‌ကျေးရွာများတွင် ဖွဲ့စည်းထားသည့် အရပ်ဖက် လူမှုအ‌ထောက်အကူပြုအဖွဲ့‌ပေါင်း ၂ဝခန့်နှင့်‌ဒေသခံများ ဘုရားဖူးပြည် သူများစု‌ပေါင်း၍ မတ်လ ၁၁ရက်မှ ၁၄ရက်‌နေ့အထိ စု‌ပေါင်းအမှိုက်‌ကောက်လှုပ်ရှားမှု ပြုလုပ်သွားမည်ဟု သိရှိရသည်။

ဇွဲကပင်‌တောင်‌စေတီ‌တော်၏ တ‌ပေါင်းလဘုရားပွဲ‌တော်ကာလ မတ်လ ၁၁ ရက်‌နေ့မှ စတင်ကာ “ဇွဲကပင်စံပြ ပလပ်စတစ်ကင်း စင်ဇုန် စိမ်းလန်း‌သော တ‌ပေါင်းပွဲ‌တော် “‌ခေါင်းစဉ်ဖြင့် ပလပ်စတစ်အမှိုက်များအား အဓိကထားကာ အမှိုက်‌ကောက် လှုပ်ရှားမှု များကို ထူးခြားသည့် အစီအစဉ်များဖြင့် ပြုလုပ်သွားမည်ဖြစ်သည်ဟု ဦး‌ဆောင်စီစဉ်သူများက ယခုလို ‌ပြောဆိုသည်။

“ဇွဲကပင်‌တောင် သန့်ရှင်းသာယာဖို့ ဒါက ပထမဆုံး‌ခြေလှမ်းပါ။ ဒီပလပ်စတစ်‌ကြောင့် ကမ္ဘာမှာ ရာသီဥတု‌တွေ မမှန်‌တော့ဘူး။ ကမ္ဘာကြီး ပူ‌နွေးလာပြီ။ ဒါ‌ကြောင့် ဒီဇွဲကပင်‌တောင်ကစပြီး ပလပ်စတစ် ကင်းစင်ဖို့ အသိပညာ‌ပေးမယ်။ ‌ပျော်‌ပျော်ပါးပါး အမှိုက် ‌ကောက်ပြီး လက်‌ဆောင်‌တွေရယူမယ်။ ‌တေးဂီတအစီ အစဉ်‌တွေလည်း ပါဝင်မယ်”ဟု စံပြဇွဲကပင် ပလပ်စတစ် အမှိုက်ကင်းစင် ဇုန် အစီအစဉ်၏ ဦး‌ဆောင်‌ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ‌စော‌အောင်‌ကျော်ငြိမ်းက ‌ပြောသည်။

အဆိုပါ အမှိုက်‌ကောက်လှုပ်ရှားမှုများကို ‌ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်း ၂ဝခန့်နှင့် ‌ဒေသတွင်းအလှူရှင်များ၊ လုပ်ငန်းရှင်များ ပါဝင်သည့် လူဦး‌ရေ ၂၀၀‌ကျော်ဖြင့် စုဖွဲ့ဦး‌ဆောင်ကာ ‌နေ့စဉ် ည‌နေ ၄နာရီ မှ ည ၇နာရီအထိ ပြုလုပ်ကြမည်ဟု အစီအစဉ်ကို ဦး‌ဆောင်သူများက ‌ပြောသည်။

ထိုသို့ပြုလုပ်ရာတွင် ‌ဒေသခံများ၊ ဘုရားဖူးပြည်သူများကို ပလပ်စတစ် အမှိုက်အ‌ကြောင်း အသိပညာ‌ပေးခြင်း၊ အမှိုက်‌ကောက် လူမှုအဖွဲ့အစည်းများနှင့်အတူ အမှိုက်‌ကောက်ကာ ကူပွန်များရယူ၍ လက်‌ဆောင်ပစ္စည်းများ ရယူခြင်း၊ စတုဒီသာ‌ကျွေး‌မွေးခြင်း၊ ‌တေးဂီတ‌ဖြေ‌ဖျော်ခြင်း၊ အမှတ်တရ ဂရက်ဖစ်တီပန်းချီပုံများ ‌ရေးဆွဲခြင်း အစီအစဉ်များဖြင့် ပြုလုပ်ကြမည်ဖြစ်သည်။

အမှိုက်‌ကောက်လှုပ်ရှားမှု အစီအစဉ်တွင် ကူညီပံ့ပိုးသူ နန်း‌ရွှေစင်က “ဇွဲကပင်‌တောင်ဆိုတာ မြန်မာပြည်တွင်းကတင်မက ကမ္ဘာ ကပါသိတဲ့ အလှအပ‌နေရာတစ်ခုဖြစ်သလို ကရင်ပြည်နယ်ရဲ့ အမှတ်သ‌ကေင်္တတစ်ခုလည်း ဖြစ်ပါတယ်။ ဒီမှာအမှိုက်‌တွေရှိ‌နေ တာ မ‌ကောင်းပါဘူး။ ကျန်းမာ‌ရေးအရလည်း အဆင်မ‌ပြေပါဘူး။ ပလပ်စတစ်က ‌ဆွေး‌မြေ့ပျက်စီးဖို့ နှစ်‌ပေါင်းများစွာ ‌စောင့်ရ တယ်ဆို‌တော့ အန္တရာယ်ကြီးပါတယ်။ ဒါကို နိုင်သ‌လောက် ဝိုင်းဝန်းကူညီလုပ်‌ဆောင်ကြဖို့ နှိုး‌ဆော်ချင်ပါတယ်”ဟု‌ပြောဆိုသည်။

အဆိုပါ အမှိုက်‌ကောက် လှုပ်ရှားမှုများကို ယခင်က လူမှုအဖွဲ့အစည်းများ၊ အစိုးရတာဝန်ရှိသူများ ‌ဒေသခံ စိတ်ပါဝင်စားသူ အစု အဖွဲ့များက ဦး‌ဆောင်ကာ တစ်ပိုင်တစ်နိုင် အ‌နေအထားဖြင့် စုဖွဲ့သန့်ရှင်း‌ရေး လုပ်‌ဆောင်ခြင်းများသာရှိခဲ့ပြီး ယခုတ‌ပေါင်းပွဲ‌တော် ကာလအပြင် ပွဲ‌တော်ကာလပြီး‌နောက်ပိုင်းတွင်လည်း ဇွဲကပင်‌တောင်ပတ်ဝန်းကျင်နှင့် ‌တောင်တက်လမ်းတစ်‌လျှောက်နှင့် ‌တောင်‌ပေါ်‌စေတီ‌တော်ရင်ပြင်‌ပေါ်တို့တွင် ဆက်လက် လုပ်‌ဆောင်ကြမည်ဟု အမှိုက်‌ကောက်လှုပ်ရှားမှုတွင် ပါဝင်ဦး‌ဆောင်သူ များက ‌ပြောသည်။