Home သတင်း ဆန္ဒအ‌လျောက် ဒုက္ခသည်ဌာ‌နေပြန်သွား‌ရေးအကျိုး‌ဆောင်ဌာန သုံးခု‌မြောက်ကို မယ်လစခန်းတွင် ဖွင့်လှစ်

ဆန္ဒအ‌လျောက် ဒုက္ခသည်ဌာ‌နေပြန်သွား‌ရေးအကျိုး‌ဆောင်ဌာန သုံးခု‌မြောက်ကို မယ်လစခန်းတွင် ဖွင့်လှစ်

1819

မတ်လ ၁ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်စခန်းများရှိ ‌နေရပ်ပြန်လိုသူများအတွက် UNHCR မှ ဖွင့်လှစ်‌ပေး‌နေသည့် ဆန္ဒအ‌လျောက် ဌာ‌နေပြန်သွား‌ရေးအကျိုး‌ဆောင်ဌာန(Voluntary Repatriation Center – VRC) သုံးခု‌မြောက်ကို ‌ဖေ‌ဖော်ဝါရီလ ၂၈ရက်‌နေ့က မယ်လဒုက္ခသည်စခန်းတွင် ဖွင့်လှစ်လိုက်‌ကြောင်း သိရသည်။

UNHCR နှင့် ထိုင်းအာဏာပိုင်တို့၏ ညှိနှိုင်းလုပ်‌ဆောင်မှုများအရ အဆိုပါ VRC ဌာနများအား ဖွင့်လှစ်ခြင်းဖြစ်သည်ဟုသိရပြီး အဓိကအားဖြင့် မိမိဆန္ဒအ‌လျောက် ‌နေရပ်ပြန်လိုသူများအတွက်သာဖြစ်‌ကြောင်း ကရင်ဒုက္ခသည်‌ကော်မတီ(KRC)၏ တွဲဖက် အတွင်း‌ရေးမှူး ‌စောအယ်ကလူက ‌ပြောသည်။

၎င်းက “ကိုယ့်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ‌နေရပ်ပြန်ချင်တဲ့သူ‌တွေအတွက် UNHCR က‌နေ ဖွင့်ထား‌ပေးတာ ဖြစ်ပါတယ်။ ပြန်ချင်တဲ့ သူ‌တွေဆိုရင် အဲဒီမှာ စာရင်းသွား‌ပေးရမှာ‌ပေါ့။ သူတို့ မြန်မာအစိုးရတို့ ပြည်တွင်းက UNHCR တို့နဲ့ ချိတ်ဆက်ပြီး လုပ်‌ဆောင် သွားမှာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ယခုဖွင့်လှစ်သည့် VRC ဌာနမှ လုပ်‌ဆောင်မည့် လုပ်ငန်းစဉ်များတွင် ကရင်ဒုက္ခသည်‌ကော်မတီအ‌နေဖြင့် ပါဝင်သွား မည်မဟုတ်သလို အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ၎င်းတို့နှင့် ညှိနှိုင်း‌ဆွေး‌နွေးမှုများ မရှိခဲ့‌ကြောင်းလည်း KRC က ‌ပြောဆိုသည်။

ဆန္ဒအ‌လျောက် ဌာ‌နေပြန်သွား‌ရေးအကျိုး‌ဆောင်ဌာနကို အုန်းဖျန်ဒုက္ခသည်စခန်း၌ ယခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၂ရက်‌နေ့နှင့် နို့ဖိုး ဒုက္ခသည်စခန်း၌ ၂၀၁၆ခုနှစ်က ဖွင့်လှစ်ထားပြီးဖြစ်သည့်အပြင် ထိုင်း-မြန်မာနယ်စပ်ရှိ ကျန်ရှိသည့် အခြား‌သော ကရင်ဒုက္ခ သည်စခန်းများနှင့် ကရင်နီဒုက္ခသည်စခန်းနှစ်ခုတို့တွင် ဆက်လက် ဖွင့်လှစ်‌ပေးသွားမည်ဟုလည်း ဒုက္ခသည်အ‌ရေးဆိုင်ရာ ‌ဆောင်ရွက်သူများထံမှ သိရသည်။

“VRC လာ‌ရောက်ဖွင့်ထားခြင်းအားဖြင့် မိမိသ‌ဘောပြန်လိုသူအတွက် ပိုပြီး‌ကောင်းတယ်။ မဟုတ်ရင် သူတို့ဖာသာ ပြန်ခြင်းအား ဖြင့် အခက်အခဲ‌တွေ အများကြီး ကြုံ‌တွေ့ရတယ်။ ပြန်လိုသူ‌ရော၊ မပြန်လိုသူ‌ရော အဲဒီရုံးကိုသွား‌ရောက်‌မေးမြန်းပြီး ရရှိလာတဲ့ အချက်အလက်‌တွေအ‌ပေါ်မှာ ကိုယ်တိုင် ဆုံးဖြတ်လို့ရတာ‌ကြောင့် မ‌မေးဘဲ ပြန်သွားတာထက် ပို‌ကောင်းပါတယ်”ဟု အုန်းဖျန် ဒုက္ခသည်စခန်း၊ ကရင်အမျိုးသမီးအစည်းအရုံး ဥက္ကဌ ‌နော်‌ဘော့‌ညောက သူမ၏အမြင်ကို ‌ပြောသည်။

အဆိုပါဌာနအ‌နေဖြင့် ‌နေရပ်ပြန်လိုသူများအတွက် ‌ဆွေး‌နွေးလမ်းညွန်မှုများ‌ပေးခြင်း၊ မိုင်းအသိပညာ‌ပေးခြင်း၊ ‌နေရပ်ပြန်ခရီးစဉ် များ၊ ဘဝပြန်လည်ထူ‌ထောင်‌ရေးနှင့် စားနပ်ရိက္ခာများအတွက် ‌ငွေ‌ကြေး အကူအညီ‌ပေးခြင်းအပြင် ‌ဘေးကင်းလုံခြုံမှုရှိ‌ရေးအ တွက်လည်း လမ်းညွန်ကူညီ‌ပေးသွားမည်ဖြစ်‌ကြောင်း VRC က ထုတ်ပြန်ထားသည်။

ဒုက္ခသည်များ မိမိဆန္ဒအ‌လျောက် ‌နေရပ်ပြန်နိုင်‌ရေးအစီအစဉ်များ ဖြစ်‌ပေါ်လာပြီး‌နောက် နို့ဖိုးဒုက္ခသည်စခန်းမှ ဒုက္ခသည် မိသားစု ၁၉စုမှာ ၎င်းတို့ဆန္ဒအရ နှစ်နိုင်ငံ အစိုးရနှင့် UNHCR တို့၏ အစီအစဉ်ဖြင့် ၂၀၁၆ခုနှစ်၊ ‌အောက်တိုဘာလ ၂၆ရက်‌နေ့ တွင် ပထမဆုံးအသုတ်အဖြစ် ‌နေရပ်သို့ ပြန်လည်ပို့‌ဆောင်‌ပေးခဲ့ပြီးဖြစ်သည်။

ယင်းအစီအစဉ်များနှင့်ပတ်သက်ပြီး KRC အ‌နေဖြင့် ဝင်‌ရောက်စွက်ဖက်မည်မဟုတ်‌ကြောင်း ‌ပြောဆိုထားသည့်အပြင် ဒုက္ခသည် များ ‌နေရပ်ပြန်‌ရေး အ‌ထောက်အကူပြု‌ပေးနိုင်ရန်အတွက် KRC ၊ KNU နှင့် ဒုက္ခသည်အကူအညီ‌ပေး‌ရေးအဖွဲ့များ ပါဝင်သည့် Committee for Refugee Return (CRR) ‌ကော်မတီတစ်ရပ်ကို ဇန်နဝါရီလ ၂၆ရက်‌နေ့က ဖွဲ့စည်းထား‌ကြောင်းလည်း လူထုအ ‌ခြေပြုအဖွဲ့အစည်းများက ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံလျှက်ရှိသည့် ဒုက္ခသည်‌ပေါင်း ၁၀၂,၆၀၇ဦးရှိ‌ကြောင်း ၂၀၁၆ခု နှစ်အတွက် UNHCR က ထုတ်ပြန်ထားသည့်စာရင်းများအရ သိရပြီး အများစုမှာ လက်ရှိ မြန်မာနိုင်ငံ‌ရေး အ‌ခြေအ‌နေများနှင့် ဒုက္ခသည်‌နေရပ်ပြန်နိုင်‌ရေး အစီအစဉ်များအ‌ပေါ် ‌စောင့်ကြည့်‌နေဆဲဖြစ်သည်ဟု ဒုက္ခသည်များက ‌ပြောဆို‌နေကြသည်။