Home သတင်း ကရင်ဘာသာစကား စာ‌ရေးဆရာသင်တန်း ဧရာဝတီတိုင်းစာယဉ် ဖွင့်မည်

ကရင်ဘာသာစကား စာ‌ရေးဆရာသင်တန်း ဧရာဝတီတိုင်းစာယဉ် ဖွင့်မည်

3360

မတ် ၁၄ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

ကရင်ဘာသာစကားဖြင့် ‌ရေးသားသည့် စာ‌ပေများပိုမို‌ပေါ်ထွက်လာ‌စေရန်ရည်ရွယ်ပြီး ကရင်ဘာသာစကား စာ‌ရေးဆရာ သင်တန်းကို ဧရာဝတီတိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီက လာမည့် ဧပြီ ၃ ရက်မှ ၆ ရက်‌နေ့ထိ ပုသိမ် မြို့၊ စ‌ကောကရင် ကျမ်းစာ‌ကျောင်းဝန်း၌ ဖွင့်လှစ်သွားမည်ဟု သင်တန်းဖြစ်‌မြောက်‌ရေး‌ကော်မတီဥက္ကဌ မန်း‌ဒေးဗစ်က ‌ကေ အိုင်စီသို့ ‌ပြောသည်။

၎င်းက “သင်တန်းရည်ရွယ်ချက်က‌တော့ ကရင်ဘာသာစကားနဲ့ ‌ရေးသားတဲ့ စာ‌ရေးဆရာ‌တွေ ‌ပေါ်ထွက်လာဖို့ အဓိက ရည် ရွယ်တယ်။ ‌နောက်ပြီး ပိုးနဲ့ စ‌ကောကရင်စာ‌ရေးဆရာ‌တွေ ‌တွေ့ဆုံပြီး မိတ်သဟာယ ဖွဲ့နိုင်ဖို့နဲ့ သင်တန်းမှာ ကရင်စာ‌ရေး ဆရာ အသင်းတစ်ခုဖွဲ့စည်းဖို့ ရည်ရွယ်ထားတယ်။ ဘယ်‌လောက်ထိ ဖြစ်လာမလဲ‌တော့ မသိ‌သေးဘူး၊ ဖြစ်ဖို့‌တော့ရည်ရွယ် ထားတယ်”ဟု ဧရာဝတီတိုင်း‌ဒေသကြီး စာယဉ်နာယကလည်း ဖြစ်သူ မန်း‌ဒေးဗစ်က မတ် ၁၃ ရက်‌နေ့တွင် ‌ပြောသည်။

သုံးရက်ကြာ ပြုလုပ်မည့် အဆိုပါ သင်တန်းသို့ ဧရာဝတီတိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ လက် ‌အောက်ခံ မြို့နယ်အသီးသီးရှိ စာယဉ်များမှ သင်တန်းသားများ၊ ဘာသာ‌ရေးအဖွဲ့ အစည်းများမှ သင်တန်းသားများအ ပါအ ဝင် စုစု‌ပေါင်း သင်တန်းသား ၇ဝ ဦးခန့် တက်‌ရောက်မည်ဖြစ်သည်။

ထို့အပြင် သင်တန်းတွင် စာ‌ရေးဆရာမ နုသ‌ကျော်ဝင်းက ဗမာစာဖြင့် စာ‌ရေးနည်းကို သင်‌ပေးမည်ဖြစ်ပြီး ပိုးကရင်စာ‌ရေး နည်းကို စာ‌ရေးဆရာ မန်းသာစိန်နှင့် စ‌ကောကရင်စာ‌ရေးနည်းကို စာ‌ရေးဆရာ‌စော‌ရွှေရည်တို့က အသီးသီး သင်ကြား‌ပေး မည်ဖြစ်ကာ သင်တန်းညဦးပိုင်းတွင် စာ‌ပေဆိုင်ရာ အ‌တွေ့အကြုံများနှင့်ပတ်သက်၍ ‌ဆွေး‌နွေးပွဲများ ပြုလုပ်သွားမည်ဖြစ် သည်ဟု သင်တန်းဖြစ်‌မြောက်‌ရေး ‌ကော်မတီဝင်များက ‌ပြောသည်။

လက်ရှိ ကရင်စာ‌ပေအသိုင်းအဝိုင်းတွင် ကရင်ဘာသာစကားဖြင့် စာ‌ပေ‌ရေးသားသူ နည်းပါးသလို ဖတ်ရှုနိုင်သူ နည်းပါး‌နေ ‌သေးသည်ကို‌တွေ့ရပြီး ယခုလိုကရင်စာ‌ရေးဆရာသင်တန်းများ ဖွင့်လှစ်နိုင်ခြင်းသည် ‌ကောင်းမွန်‌ကြောင်း ပြည်တွင်း မီဒီ ယာများတွင် အခါအား‌လျှော်စွာ ‌ဆောင်းပါးများ ‌ရေးသား‌နေသည့် ကရင်စာ‌ရေးဆရာ မန်းထိန်ဝင်းစိန်က ‌ကေအိုင်စီသို့ ‌ပြောသည်။

သုံးရက်ကြာ ပြုလုပ်မည့် သင်တန်းအတွက် ကုန်ကျစရိတ် စုစု‌ပေါင်း ကျပ် ၂၅ သိန်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး ယင်းတွင် အစိုးရဘတ်ဂျက်မှ ကျပ် ၁ဝ သိန်း ပံ့ပိုး‌ပေးမည်ဟု တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ က ‌ပြောဆိုထားသလို ကျန်လို‌ငွေများအတွက် သင်တန်းသား တစ်ဦးလျှင် ကျပ်တစ်‌သောင်းနှုန်း‌ကောက်ခံကာ အလှူ‌ငွေများရှာ ‌ဖွေသွားရန်လည်းရှိသည်ဟု ‌ကောမတီ ဥက္ကဌ မန်း‌ဒေးဗစ်က ဆက်‌ပြောသည်။

လက်ရှိ ပြည်တွင်း ကရင်စာ‌ပေ အသိုင်းအဝိုင်းတွင် ကရင်ဘာသာစကားဖြင့် ဘာသာ‌ရေးဆိုင်ရာ စာအုပ်များထုတ်‌ဝေမှုအ ချို့ရှိ‌သော်လည်း သီးခြားစာအုပ်ထုတ်‌ဝေမှုနည်းပါး‌နေ‌သေးသလို ကရင်လူမှုအဖွဲ့အစည်းများမှ ထုတ်‌ဝေသည့် နှစ်ပတ် လည်မဂ္ဂဇင်းများတွင် စ‌ကော၊ ပိုးကရင်ဘာသာများဖြင့် ‌ဆောင်းပါး၊ ကဗျာများထည့်သွင်း ထုတ်‌ဝေမှုများရှိ‌ကြောင်း ကရင် စာ‌ရေး ဆရာများထံမှ သိရသည်။