Home သတင်း ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု ဆရာဖြစ်မွမ်းမံသင်တန်း ယခင်နှစ်ကထက် တက်‌ရောက်သူ များပြား

ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု ဆရာဖြစ်မွမ်းမံသင်တန်း ယခင်နှစ်ကထက် တက်‌ရောက်သူ များပြား

1650

မတ် ၂၅ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် နှစ်စဉ် ကျင်းပ‌လေ့ရှိသည့် ‌နွေရာသီ က‌ညော-ဖလုံ(ကရင်)စာ‌ပေနှင့်ယဉ်‌ကျေးမှု ဆရာ ဖြစ်မွမ်းမံသင်တန်း၏ ယခုနှစ် သင်တန်းမှာ တက်‌ရောက်သည့် သင်တန်းသား ၂၆၄ ဦးရှိပြီး ယခင်နှစ်ကထက် များပြား‌ကြောင်း သင်တန်းမှူးတစ်ဦးဖြစ်သူ ‌စောတ‌ကော်အွာက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ပြန့်ပွား‌ရေးအတွက် ရည်ရွယ်၍ ယခုနှစ် မတ်လအတွင်း ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဆင်‌ပြေး‌ကျေးရွာတွင် ဆယ့်နှစ်ရက်တာ ကျင်းပသည့် အဆိုပါ သင်တန်းသို့ ကြာအင်းဆိပ်ကြီး အပါအဝင် သံဖြူဇရပ်၊ ‌ရေး၊ ကျိုက်မ‌ရော၊ သထုံ စသည့် ငါးမြို့နယ်တို့ရှိ ‌ကျေးရွာ‌ပေါင်း ၆၉ ရွာမှ စိတ်ပါဝင်စားသူ လူငယ်များ တက်‌ရောက်ကာ မတ်လ ၁၇ ရက်‌နေ့တွင် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သင်တန်းအ‌ပေါ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသ က‌ညော-ဖလုံ စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ၏ သင်တန်းမှူး ‌စောတ‌ကော်အွာက “ဒီနှစ်က သင်တန်းဖိတ်စာကို ရွာအ‌ရောက် ဖိတ်ကြားတဲ့အတွက် တက်‌ရောက်သူ များပြားလာတယ်။ ‌နောက်တစ်ချက်က ပြည်နယ် စာ/ယဉ်ကို တက်နိုင်မယ့် အရည်အချင်း မရှိ‌သေးတဲ့ သူ‌တွေကို ဒီဘက်ခြမ်းမှာ သီးသန့်ဋ္ဌာနတစ်ခုအ‌နေနဲ့ ‌အောက်‌ခြေအဆင့် ပြန်လည်ဆင့်ပွား ပို့ချ‌ပေးတဲ့ သ‌ဘောပါ”ဟု ‌ပြောသည်။

ကရင်လူမျိုးများ ‌နေထိုင်ရာ အချို့‌ဒေသတွင် ယခင်က က‌ညော-ဖလုံ စာ‌ပေသင်တန်းကို ဖိတ်ကြားခြင်း မခံရ‌သော‌ကြောင့် မတက်‌ရောက်နိုင်ခဲ့ကြ‌ကြောင်း၊ ပြည်နယ်စာ/ယဉ်မှ ဦး‌ဆောင်ဖွင့်လှစ်‌သော သင်တန်းကို တက်‌ရောက်ခွင့် မရှိသူများအတွက် ယခုသင်တန်းကို တက်‌ရောက်ကြ‌ကြောင်းနှင့် လူဦး‌ရေကန့်သတ်ထားသည့် ကြားမှ ယခုလို သင်တန်းသားဦး‌ရေ များပြားလာခြင်းဖြစ်‌ကြောင်းလည်း သူက ဆက်‌ပြောသည်။

ယခု သင်တန်းတွင် မူလတန်းအဆင့် ကရင်သင်ရိုးညွှန်းတမ်း စာ‌ပေများ၊ ဒုံးအက၊ မျက်‌မှောက် ကရင့်‌ရေးရာများ ဖြစ်သည့် နိုင်ငံ‌ရေးနှင့် သမိုင်း စသည့် အ‌ကြောင်းအရာများကို သင်တန်းဆရာများမှ သင်ကြားပို့ချ‌ပေးခဲ့ကြသည်။

“စာ‌ပေက လူမျိုးရဲ့ အသက်ပဲ‌လေ။ ကရင်လူမျိုး‌တွေရဲ့ အမျိုးသား‌ရေး လက္ခဏာ‌တွေ မ‌ပျောက်ပျက်‌အောင် ထိန်းသိမ်းတဲ့ ‌နေရာမှာ စာ‌ပေက အဓိကလို့ ထင်တယ်။ ဒီသင်တန်းဆင်းပြီးရင် ရွာက က‌လေး‌တွေကို ကရင် စာ‌ပေနဲ့ ဒီက သင်တန်းဆရာ‌တွေ ‌ပြောသွားတဲ့ ကရင့်နိုင်ငံရးအ‌ခြေအ‌နေ‌တွေကို ပြန်လည်ပို့ချ‌ပေးသွားမယ်”ဟု သင်တန်းသူတစ်ဦးဖြစ်သည့် ‌နောင်အဲအဲဟိက ‌ပြောဆိုသည်။

ထို့အပြင် က‌ညော-ဖလုံစာ‌ပေနှင့်ယဉ်‌ကျေးမှု ဆရာဖြစ်မွမ်းမံသင်တန်း တက်‌ရောက်ပြီး‌မြောက်ခဲ့သည် သင်တန်းသားများသည် သက်ဆိုင်ရာ‌ဒေသအသီးသီးသို့ သင်တန်းများပြန်လည်ပို့ချကာ အဆိုပါ သင်တန်းများအတွက် စု‌ပေါင်းသင်တန်းဆင်းပွဲကို လာမည့် ဧပြီလ ဒုတိယအပတ်၌ တညင်‌ကျေးရွာတွင် ကျင်းပသွားမည်ဖြစ်သည်ဟု သင်တန်းဆရာများ၏ ‌ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသ က‌ညော-ဖလုံ စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီမှ ဦးစီး၍ က‌ညော-ဖလုံ ဆရာဖြစ်မွမ်းမံသင်တန်းကို ရွာ‌ပေါင်း ၅၄ ရွာမှ သင်တန်းသား ၂၄၈ဦး တက်‌ရောက်ခဲ့သည်ဟု သင်တန်းမှူး ‌စောတ‌ကော်အွာက ဆိုသည်။