Home ထိပ်တန်းသတင်း ၂၁ပင်လုံညီလာခံ ပြုလုပ်မည့်ရက် ကွန်ဂရက်နှင့်တိုက်ဆိုင်ပါက ‌ကေအဲန်ယူ မတက်‌ရောက်နိုင်

၂၁ပင်လုံညီလာခံ ပြုလုပ်မည့်ရက် ကွန်ဂရက်နှင့်တိုက်ဆိုင်ပါက ‌ကေအဲန်ယူ မတက်‌ရောက်နိုင်

1949

‌ဖေ‌ဖော်ဝါရီ ၁၈ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

၂၁ပင်လုံ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ ဒုတိယအကြိမ် ထပ်မံ ကျင်းပမည့်‌နေ့သည် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်း အရုံး၏ ၁၆ကြိမ်‌မြောက် ညီလာခံနှင့် တိုက်ဆိုင်ပါက မိမိတို့အ‌နေဖြင့် တက်‌ရောက်နိုင်မည် မဟုတ်‌ကြောင်း ‌ကေအဲန်ယူ တွဲဖက် အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး(၂) ပဒိုမန်းမန်းမန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌ကေအဲန်ယူ ကွန်ဂရက်ကို သတ်မှတ်ရက်တိုင်းပဲ ဆက်လက်လုပ်သွားဖို့ ဆုံးဖြတ်လိုက်တာ‌ပေါ့‌နော်။ တကယ်လို့ ၂၁ပင်လုံနဲ့ တိုက်ဆိုင်‌နေရင်‌တော့ ပင်လုံညီလာခံကို ‌ကေအဲန်ယူအ‌နေနဲ့ တက်‌ရောက်နိုင်မှာ မဟုတ်ဘူး။ ဆိုလိုတာက ‌ကေအဲန်ယူ ကွန်ဂ ရက်နဲ့ မတိုက်ဆိုင်နိုင်ရင်‌တော့ တက်‌ရောက်နိုင်မယ့် သ‌ဘောထားရှိပါတယ်”ဟု ပဒိုမန်းမန်းမန်းက ‌ပြောဆိုသည်။

‌ကေအဲန်ယူ၏ ၁၆ကြိမ်‌မြောက်ကွန်ဂရက်မှာ ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပရန် သတ်မှတ်ထားခဲ့ကြ‌သော်လည်း ငြိမ်းချမ်း ‌ရေးလုပ်ငန်းစဉ်‌ကြောင့် မအားလပ်သည့်အ‌ပေါ် ၂၀၁၇ခုနှစ်၊ မတ်လ ၁၄ရက်‌နေ့သို့ ‌ပြောင်း‌ရွှေ့သတ်မှတ်ခဲ့သည့် ဆုံးဖြတ်ချက် အတိုင်း မ‌ပြောင်းလဲဘဲ ထိုအစီအစဉ်အတိုင်း ‌ဆောင်ရွက်သွားရန် ‌ဖေ‌ဖော်ဝါရီလ ၁၈ရက်(ယ‌နေ့)တွင် ပြုလုပ်သည့် ၎င်းတို့၏ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီအစည်းအ‌ဝေးမှ ဆုံးဖြတ်ခဲ့ကြ‌ကြောင်း သိရသည်။

၂၁ပင်လုံညီလာခံကို ‌ဖေ‌ဖော်ဝါရီလကုန်မှ မတ်လအတွင်း ‌ရွှေ့‌ပြောင်းလိုက်သည့်အ‌ပေါ် ညီလာခံကျင်းပမည့်ရက်တို့ တိုက်ဆိုင် လာနိုင်သည့်အတွက် ‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီက အ‌ရေး‌ပေါ်အစည်းအ‌ဝေး ‌ခေါ်ယူကာ ကွန်ဂရက်ကို သတ်မှတ်ရက်တွင်သာ ဆက်လက်ကျင်းပသွားရန် ယင်းသို့ သ‌ဘောတူဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

သို့‌သော် ‌ကေအဲန်ယူကွန်ဂရက်နှင့် ပင်လုံညီလာခံ ကျင်းပမည့်ရက်နှင့် တိုက်ဆိုင်မှုများရှိပါက ‌ကေအဲန်ယူအ‌နေဖြင့် သက်ဆိုင် ရာ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု ပူးတွဲ‌ကော်မတီ-UPDJC ထံ စာ‌ရေးအသိ‌ပေး အ‌ကြောင်းကြားသွားမည်ဖြစ်‌ကြောင်း လည်း ‌ကေအဲန်ယူဘက်က ‌ပြောသည်။

‌ကေအဲန်ယူ ကွန်ဂရက်ကို ‌လေးနှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်ပြီး အဆိုပါကွန်ဂရက်တွင် အရပ်ဖက်၊ တပ်ဖက်မှ ဗဟိုနှင့် ခရိုင်၊ တပ်မဟာ အသီးသီးမှ KNU ‌ခေါင်း‌ဆောင်များ အားလုံးပါဝင်တက်‌ရောက်ကာ လုပ်ငန်းစဉ်များပြန်လည်သုံးသပ်ခြင်း၊ ‌ရှေ့လုပ် ငန်းစဉ်များ ချမှတ်ခြင်း၊ ‌ခေါင်း‌ဆောင်များအား အသစ် ပြန်လည် ‌ရွေး‌ကောက်တင်‌မြှောက်ခြင်းများ ပြုလုပ်ကြခြင်း ဖြစ်သည်။

လာမည့် မတ်လ ၁၄ရက်‌နေ့တွင် စတင်ကျင်းပမည့် ၁၆ကြိမ်‌မြောက် ‌ကေအဲန်ယူ ကွန်ဂရက်မှာ အနည်းဆုံး ရက်သတ္တ သုံးပတ် ခန့် ကြာမြင့်နိုင်‌ကြောင်း ခန့်မှန်မှုများရှိ‌နေပြီး ကွန်ဂရက်နှင့်ပတ်သက်သည့် အခြားအစီအစဉ်များမှာ အ‌ပြောင်းအလဲ မရှိ‌ကြောင်း ‌ကေအဲန်ယူ ဗဟို‌ကော်မတီဝင်အချို့၏ ‌ပြောပြချက်အရ သိရသည်။

၁၅ကြိမ်‌မြောက် ‌ကေအဲန်ယူကွန်ဂရက်ကို ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ ၎င်းတို့၏ ဖားအံခရိုင်ရှိ ‌လေးဝါးစခန်း၌ ကျင်းပခဲ့သည်။