Home သတင်း နိုင်ငံ‌ရေးဆိုင်ရာ အ‌ရေးကြီးကဏ္ဍတိုင်းတွင် ကရင်အမျိုးသမီးများ အား‌ကောင်းစွာ ပိုမိုချိတ်ဆက်‌ဆောင်ရွက်သွားမည်

နိုင်ငံ‌ရေးဆိုင်ရာ အ‌ရေးကြီးကဏ္ဍတိုင်းတွင် ကရင်အမျိုးသမီးများ အား‌ကောင်းစွာ ပိုမိုချိတ်ဆက်‌ဆောင်ရွက်သွားမည်

1958

‌ဖေ‌ဖော်ဝါရီ ၄ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

ငြိမ်းချမ်း‌ရေးဖြစ်စဉ်အတွင်း နိုင်ငံ‌ရေးဆိုင်ရာ အ‌ရေးကြီးကဏ္ဍတိုင်းတွင် ကရင်အမျိုးသမီးများ၏အသံများ၊ အခန်းကဏ္ဍများကို အား‌ကောင်းစွာ ပိုမိုချိတ်ဆက်‌ဆောင်ရွက်သွားကြမည်ဟု ၂၀၁၇ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၃ရက်‌နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ နယ်ရှိ ‌ကေအဲန်ယူနယ်‌မြေ၊ ‌လေးဝါးစခန်း၌ ကျင်းပခဲ့သည့် ဒုတိယအကြိမ် ကရင်အမျိုးသမီးနှီး‌နှောဖလှယ်ပွဲတွင် ဆုံးဖြတ်ခဲ့ကြ သည်။

‌ဖေ‌ဖော်ဝါရီလ ၂ရက်နှင့် ၃ရက်‌နေ့များတွင် ပြုလုပ်ခဲ့သည့် အဆိုပါ နှီး‌နှောဖလှယ်ပွဲသို့ ‌ကေအဲန်ယူ-ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်၊ ဗဟိုတရားသူကြီးချုပ် ပဒို‌နော်မြိုင်ဖိုးတို့အပြင် ကရင်‌ဒေသအသီးသီးမှ ကရင်အရပ်ဖက် အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ ကရင်အမျိုးသမီးအဖွဲ့အစည်းများ၊ လူ့အခွင့်အ‌ရေးလှုပ်ရှားသူနှင့် တသီးပုဂ္ဂလ အမျိုးသမီး ကိုယ်စားလှယ်များသာမက ‌ကျေးရွာ အမျိုးသမီးသူကြီးများ အပါအဝင် ကရင်အမျိုးသမီး စုစု‌ပေါင်း (၅၅)ဦး တက်‌ရောက်ခဲ့ကြ‌ကြောင်း နှီး‌နှောဖလှယ်ပွဲ၏ မှတ်တမ်း များအရ သိရသည်။

၎င်းနှီး‌နှောဖလှယ်ပွဲ ဦး‌ဆောင်ကျင်းပခဲ့‌သော ‌ကေဒဗလျူအို-ကရင်အမျိုးသမီးအစည်းအရုံးအ‌နေဖြင့် မည်သည့်ရည်ရွယ်ချက်ဖြင့် ‌ဆောင်ရွက်ခဲ့သည်ကို ‌ကေဒဗလျူအို၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌နော်က‌ညော‌ဖောက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်မှာဖြစ်‌စေ၊ ခက်ခဲ‌နေတဲ့ ‌မြေယာပြဿနာ‌တွေမှာဖြစ်‌စေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး၊ ဒုက္ခ သည်များ‌နေရပ်ပြန်‌ရေးနဲ့ အမျိုးသမီး‌တွေကို ကာကွယ်‌စောင့်‌ရှောက်မှု‌တွေမှာ အမျိုးသမီး‌တွေအသံ ပိုထွက်လာဖို့နဲ့ အများက လည်း ပိုကြားသိလာ‌စေဖို့ ဒုတိယအကြိမ်‌မြောက် ဒီနှီး‌နှောဖလှယ်ပွဲကို ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါတယ်။”ဟု ‌နော်က‌ညော‌ဖော က ‌ပြောသည်။

နှီး‌နှောဖလှယ်ပွဲတွင် ကရင်အမျိုးသမီးများ အဖွဲ့အလိုက်ဖြစ်‌စေ၊ တစ်သီးပုဂ္ဂလအ‌နေဖြင့်ဖြစ်‌စေ ကွန်ရက်ပုံစံ ကနဦး ချိတ်ဆက် ပူး‌ပေါင်း‌ဆောင်ရွက်သွားရန်၊ ကရင်အမျိုးသမီးများ လတ်တ‌လော ရင်ဆိုင်‌နေရသည့် ကိစ္စရပ်များကို သိရှိနားလည်ပြီး ငြိမ်းချမ်း ‌ရေးလုပ်ငန်းစဉ်တိုင်းတွင် ကိုယ်စားလှယ်များအပြင် အဆင့်ဆင့် ပါဝင်သွားရန် ဆုံးဖြတ်ချက်ခဲ့ကြသည်။

ထို့အပြင် ကရင်အမျိုးသမီးများအ‌နေဖြင့် မိမိကိုယ်ကို အား‌ပေးအား‌မြှောက်ပြုရင်း မကြာခင် ‌ရောက်ရှိလာ‌တော့မည့် နိုင်ငံတကာ အမျိုးသမီးများ‌နေ့၊ ‌ရေကာ တာစီမံကိန်း ဆန့်ကျင်သည့်‌နေ့၊ လူ့အခွင့်အ‌ရေး‌နေ့များတွင် အမျိုးသမီးထု၏အသံကို ထည့်သွင်း ‌ဖော်ထုတ်သွားရန် ဆုံးဖြတ်ခဲ့‌ကြောင်းလည်း ‌နော်က‌ညော‌ဖောက ဆက်လက်‌ပြောဆိုသည်။

၎င်းနှီး‌နှောဖလှယ်ပွဲ၌ ကရင်လူမှုအသိုုင်းအဝိုုင်းအတွင်း ကရင်အမျိုးသမီးများ ချိတ်ဆက်‌ဆောင်ရွက်မှု အား‌ကောင်းလာ‌စေရန်၊ တက်‌ရောက်လာ‌သော အမျိုးသမီးကိုုယ်စားလှယ်များက လက်ရှိ ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် အမျိုးသမီးများ၏အသံ ပိုမိုကျယ်ပြန့် လာရန်၊ ပဋိပက္ခကာလအတွင်း အမျိုးသမီးများ ရင်ဆိုင်ကြုံ‌တွေ့ရ‌သော အခက်အခဲများ၊ ဒုက္ခသည်များ ပြန်လည်‌နေရာချထား ‌ရေး၊ အမျိုးသမီးနှင့် က‌လေးသူငယ်များအား ကာကွယ်‌စောင့်‌ရှောက်‌ရေးနှင့် တရားစီရင်‌ရေးဆိုင်ရာများကိုု အမျိုးသမီးကိုယ်စား လှယ်များက ‌ဆွေး‌နွေးခဲ့ကြသည်။

ဧရာဝတီတိုင်း‌ဒေသကြီး ပန်းတ‌နော်မြို့နယ်၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီကိုယ်စား တက်‌ရောက်ခဲ့သူ နမ့်ရှုယဉ်‌ဌေးက “ကျမအတွက် အရမ်းအကျိုးရှိတယ်။ ဘာဖြစ်လဲဆိုရင် ကရင်အမျိုးသမီး‌တွေအချင်းချင်း တ‌ယောက်နဲ့တ‌ယောက် စကား‌ပြော ခွင့်‌တွေရတယ်။ ပြည်တွင်းပြည်ပ အ‌နေအထား‌တွေ ပိုမိုဖလှယ်ခွင့်၊ ရင်းနှီးခွင့် ပိုရလာတယ်။ ဒီ‌ဆွေး‌နွေးပွဲမှာ ငြိမ်းချမ်း‌ရေးလုပ် ငန်းစဉ်ကိုလည်း စိတ်ဝင်စားတယ်။ ‌နောက်တခုက တရား‌ရေးမှာလည်း စိတ်ဝင်စားတယ်။ ကျမက ဥပ‌ဒေနဲ့ပြီးထား‌တော့ အဲလို တရား‌ရေးပိုင်းမှာ ဥပ‌ဒေ‌ကြောင်းအရ တရားမျှတမှုကို အရမ်းစိတ်ဝင်စားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ကရင်အမျိုးသမီးနှီး‌နှောဖလှယ်ပွဲကို ပြီးခဲ့သည့် ၂၀၁၂ခုနှစ်က ‌ကေဒဗလျူအိုအ‌နေဖြင့် ကြီးမှူး၍ ထိုင်း-မြန်မာနယ်စပ်တွင် ပထမ အကြိမ် ကျင်းပခဲ့ပြီး လာမည့် နှီး‌နှောဖလှယ်ပွဲကိုမူ ၂၀၁၈ခုနှစ်အတွင်း ကျင်းပသွားမည်ဟုလည်း သ‌ဘောတူလက်ခံခဲ့ကြသည်။