Home သတင်း နိုင်လွန်ကတ္တရာ လမ်းခင်းလာသဖြင့် အိန္ဒု-ဇာသပြင်လမ်း‌ကြော၌ အိမ်ခြံ‌မြေများ ‌ဈေး‌ကောင်း

နိုင်လွန်ကတ္တရာ လမ်းခင်းလာသဖြင့် အိန္ဒု-ဇာသပြင်လမ်း‌ကြော၌ အိမ်ခြံ‌မြေများ ‌ဈေး‌ကောင်း

3017

‌ဖေ‌ဖော်ဝါရီ ၂၄ရက်၊ ၂၀၁၇ခုနှစ်။ က‌ဆောဝါး

ဖားအံမြို့နယ်အတွင်းရှိ အိန္ဒု – ဇာသပြင် ၁၅မိုင် (၂၄.၁၄ ကီလိုမီတာ)လမ်းပိုင်း နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း‌ကြောင့် သွားလာ‌ရေးနှင့် ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်‌ကောင်းမွန် လာနိုင်သည့်အတွက် အိမ်ခြံ‌မြေ‌ဈေးများ မြင့်တက်လာလျှက်ရှိ ‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

“လမ်း‌ကြောင်း‌ကောင်းလာ‌တော့ အားလုံးအဆင်‌ပြေလာတယ်။ အရင်တုန်းက‌တော့ ခြံ‌တွေ အပင်စိုက်ပြီး ပစ်ထားတာများတယ်။ အခု‌တော့ လမ်းမ‌ဘေးက ‌မြေ‌တွေ ခြံ‌တွေ ဝယ်မထိ‌တော့ဘူး။ အရင်က တစ်ဧက‌လောက်ကျယ်တဲ့ခြံဆို သိန်းတစ်ရာ‌လောက်ပဲ။ အခုက သုံး‌လေးငါးရာ ‌ပေါက်ကုန်ပြီ။ ‌နောက် အတွင်းရွာချင်းဆက်လမ်း‌တွေပါ ‌ကောင်းလာပြီဆို‌တော့ အတွင်းရွာ‌တွေပါ ‌မြေ တန်ဖိုးမြင့်လာတယ်”ဟု ‌ရွှေပြည်‌ထောင်အပယ်ပိတ်ရွာ‌နေ ‌စောသန်းထွန်းက ‌ပြောသည်။

လမ်း‌ဖောက်ရန် တိုင်းတာမှုများကို ၂၀၁၆၊ ဇွန်လက စတင် လုပ်‌ဆောင်လာခဲ့ခြင်းဖြစ်ပြီး ထိုအချိန်စ၍ ‌မြေ‌ဈေးများ မြင့်တက်လာ ‌ကြောင်း၊ ထိုလမ်း‌ကြောတစ်‌လျှောက်ရှိ လယ်‌မြေများကို အကွက်ချ ‌ရောင်းချမှုများရှိလာ‌ကြောင်းလည်း ‌ဒေသခံများ၏ ‌ပြောပြ ချက်အရ သိရသည်။

‌ဒေသခံတစ်ဦးက “‌မြေလာဝယ်တဲ့သူ‌တွေက‌တော့ ဖားအံမြို့နဲ့ ‌မော်လမြိုင်ဘက်က ‌နောက် ဘန်‌ကောက်‌ရောက်‌နေတဲ့သူ‌တွေ နီးစပ်သူနဲ့ လှမ်းဝယ်ကြ တယ်။ ‌မြေဝယ်တယ်ဆိုတာက စား‌သောက်ဆိုင်ဖွင့်ဖို့တို့၊ ဓါတ်ဆီဆိုင်ဖွင့်ဖို့တို့၊ ‌ရော်ဘာ အဝယ်ဒိုင်ဖွင့်ဖို့ ဆိုတာမျိုး‌တွေ ‌ဈေး‌မေးတာ၊ လာဝယ်တာ‌တွေ ရှိ‌နေတယ်။”ဟု ‌ပြောဆိုသည်။

ယခင်နှစ်များက အိန္ဒု မှ ဇာသပြင်‌ကျေးရွာသို့ ‌ဖောက်လုပ်ထား‌သောလမ်းပိုင်းမှာ ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်းနှင့် ပျက်စီးမှု များ‌ကြောင့် လမ်းတစ်‌လျှောက်ရှိ ‌ကျေးရွာများမှ ‌ဒေသခံပြည်သူများ သွားလာ‌ရေး၊ နယ်စပ်မှ ကုန်စည်များသယ်‌ဆောင်‌ရေးတို့ တွင် ခက်ခဲမှုများရှိခဲ့သည့်အပြင် ခြံလုပ်ငန်း၊ ရာဘာလုပ်ငန်းများသာရှိသည့်အတွက် ဖွံ့ဖြိုး‌ရေးအားနည်းမှု ရှိခဲ့သည်။

အဆိုပါလမ်းပိုင်းကို နိုင်လွန်ကတ္တရာခင်းရန်အတွက် ၂၀၁၆- ၁၇ခုနှစ်၊ ဘဏ္ဍာနှစ်မှ စတင်ကာ ပြည်‌ထောင်စု အစိုးရရံပုံ‌ငွေနှင့် ပြည်နယ်အစိုးရရံပုံ‌ငွေ နှစ်ရပ်‌ပေါင်း ကျပ်သန်း ၃၄၀၃.၈၆ ဖြင့် စတင်‌ဖောက်လုပ်ခဲ့ပြီး ကရင်ပြည်နယ် လမ်းဦးစီးဌာနနှင့် ချစ် လင်းမြိုင်ကုမ္ပဏီတို့က လမ်းပိုင်းအလိုက် လုပ်‌ဆောင်လျှက်ရှိသည်။

ထို့အပြင် လမ်းကို ၇.၃၂မီတာအထိ လမ်းချဲ့ခြင်း၊ နိုင်လွန်ကတ္တရာထပ်ပိုးခခြင်း၊ တံတား ၉စင်း အကျယ်ချဲ့ခြင်း၊ တံတားအသစ် ၁၄စင်း ‌ဆောက်လုပ်ခြင်း၊ လမ်း‌ဘေးဝဲယာ ‌ရေနုတ်‌မြောင်းပြုလုပ်ခြင်းတို့ပါဝင်ပြီး ၂၀၁၇ခုနှစ်၊ မတ်လတွင် အပြီးလုပ်‌ဆောင်ကာ ဖွင့်လှစ်သွားမည်ဟု လမ်းဦးစီးဌာနထံမှ သိရှိရသည်။

လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ ကိုရဲ‌ကျော်သူက “ကျ‌နော်တို့ လမ်းချဲ့တာ၊ ‌ရေ‌မြောင်းလုပ်‌ဆောင်တာ‌တွေလုပ်‌တော့ ‌ဒေသခံနဲ့ အဆင်မ‌ပြေတာ‌တွေ ဖြစ်နိုင်မယ်လို့ ထင်ခဲ့တယ်။ ဒါ‌ပေမယ့် ‌ဒေသခံ‌တွေ၊ အုပ်ချုပ်‌ရေးမှူး‌တွေ၊ ခြံရှင်‌တွေက ဒီလမ်း လုပ်တာကို သ‌ဘောကျကြတယ်။ မလွတ်တာ‌တွေလည်း အဆင်‌ပြေ‌အောင် ဖယ်‌ပေးကြတယ်။ သူတို့ကိုယ်တိုင် ‌ပေါင်းစပ်လုပ် ‌ဆောင်‌ပေးကြလို့ လုပ်ငန်းခွင်အဆင်‌ပြေတဲ့အတွက် အချိန်မီပြီးစီး‌အောင် ‌နေ့‌ရောညပါ လုပ်‌ဆောင်‌ပေး‌နေပါတယ်”ဟု ‌ကေအိုင် စီသို့ ‌ပြောသည်။

အိန္ဒု-ဇာသပြင်လမ်းပိုင်းမှာ ကရင်ပြည်နယ်တွင် ပထမဆုံးခင်း‌နေ‌သော နိုင်လွန်ကတ္တရာလမ်းဖြစ်ပြီး အဆိုပါလမ်းပြီးစီးပါက အိန္ဒု မှ ဇာသပြင်‌ကျေးရွာကြားရှိ လမ်း‌ဘေးတစ်‌လျှောက်ရှိ ‌ကျေးရွာ ၁ဝရွာခန့်နှင့် အတွင်းပိုင်းရွာ‌ပေါင်း ၃၀‌ကျော်ကို အလွယ်တကူ သွားလာနိုင်မည်ဖြစ်ပြီး ‌ဒေသထွက်ကုန်‌ရောင်းဝယ်မှုများ မြန်ဆန်‌ချော‌မွေ့လွယ်ကူလာမည်ဟု ‌ဒေသခံများက ‌ပြောဆို‌နေကြ သည်။

အာရှဖွံ့ဖြိုး‌ရေးဘဏ်-ADB ၏ ‌ချေး‌ငွေဖြင့် ‌ဖောက်လုပ်မည့် အရှည် ၁၅.၃မိုင်ရှိ ကျုံဒိုး-ဇာသပြင်-ကျားက‌လေး လမ်းပိုင်းနှင့် အရှည် ၄၁.၂၅မိုင်(၆၆.၄ကီလိုမီတာ) ‌ကော့ကရိတ်- အိန္ဒုလမ်းကို အာရှလမ်းမကြီးဖြင့် ချိတ်ဆက်ကာ ဖားအံ-‌မော်လမြိုင်-ရန်ကုန်မြို့များသို့ အချိန်တိုအတွင်း သွားလာနိုင်‌တော့မည်ဖြစ်သည်။