Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တိုင်းရင်းသားစာ‌ပေ သင်ကြား‌ပေးသူများကို ကျပ်သိန်း ၉၀ဝ ‌ကျော် ‌ထောက်ပံံ့့

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တိုင်းရင်းသားစာ‌ပေ သင်ကြား‌ပေးသူများကို ကျပ်သိန်း ၉၀ဝ ‌ကျော် ‌ထောက်ပံံ့့

1988

‌ဖေ‌ဖော်ဝါရီ ၂ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ တိုင်းရင်းသားစာ‌ပေသင်ကြား‌ပေး‌နေသည့် ဆရာ၊ ဆရာ မများအတွက် ပြည်နယ်အစိုးရ၏ ‌ထောက်ပံ့‌ငွေ ကျပ်သိန်း ၉၀ဝ ‌ကျော်ကို ယင်းမြို့နယ်ပညာ‌ရေးမှူးရုံးမှ ‌ဖေ‌ဖော်ဝါရီ ၁ ရက်‌နေ့တွင် စတင်ထုတ်‌ပေး‌နေပြီဖြစ်‌ကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွက် ကရင်ပြည်နယ်အစိုးရ၏ ‌ထောက်ပံ့‌ငွေ ကျပ် ၉၁၇ သိန်း ခုနှစ်‌သောင်းကို ‌ဖေ‌ဖော်ဝါရီ ၂၉ ရက်‌နေ့က လွှဲ‌ပြောင်း‌ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ယင်းမြို့နယ်ပညာ‌ရေးမှူးရုံး တာဝန်ရှိသူများက ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ပညာ‌ရေးမှူး ‌ဒေါ်ခင်နှင်းမူက “အဓိက တိုင်းရင်းသား ဘာသာစကားတိုးတက်လာ ဖို့အတွက် နိုင်ငံ‌တော်က ချီးမြှင့်‌ပေးတယ်။ မြို့နယ်ရုံးမှာ အမည်စာရင်းပါတဲ့ သူ‌တွေကိုပဲ တစ်ဦးကို တစ်လ ၃ ‌သောင်းကျပ်နဲ့ ၈ လစာ ၂ သိန်း ၄ ‌သောင်း‌ပေးတယ်။ အ‌ပြောင်းအလဲရှိတဲ့ တစ်ချို့ဆရာမ‌တွေလည်း တစ်လသင်သင်၊ နှစ်လ သင်သင် တစ်ခါတည်း‌ပေးပါတယ်” ဟု ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ယခု ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွင်း တိုင်းရင်းသားစာ‌ပေ သင်ကြား‌ပေးရာတွင် အ‌ရှေ့ပိုးကရင်စာ‌ပေ ၁၄ဝ ဦး၊ စ‌ကော ကရင်စာ‌ပေ ၂၀၄ ဦး၊ ပွာက‌ညော ကရင်စာ‌ပေ ၁ ဦး ၊ မွန်စာ‌ပေ ၄ဝ ဦး ၊ ပအိုဝ်း စာ‌ပေ ၂ ဦး စုစု‌ပေါင်း ဆရာ၊ ဆရာမ ၃၈၇ ဦးရှိသည်ဟု မြို့နယ်ပညာ‌ရေးမှူးရုံးမှ သိရသည်။

အ‌ရှေ့ပိုး ကရင်စာ‌ပေ သင်ကြား‌ပေး‌နေသည့် ဆရာမ နန်းဖြုဖြုစိုးက “ကိုယ့်တိုင်းရင်းသား စာ‌ပေ၊ စကား ‌တွေကို တက်လာတဲ့လူငယ်‌တွေက တတ်‌မြောက်‌စေချင်လို့ ‌စေတနာနဲ့ လာသင်‌ပေးတာပါ။ လစာ‌ငွေ‌တွေ ‌ထောက်ပံ့‌ပေးတဲ့အတွက်လည်း ဝမ်းသာတာ‌ပေါ့” ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အတူ KNU ဝင်း‌ရေးမြို့နယ် ကရင်ပညာ‌ရေးဌာနမှ အစိုးရ‌ကျောင်းများနှင့် ကရင်ပညာ‌ရေး‌ကျောင်းများ တွင် ကရင် တိုင်းရင်းသားစာ‌ပေ သင်ကြား‌ပေးသည့် ဆရာ၊ ဆရာမများအား ယခင်နှစ် ‌အောက်တိုဘာလက ပညာသင်နှစ် တစ်နှစ်အတွက် တစ်ဦးလျှင် ကျပ် ၂ သိန်း ၇ ‌သောင်းနှုန်းဖြင့် ‌ထောက်ပံ့မှုများ‌ပေးခဲ့‌ကြောင်းလည်း ဝင်း‌ရေးမြို့နယ် ဒု ပညာ‌ရေးမှူး ‌စောရှားထူး‌ဝေါ်က ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အစိုးရ စာသင်‌ကျောင်းများတွင် တိုင်းရင်းသား စာ‌ပေသင်ကြားမှုကို ၂၀၁၄ ခုနှစ်က စ တင်ခဲ့ပြီး အစိုးရမှ တိုင်းရင်းသား စာ‌ပေသင်ကြားသည့် ဆရာ၊ ဆရာမများအား လစာ‌ထောက်ပံ့မှုကို ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှ စတင် ‌ထောက်ပံ့‌ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။