Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လူငယ် ၁ဝ ဦး‌ကျော် မူးယစ်‌ဆေးဖြတ်နိုင်ခဲ့

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လူငယ် ၁ဝ ဦး‌ကျော် မူးယစ်‌ဆေးဖြတ်နိုင်ခဲ့

2015

‌ဖေ‌ဖော်ဝါရီ ၁ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်(ဝင်း‌ရေးမြို့နယ်)တွင် ဖွဲ့စည်းထားသည့် လူငယ်မူးယစ်‌ဆေးဝါး ကာကွယ် တားဆီး‌ရေးအဖွဲ့အ‌နေဖြင့် သုံးလအတွင်း ယင်းမြို့နယ်ရှိ ‌ကျေးရွာအသီးသီးမှ မူးယစ်‌ဆေးသုံးစွဲသူ လူငယ် ၁ဝ ဦး‌ကျော် ကို ‌ဆေးဖြတ်နိုင်ခဲ့‌ကြောင်းအဖွဲ့ ဥက္ကဌမှ ‌ပြောဆိုသည်။

‌ဖေ‌ဖော်ဝါရီ ၁ရက်‌နေ့က ခလယ်ရွာဘုန်း‌တော်ကြီး‌ကျောင်းတွင် ပြုလုပ်သည့် လူငယ်မူးယစ်‌ဆေးအသိပညာ‌ပေးပွဲတွင် အဆိုပါ မြို့နယ်မှ လူငယ်မူးယစ်‌ဆေးဝါး ကာကွယ်တားဆီး‌ရေးအဖွဲ့ဥက္ကဌ ‌စော‌ကော်သူး‌လေက ယခုကဲ့သို့ထုတ်‌ဖော် ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက“ကျ‌နော်တို့ လုပ်ငန်းစတင်တဲ့ ၃ လအတွင်းမှာ လူငယ် ၁ဝ ဦး‌ကျော် ‌ဆေးဖြတ်နိုင်ခဲ့တယ်‌ပေါ့‌နော်။ ‌ဆေးဖြတ်ပြီး အခု ကျ‌နော်တို့နဲ့ ပူ‌ပေါင်း‌ဆောင်ရွက်‌နေတဲ့ လူငယ်‌တွေရှိပါတယ်။ အဓိကကျ‌နော်တို့ လူငယ်‌တွေမူးယစ် ‌ဆေးသုံးစွဲမှု ‌လျော့နည်း‌အောင်အပြင် ‌ဒေသအတွင်းမှာပါ ပ‌ပျောက်သွားတဲ့အထိ လူငယ်ချင်း အသိပညာ ‌ပေးသွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လူငယ်မူးယစ်‌ဆေးဝါး ကာကွယ်တားဆီး‌ရေးအဖွဲ့ကို ၂၀၁၆ခုနှစ် နိုဝင်ဘာလတွင် အလုပ်အမှု‌ဆောင် ၁၃ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ‌တောင်ဒီး‌ကျေးရွာအုပ်စု၊ လှာခဒါ‌ကျေးရွာအုပ်စု၊ ကွမ်က ‌သောင်‌ကျေးရွာအုပ်စု၊ ခလယ်‌ကျေးရွာအုပ်စုများတွင် မူးယစ်‌ဆေးအသိပညာ ‌ပေးပွဲများပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

လူငယ်မူးယစ်‌ဆေးဝါး ကာကွယ်တားဆီး‌ရေးအဖွဲ့ဝင် ‌တောင်ဒီး‌ကျေးရွာမှ ‌စောတိုးတိုးက “ကျ‌နော် အသက် ၁၇ နှစ်တုန်းက‌နေ ၅ နှစ်တိတိ ‌ဆေးသုံးခဲ့တယ်။ အဲတုန်းက ‌ငွေ‌ရော မိတ်‌ဆွေ‌ကောင်း‌တွေ‌ရောဆုံး ရှုံးခဲ့တယ်။ ကျ‌နော် ‌ဆေးဖြတ်ဖို့ ဆန္ဒရှိခဲ့တာကြာပြီ။ ကျ‌နော်တို့မှာက ‌ဆေးဖြတ်တဲ့‌နေရာမရှိဘူး‌လေ။ သူငယ်ချင်း‌တွေနဲ့‌တွေ့ရင် ပြန်သုံး တယ်။ လူငယ်‌ဆေးပညာ‌ပေးအဖွဲ့နဲ့ ဆက်သွယ်ပြီး သူတို့အကူညီနဲ့ အခုကျ‌နော် ‌ဆေးဖြတ်နိုင်ခဲ့ပြီ။ ကျန်‌နေတဲ့သူငယ်ချင်း‌တွေကိုလည်းစည်းရုံးသွားမယ်” ဟု ‌ပြောသည်။

ထို‌နေ့ ပြုလုပ်သည့် ခလယ်‌ကျေးရွာအုပ်စု လူငယ်မူးယစ်‌ဆေးဝါး အသိပညာ‌ပေးပွဲတွင် ခလယ်ရွာ‌လေး၊ မြို့‌ဟောင်း၊ ခလယ်ရွာများမှ စုစု‌ပေါင်း လူငယ် ၃ဝဦး ‌ကျော်တက်‌ရောက်ခဲ့ပြီး ‌ဖေ‌ဖော်ဝါရီ ၃ ရက်‌နေ့တွင် လှကဇိုင်း ‌ကျေးရွာအုပ်စုသို့ သွား‌ရောက်ကာ အလားတူ အသိပညာ‌ပေးမှုများပြုလုပ်သွားမည်ဟု တာဝန်ရှိ သူထံမှ သိရသည်။

ထို့အတူ မူးယစ်‌ဆေးဝါး နှိမ်နင်းမှုများနှင့်ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်း ဝင်း‌ရော်‌ဒေသတွင် ကရင်အမျိုးသားအစည်းအရုံး-KNUမှ မူးယစ်‌ဆေး‌ရောင်းဝယ်သုံးစွဲသူ ၂၀၀‌ကျော်ကို ၁/၂၀၁၄ ‌ကော်သူး‌လေ မူးယစ်အက်ဥပ‌ဒေဖြင့် အ‌ရေးယူနိုင်ခဲ့ပြီး မူးယစ်‌ဆေးအလုံး‌ရေ ၅၀၀ဝ ‌ကျော်ကို မီးရှို့ဖျက်ဆီး နိုင်ခဲ့သည်ဟု KNU ဝင်း‌ရေးမြို့နယ် တာဝန်ရှိသူထံမှ သိရသည်။