Home သတင်း ၂၀၁၆-၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ‌ရွှေ့‌ပြောင်း‌ကျောင်းသား ၁၀၆ ဦး ဝင်‌ရောက် ‌ဖြေဆိုမည်

၂၀၁၆-၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ‌ရွှေ့‌ပြောင်း‌ကျောင်းသား ၁၀၆ ဦး ဝင်‌ရောက် ‌ဖြေဆိုမည်

1846

‌ဖေ‌ဖော်ဝါရီ ၂၁ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး

မတ်လ ၈ ရက်‌နေ့တွင် စတင်မည့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် မြန်မာနိုင်ငံ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲကို ထိုင်း-မြန်မာ နယ်စပ်၊ မဲ‌ဆောက်‌ဒေသရှိ မြန်မာ‌ရွှေ့ ‌ပြောင်း‌ကျောင်းနှစ်‌ကျောင်းမှ ‌ကျောင်းသူ၊ ‌ကျောင်းသား ၁၀၆ ဦး ဝင်‌ရောက် ‌ဖြေဆို သွားမည်ဟု စာ‌မေးပွဲ စီစဉ်သူများထံမှ သိရသည်။

မြဝတီမြို့နယ် ၊မြဝတီမြို့ အ.ထ.က (၁) စာစစ်ဌာနတွင် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းနှစ်‌ကျောင်းဖြစ်သည့် ဆာသူး‌လေ ‌ကျောင်းမှ ‌ဖြေဆိုသူ‌ကျောင်းသူ၊ ‌ကျောင်းသား ၅ဝ ဦးနှင့် ‌သွေးသစ်‌ကျောင်းမှ ၅၆ ဦး ဝင်‌ရောက် ‌ဖြေဆိုရန်စီစဉ် ‌နေသည်ဟု မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ပညာ‌ရေး‌ကော်မတီ-BMWEC မှ ပြည်တွင်း ပညာ‌ရေးတာဝန်ခံ ‌စောခလိထူးက ‌ပြောသည်။

၎င်းက “ ဒီနှစ်က ဆာသူး‌လေနဲ့‌သွေးသစ်နှစ်‌ကျောင်းပဲ‌ဖြေမယ်။ ဆရာ၊ ဆရာမ‌တွေက‌တော့ ဟိုး ‌မေလ ကတည်းက ‌လေ့ ကျင့်သင်ကြား‌ပေး‌နေတာ‌ပေါ့။ ညဘက်အချိန်ပိုဆိုလည်း အခု‌လေ့ကျင့်သင်ကြား‌ပေးတာ တစ်လ‌လောက်ရှိ‌နေပြီ״ ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၌ အဆိုပါ ဆာသူး‌လေ နှင့် ‌သွေးသစ်အထက်တန်း‌ကျောင်းနှစ်‌ကျောင်း မှ တက္ကသိုလ် ဝင်တန်းကို ‌ကျောင်းသူ၊ ‌ကျောင်းသား‌ပေါင်း ၁၀၁ ဦးဝင်‌ရောက်‌ဖြေဆိုရာ၌ ၁၇ ဦး ‌ဖြေဆို‌အောင်မြင်ခဲ့သည်ဟု သိရသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများမှ အစိုးရစာစစ်ဌာနနှင့် ချိတ်ဆက်ပြီး ၂၀၁၂-၂၀၁၃ ပညာ သင်နှစ်မှ စတင်ကာ တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲကို ၅၆ ဦး‌ဖြေဆိုခဲ့ရာတွင် ၈ ဦးသာ ‌အောင်မြင်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တွင် ၁၂၆ ဦး ‌ဖြေဆိုခဲ့ရာ၌ ၃၆ ဦးနှင့် ၂၀၁၄-၂၀၁၅ ခုနှစ်၌ ၁၂၅ ဦးဝင်‌ရောက်‌ဖြေဆိုရာ ၃၃ ဦး ‌အောင်မြင်ခဲ့သည်။

ယခုနှစ်အတွက် စာ‌မေးပွဲဝင်‌ရောက်‌ဖြေဆိုမည့် ‌သွေးသစ်‌ကျောင်းမှ ‌စောလှခင်က “ ကျ‌နော်‌ဖြေခဲ့တာ ၂ နှစ်ရှိခဲ့ပါပြီ။ ဒီနှစ်နဲ့ဆိုရင် ၃ နှစ်‌ပေါ့။ မြန်မာပြည်‌ကျောင်းမတက်ဖူး‌တော့ အ‌ခြေခံအားနည်းခဲ့တာ‌ပေါ့။ ဟိုဘက်နဲ့ဒီဘက်က စာသင်တာ က ကွာတယ်‌လေ။ အ‌ခြေခံအားနည်းတာ‌ကြောင့် ၂ နှစ်ကျခဲ့တယ်။ ဒါ‌ပေမဲ့ အခုဆိုရင် အဲ့က ပညာ‌ရေးစနစ် နဲ့အ‌တွေ့ အကြုံရခဲ့ပြီးဆို‌တော့ ဒီနှစ်‌တော့ ရာနှုန်းပြည့်‌အောင်မယ်လို့ ယုံကြည်ပါတယ်” ဟု ‌ပြောသည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ မဲ‌ဆောက်၊ မယ်လမတ် နှင့် ဖုတ်ဖရမြို့နယ်သုံးမြို့နယ်၌ မြန်မာ‌ရွှေ့ ‌ပြောင်း အလုပ်သမားများ၏ သား၊ သမီးများအတွက်ဖွင့်လှစ်ထားသည့် စာသင်‌ကျောင်း‌ပေါင်း ၇၄ ‌ကျောင်းရှိရာမှ ‌ထောက်ပံ့‌ရေး အခက်အခဲများ ‌ကြောင့် ၆၃ ‌ကျောင်းသာကျန်ရှိပြီး လက်ရှိ ‌ကျောင်းသူ၊ ‌ကျောင်းသား‌ပေါင်း နှစ်‌သောင်းခန့် ပညာသင်ယူ‌နေကြသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ‌ရွှေ့‌ပြောင်း စာသင်‌ကျောင်းများသည် ‌ထောက်ပံ့‌ရေး ‌လျော့နည်းလာသည့်အတွက် အခက်အခဲမျိုးစုံကြားက ‌ကျောင်းရပ်တည်‌နေရသည့်အတွက် အဆင့်မြင့် ပညာ‌ရေး တက်လှမ်းသင်ယူနိုင်‌ရေးရန် ‌မျှော်မှန်း ချက်ဖြင့် မြန်မာနိုင်ငံ၏ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲကို ဝင်‌ရောက်‌ဖြေဆိုကြသည့် မြန်မာ့‌ရွှေ့‌ပြောင်း က‌လေးငယ် များလည်း အခက်အခဲ အမျိုးမျိုးကြုံ‌တွေ့‌နေရသည်ဟု ‌ရွှေ့‌ပြောင်းပညာ‌ရေး လုပ်‌ဆောင်‌နေသူများက ‌ပြောသည်။