Home သတင်း ‌လေး‌ကေ့‌ကော်မြို့သစ်တွင် လာမည့်လအတွင်း လျှပ်စစ်မီး‌ပေးနိုင်ရန် ကြိုးစား‌နေဟုဆို

‌လေး‌ကေ့‌ကော်မြို့သစ်တွင် လာမည့်လအတွင်း လျှပ်စစ်မီး‌ပေးနိုင်ရန် ကြိုးစား‌နေဟုဆို

2025

‌ဖေ‌ဖော်ဝါရီ ၂၁ ရက် ၊ ၂၀၁၇ ခုနှစ်။ ‌စောညွန့်‌သောင်း

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ပြည်‌ထောင်စုု အစိုးရတို့ ညှိနှိုင်း‌ဆောင်ရွက်မှုဖြင့် တည်‌ဆောက်ထား‌သော ‌လေး‌ကေ့‌ကော်မြို့သစ်တွင် လာမည့်မတ်လအတွင်း လျှပ်စစ်မီးရရှိရန် ကြိုးစား‌နေသည်ဟု ကရင်ပြည်နယ် လျှပ်စစ်နှင့် စက် မှုဝန်ကြီး ဦးစိုးလှိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“မတ်လမှာ ကျ‌နော်တို့ တင်တာ‌ခေါ်ယူထားပြီး ကုမ္ပဏီနဲ့ကျ‌နော်တို့ လုပ်‌ဆောင်သွားမယ်။ လျှပ်စစ် မီးရရှိပြီးရင် ‌လေး‌ကေ့‌ကော်မြို့သစ်မှာ ပြန်လည်‌နေထိုင်ကြတဲ့ ပြည်သူ‌တွေအတွက် လူ‌နေမှုအဆင့်အတန်းမြင့်မားလာမယ်။ ‌နောက် စက်မှုလုပ်ငန်း၊ စိုက်ပျိုး‌ရေးလုပ်ငန်း‌တွေအတွက်လည်း ဓါတ်အား‌ပေးမှုအစီအစဉ်‌တွေလည်း လုပ်‌ဆောင်‌ပေးပါ့မယ်။ မတ်လအတွင်း ‌ပေးနိုင်ဖို့ ကျ‌နော်ကြိုးစား‌နေပါတယ်”ဟု ၎င်းက ‌ပြောသည်။

အဆိုပါမြို့သစ်သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ထီးမယ်ဝါးခီး‌ကျေးရွာအနီးတွင် တည်ရှိပြီး ၂၀၁၇ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ အထိ ဒုက္ခသည်များနှင့် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ တပ်မိသားစုဝင်များ စု ‌ပေါင်းပြန် လည်‌နေထိုင်သူ လူဦး‌ရေ ၃,၂၀ဝ ဦးရှိသည်။
‌နေ‌ရေးထိုုင်‌ရေး အဆင်‌ပြေ‌သော်လည်း မြို့သစ်တွင် ပြန်လည်‌နေထိုင်ကြသူများ၏ စားဝတ်‌နေ‌ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းလည်း ရှားပါး‌နေဆဲဖြစ်သည်ဟု မြို့သစ်တွင် ‌နေထိုင်သူများက ‌ပြောသည်။

ထိုင်းနိုင်ငံဘက်မှ ပြန်လည်‌ရွှေ့‌ပြောင်းလာသူ ‌စော‌အောင်ပွယ်က “ ဒီမှာရှိတဲ့လူ‌တွေက အ‌ဝေးမှာရှိတဲ့ သားသမီး လုပ်စာကို ထိုင်စား‌နေကြရတယ်။ သားသမီး‌တွေက ထိုင်းမှာ အလုပ်လုပ်ကြတယ်။ ကျပန်းအလုပ်‌တွေ ‌နေ့စားအလုပ်‌တွေလုပ်ကြ တယ်။ ဒီမှာ‌တော့ သူတို့အတွက် ဘာအလုပ်မှ မရှိ‌သေးဘူး‌လေ။ ဦးတို့ကျ‌တော့ မိုးတွင်းအချိန်မှာ ‌တောင်ယာပဲလုပ် တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အနီးနားရွာများနှင့် ‌လေး‌ကေ့‌ကော်မြို့သစ်တွင် ပြန်လည်‌နေထိုင်ကြသည့် ဒုက္ခသည်ပြည်သူများသည် ‌လေး‌ကေ့ ‌ကော်တွင် အလုပ်ကိုင်မရှိသဖြင့် ထိုင်းနိုင်ငံဘက်ခြမ်း၊ မြဝတီမြို့ နှင့် အနီးအနားရွာများတွင် ကျပန်းလုပ်ကိုင်‌နေရပြီး ‌တောင်ယာများ တွင်လည်း ‌နေ့စားအဖြစ် သွား‌ရောက်လုပ်ကိုင်လျှက်ရှိသည်ဟု ‌လေး‌ကေ့‌ကော်တွင်‌နေထိုင်သည့် ဒုက္ခသည်များက ‌ပြောသည်။

မြို့သစ်စီမံကိန်းနှင့်ပတ်သက်၍ အ‌ဆောက်အဦးတည်‌ဆောက်‌ရေးနှင့်ပြန်လည်‌နေရာချထား‌ရေးကို အဓိက ဦးစား‌ပေးလုပ်ခြင်းဖြစ်ပြီး အလုပ်အကိုင်ရရှိ‌ရေးကို ဒုတိယ စီမံချက်အဖြင့် လုပ်‌ဆောင်‌ပေးသွားမည်ဟု ‌လေး‌ကေ့‌ကော် ပြန်လည်‌နေရာချထား‌ရေး‌ကော်မတီထံမှ သိရသည်။

‌လေး‌ကေ့‌ကော် ပြန်လည်‌နေရာချထား‌ရေး‌ကော်မတီ အတွင်း‌ရေးမှူး ‌စော‌ဌေးမြင့်‌အောင်က “အခု‌တော့ လျှပ်စစ် မီး‌တော့ မသွယ်တန်းရ‌သေးဘူး။ အ‌သေးစားလုပ်ငန်း လုပ်‌ပေးဖို့‌တော့ရှိတယ်။ ဒီလုပ်ငန်းလုပ်ဖို့ လျှပ်စစ်စွမ်း အင်ရရှိရမယ်။ လုံ‌လောက်‌အောင်ရရှိမယ်ဆိုရင် အလုပ်အကိုင်ရရှိဖို့ ‌ပြေလည်သွားမယ်လို့‌တော့ ‌မျှော်လင့်တယ်”ဟု ‌ပြောသည်။

‌လေး‌ကေ့‌ကော်မြို့သစ်စီမံကိန်းသည် ၂၁၁၄ ခုနှစ်၊ ဇွန်လအတွင်းက စတင်ပြီး ၅ နှစ်စီမံကိန်းဖြစ်သည်။ ‌မြေဧက ‌ပေါင်းအားဖြင့် ၁,၈၀ဝ လျာထားကာ ၇၅၅ ဧကတို့ကို အရစ်ကျ အ‌ကောင်အထည်‌ဖော်မည်ဖြစ်သည်။

ယခုအချိန်အထိ တန်ဖိုးနည်း အိမ်အလုံး ၆၅ဝ လုံးကို တည်‌ဆောက်ထားပြီး သတ်မှတ်ထားသည့် အိမ်အလုံး ၁,၅၀ဝ တည်‌ဆောက်ပြီးသွားပါက ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရတ်မြို့နယ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ ပြန်လာမည်ဟု ‌လေး‌ကေ့‌ကော် ပြန်လည်‌နေရာချထား‌ရေး‌ကော်မတီထံမှ သိရသည်။