Home သတင်း ‌လော်ခီးလာ ကရင်‌တော်လှန်‌ရေး‌နေ့အခမ်းအနား၌ ‌ဒေသအသီးသီးမှ ကရင်ကိုယ်စားလှယ်များ ပထမဆုံးအကြိမ် တက်‌ရောက်

‌လော်ခီးလာ ကရင်‌တော်လှန်‌ရေး‌နေ့အခမ်းအနား၌ ‌ဒေသအသီးသီးမှ ကရင်ကိုယ်စားလှယ်များ ပထမဆုံးအကြိမ် တက်‌ရောက်

2044

ဇန်နဝါရီ ၃၁ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

ဇန်နဝါရီလ ၃၁ရက်‌နေ့တွင် ကျ‌ရောက်သည့် ၆၈နှစ်‌မြောက် ကရင်အမျိုးသား‌တော်လှန်‌ရေး‌နေ့ကို ‌ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးမှ ဦး‌ဆောင်၍ ‌လော်ခီးလာ(‌လေးဝါး)တွင် ကျင်းပခဲ့ရာ ကရင်လက်နက်ကိုင်များ၊ ကရင်နိုင်ငံ‌ရေးပါတီများ၊ ကရင်လူ မှုအဖွဲ့အစည်းများနှင့် ‌ဒေသအသီးသီးကို ကိုယ်စားပြုသည့် ကရင်ကိုယ်စားလှယ်များက ပထမဆုံးအကြိမ် ပါဝင်တက်‌ရောက်ခဲ့ ကြသည်။

ဇန်နဝါရီလ ၂၈ရက်မှ ၃ဝရက်‌နေ့အထိ ‌လော်ခီးလာတွင် ကျင်းပသည့် ကရင်အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို ကျင်းပအ ပြီး ဇန်နဝါရီလ ၃၁ရက်‌နေ့တွင် ကျ‌ရောက်သည့် ၆၈နှစ်‌မြောက် ကရင်‌တော်လှန်‌ရေး‌နေ့ အခမ်းအနားကိုပါ ‌ကေအဲန်ယူက တစ် ဆက်တည်း ကျင်းပခဲ့ခြင်းဖြစ်သည်။

KNU ဗဟိုအမြဲတမ်း‌ကော်မတီဝင် ပဒို‌စောလှထွန်းက “နဂိုကတည်းက ဒီလိုစုစုစည်းစည်းနဲ့ ကရင်‌တော်လှန်‌ရေး‌နေ့မှာ အတူတူ ပါဝင်နိုင်ဖို့ စဉ်းစားထားချက်‌တွေဖြစ်ပါတယ်။ အခုလို ပါဝင်လာနိုင်တာလည်း ဒါ ထူးခြားချက်တစ်ခု ဖြစ်ပါတယ်။ ‌နောက်ပြီး နိုင်ငံ ‌ရေး‌ဆွေး‌နွေးပွဲ‌တွေအတွက် အခုလို ကရင်အမျိုးသား‌တွေ အမြဲဆုံ‌တွေ့နိုင်တဲ့ အ‌ခြေအ‌နေ‌တွေဆက်ပြီး ဖန်တီး‌ပေးရမှာ ဖြစ်သလို ‌နောက်နှစ်‌တွေမှာလည်း ဒီလို အားလုံးပါဝင်သွားနိုင်ဖို့ ကြိုးစားမှာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ၆၇နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့ကို စစ်‌ရေးပြ အခမ်းအနားများဖြင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ ‌တော်-KNLA တပ်မဟာ(၇)ဌာနချုပ်တွင် ကျင်းပခဲ့ကြ‌သော်လည်း ယခုနှစ်တွင်မူ ကရင်လူမျိုးများ၏ အမျိုးသားအဆင့် နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲများ‌ကြောင့် စစ်‌ရေးပြ အခမ်းအနားများဖြင့် ကျင်းပရန် အချိန်မရ‌တော့ဘဲ ‌တော်လှန်‌ရေး‌နေ့နှင့်ပတ်သက်၍ မိန့်ခွန်း ‌ပြောကြားခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်း အစီအစဉ်များဖြင့်သာ ‌လော်ခီးလာတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ထို‌နေ့ အခမ်းအနားတွင် KNU၊ DKBA၊ KNU/KNLA-PC၊ BGF စသည့် ကရင်လက်နက်ကိုင် ကိုယ်စားလှယ်အပြင် ကရင်နိုင်ငံ ‌ရေးပါတီများ၊ ဧရာဝတီတိုင်း‌ဒေသကြီး၊ တနသင်္ာရီတိုင်း‌ဒေသကြီး၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ အထက်မြန်မာပြည်၊ ရန်ကုန် စသည့်‌နေရာ‌ဒေသများနှင့် လူမှုအဖွဲ့အစည်းအသီးသီးများမှ ကိုယ်စားပြု တက်‌ရောက်လာသည့် ကိုယ်စားလှယ်များ ပါဝင်တက်‌ရောက်ခဲ့ကြသည်။

ထို့အပြင် ‌ကေအဲန်ယူဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးကိုယ်တိုင် တက်‌ရောက်မိန့်ခွန်း‌ပြောကြားခဲ့ပြီး ကရင်လူငယ်အစည်းအ ရုံး-KYO၊ ကရင်အမျိုးသမီးအစည်းအရုံး -KWO နှင့် မဟာမိတ်အဖွဲ့အသီးသီးမှ ‌ပေးပို့သည့် သဝဏ်လွှာများဖတ်ကြားခြင်း၊ ငြိမ်း ချမ်း‌ရေးသီချင်းများ သီဆို‌ဖျော်‌ဖြေခြင်း အစီအစဉ်များဖြင့် ကျင်းပခဲ့ကြသည်။

ကရင်အမျိုးသားနိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတွင် အထက်မြန်မာပြည် ကရင်ကိုယ်စားလှယ်အဖြစ် ကိုယ်စားပြု တက်‌ရောက်လာသူ လား ရှိုးမြို့မှ ‌စောသာဒူးက “ကရင်‌တော်လှန်‌ရေး‌နေ့ အခမ်းအနားဆိုတာကို ကျ‌နော် ဒါ ပထမဆုံးအကြိမ် တက်‌ရောက်ဖူးတာ ဖြစ်ပါ တယ်။ Facebook ‌တွေထဲမှာမြင်ရ‌တော့ အားကျမိတယ်။ ပထမစစ်‌ရေးပြ အခမ်းအနား‌တွေနဲ့ ‌တွေ့ရမယ်လို့ ထင်‌ပေမယ့် အ‌ခြေ အ‌နေ အချိန်အခါအရ မလုပ်ဖြစ်ဘူး‌ပေါ့‌နော်။ ဒါ‌ပေမဲ့လည်း အခုလို တက်‌ရောက်ရတာကိုပဲ ဝမ်းသာဂုဏ်ယူမိပါတယ်။”ဟု ‌ပြော သည်။

ယခုနှစ်ကျ‌ရောက်သည့် ကရင်‌တော်လှန်‌ရေး‌နေ့ အထိမ်းအမှတ်ကို KNU၏ ခရိုင်၊ တပ်မဟာ အသီးသီးတွင် ပြုလုပ်ခဲ့ကြသလို ‌ကေအဲန်ယူ၊ ဖာပွန်ခရိုင် ‌ဒေးပူနို‌ကျေးရွာနှင့် တပ်မဟာ(၆)နယ်‌မြေ၊ နိုဖိုး-ထီးမူးထာ့‌ဒေသများ၌လည်း စစ်‌ရေးပြ အခမ်းအနားများ ဖြင့် စည်ကားစွာ ကျင်းပခဲ့သည်ဟု သိရသည်။

ဖဆပလ အစိုးရက ကရင်အမျိုးသားကာကွယ်‌ရေးအဖွဲ့ (‌ကေအဲန်ဒီအို)အား ၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်‌နေ့တွင် မတရားအ သင်းအဖြစ် ‌ကြေညာပြီး‌နောက် နှစ်ဘက်တပ်များအကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် ဇန်နဝါရီလ ၃၁ရက်‌နေ့ကို ကရင့် ‌တော်လှန်‌ရေး‌နေ့အဖြစ် ‌ကေအဲန်ယူက သတ်မှတ်ခဲ့သည်။