Home သတင်း ‌တောင်က‌လေး‌တောင် ‌ကျောက်လုပ်ငန်းကို သက်တမ်းဆက်တိုးမည်ကို ‌ဒေသခံအများစု မလိုလား

‌တောင်က‌လေး‌တောင် ‌ကျောက်လုပ်ငန်းကို သက်တမ်းဆက်တိုးမည်ကို ‌ဒေသခံအများစု မလိုလား

1993

‌ဖေ‌ဖော်ဝါရီ ၂၂ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောခါးစူးညား

ဖားအံမြို့နယ် ‌ကော့ရင်းအထက်‌ကျေးရွာအုပ်စုနှင့် ‌နောင်ကျန်‌ကျေးရွာအုပ်စုအကြားရှိ ‌တောင်က‌လေး‌တောင် ‌ကျောက်ထုတ် လုပ်ငန်းမှာ ယခုလ ‌ဖေ‌ဖော်ဝါရီ ၃ရက်‌နေ့က ၂၀၁၆ခုနှစ် တစ်နှစ်စာသက်တမ်းပြည့်ပြီးဖြစ်၍ အဆိုပါလုပ်ငန်းရှင်များ၏ လုပ်ကိုင် ခွင့်သက်တမ်းကို ဆက်မတိုး‌ပေးရန် ‌တောင်ကုန်း‌ဒေသခံ အများစုက လိုလား‌နေကြသည်ဟု ‌တောင်ကုန်း‌ကျေးရွာသားဖြစ်သူ ‌စောဇာလီက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

၎င်းက “ဒီ‌တောင် ငါးပုံနှစ်ပုံ ကုန်ပြီလို့ ‌ပြောလို့ ရတယ်။ ‌တောင်ဟာ ဘိုးဘွား‌ခေတ်ကတည်းက ဟိုဘက်ဒီဘက် ‌ဖောက်ထွက်တဲ့ သဘာဝဂူ‌ပေါက်တစ်ခု ရှိတယ်။ ရာသီစပါးသယ်ဖို့နဲ့ သွားလာဖို့ ‌ဒေသခံ‌တွေ ဂူ‌ပေါက်ကို အသုံးပြုကြတယ်။ မိုင်း‌ဖောက်လို့ ဂူ‌ပေါက်လည်း ပိတ်သွားပြီ။ အနီးဆုံး‌နေရာမှာရှိတဲ့ ကျ‌နော်တို့လည်း ထိတ်လန့်မှုဖြစ်ခဲ့တာ ခုထိပါပဲ။ အနာဂတ်အတွက် ကြည့်ပြီး ဒီ‌တောင်ကို သဘာဝအတိုင်းပဲ ကျ‌နော်တို့ ဆက်မြင်ချင်ပါတယ်”ဟု ‌ပြောသည်။

ပတ်ဝန်းကျင်ထိခိုက်မှု ရပ်တန့်သွား‌ရေးနှင့် အနာဂတ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးအတွက် ‌ရှေးရှု၍ ‌တောင်က‌လေး ‌တောင် ‌ကျောက်ထုတ်လုပ်ငန်းလုပ်ကိုင်ခွင့် သက်တမ်းဆက်တိုးမည်ကို ‌ကျောက်ထုတ်လုပ်ငန်းနှင့် အနီးဆုံးဖြစ်သည့် ‌တောင် ကုန်းရွာ ‌ဒေသခံများက မလိုလားကြသည့်အပြင် အဆိုပါ‌ကျောက်လုပ်ငန်း‌ကြောင့် ‌တောင်ပတ်လည်ရှိ ‌မြေယာဧက ၃ဝ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့‌ကြောင်းလည်း ‌စောဇာလီက ထပ်မံ ‌ပြောဆိုသည်။

လုပ်ငန်းရှင်များ သက်တမ်းတစ်နှစ်ပြည့်ပြီးသည်နှင့်အမျှ ‌ကော့ရင်းအထက်‌ကျေးရွာအုပ်ရှိ ‌ကျေးရွာတာဝန်ရှိသူများ အပါအဝင် ‌တောင်ကုန်း‌ကျေးရွာ ‌ဒေသခံအချို့သည် ‌ကော့ရင်းအထက် အုပ်ချုပ်‌ရေးမှူးရုံး၌ ‌ဖေ‌ဖော်ဝါရီလ ၁၆ရက်‌နေ့တွင် ‌တွေ့ဆုံခဲ့ကြပြီး ‌ကျောက်ထုတ်လုပ်ငန်းအ‌ပေါ် သ‌ဘောထား‌ပေးထားခဲ့ပြီးဖြစ်သည်ဟု ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

‌ကျောက်ထုတ်လုပ်ငန်း၌ ‌တောင်က‌လေး‌တောင်၏အ‌ရှေ့ဘက်ခြမ်းတွင် လုပ်ငန်းရှင် ဦးခင်‌မောင်‌ကျော်နှင့် ‌တောင်၏ အ‌နောက် ဘက်ခြမ်းတွင် ဦးလူခင် ဆိုသူတို့က လုပ်ကိုင်လျှက်ရှိပြီး တစ်နှစ်စာ သက်တမ်းပြည့်ပြီဖြစ်သည့်အတွက် လတ်တ‌လောတွင် ၎င်း တို့၏ လုပ်ငန်းမှာ ရပ်နားထား‌ကြောင်းနှင့် ‌နောက်တစ်နှစ်စာ လုပ်ကိုင်ခွင့်ရရှိရန် သက်ဆိုင်ရာ အစိုးရဌာနသို့ တင်ပြထား‌ကြောင်း လည်း ‌ကော့ရင်းအထက် ‌ကျေးရွာအုပ်ချုပ်မှူးဖြစ်သူ ‌စော‌ရွှေသိန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌လော‌လောဆယ် ရပ်နားထားတယ်။ လုပ်ငန်းရှင်‌တွေက လုပ်ခွင့်သက်တမ်းတိုးဖို့ တင်ပြထားပြီလို့ သိရပါတယ်။ ‌ရှေ့ဆက် ‌ကျောက်ထုတ်လုပ်ငန်းလုပ်ဖို့နဲ့ပတ်သက်ပြီး အပြန်အလှန် အကျိုးရှိမရှိကို ကျ‌နော်တို့ ကြည့်ရမယ်။ အဓိက‌တော့ ‌ဒေသခံ‌တွေရဲ့ သ‌ဘောထားက အ‌ရေးကြီးပါတယ်”ဟု ‌စော‌ရွှေသိန်းက ဆိုသည်။

‌တောင်က‌လေး‌တောင် ‌ကျောက်လုပ်ငန်းကာလအတွင်း၌ တစ်‌နေ့လျှင် နှစ်ကြိမ်နှုန်းဖြင့် ‌ကျောက်မိုင်း‌ဖောက်ခွဲလျှက်ရှိပြီး အ‌ရှေ့ ဘက်ခြမ်းမှ ‌ဖောက်ခွဲမှုမှာ ပိုမို ပြင်းထန်သည့်အတွက် ‌တောင်ကုန်း‌ကျေးရွာရှိ လူ‌နေအိမ်‌ခြေများ တုန်ခါမှု ဖြစ်ပွားခဲ့သလို ‌ကျောက်ခဲတုံးကြီး လွှင့်စင်ထိမှန်မှု‌ကြောင့် ‌တောင်အ‌နောက်ဘက်ခြမ်း ကမ်းပါးတွင် ‌ဆောက်ထားသည့် ဘုန်းကြီး‌ကျောင်းအ ‌ဆောက်အဦး‌ခေါင်မိုး ပျက်ဆီးခဲ့ရမှုများရှိသည်ဟုလည်း သိရသည်။

‌ကော့ရင်းအထက်‌ကျေးရွာအုပ်စုတွင် ‌တောင်ကုန်း အပါအဝင် ဥသျှစ်ကုန်း၊ ‌ရွှေနီ၊ ရွာက‌လေး၊ ပန်းဖူး၊ ‌တောင်က‌လေး၊ အနမ်းပင် ကုန်း၊ ချမ်းသာကုန်း၊ ‌ကော့မူးသီးနှင့် ကွက်သစ် စသည့်‌ကျေးရွာများ တည်ရှိသည်။ ၎င်း‌ကျောက်ထုတ်လုပ်ငန်းနှင့် အနီးဆုံးရှိ သည့် ‌တောင်ကုန်း‌ကျေးရွာတွင် အိမ်‌ခြေ‌ပေါင်း ၆၀‌ကျော် ရှိသည်။