Home သတင်း ‌ဈေး‌ကောင်းရသဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တံမြက်စည်းပင်ခူးသူ အဆင်‌ပြေလျှက်ရှိ

‌ဈေး‌ကောင်းရသဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တံမြက်စည်းပင်ခူးသူ အဆင်‌ပြေလျှက်ရှိ

3065

‌ဖေ‌ဖော်ဝါရီ ၂၂ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ‌နေရာအချို့တွင် ယခုလ ‌ဖေ‌ဖော်ဝါရီအတွင်း တံမြက်စည်းပင်ခူး သည့် ရာသီအချိန်တွင် ‌ဈေး‌ကောင်းရသဖြင့် တံမြက်စည်းပင် ခူးသူများအ‌နေဖြင့် အဆင်‌ပြေပြီး ဝင်‌ငွေ ‌ကောင်း‌နေသည်ဟု ‌ဒေသခံများထံမှ သိရသည်။

‌ဖေ‌ဖော်ဝါရီနှင့် မတ်လတွင်သာ တံမြက်စည်းပင်များ ဖူးပွင့်ပြီး ယခင်နှစ်က တံမြက်စည်း တစ်ပိဿ ာကို ၅၀ဝ ကျပ်ခန့်နှင့် တစ်ပင်ကို ၁ ကျပ်ခွဲသာ ‌ဈေးရှိရာမှ ယခုနှစ် တစ်ပိဿ ာကို ၈၀ဝ ကျပ်နှင့် တစ်ပင်ကို ၃ ကျပ်ခွဲအထိ ‌ဈေး‌ကောင်းရသည့်အတွက် ဝင်း‌ရော်‌ဒေသတွင် တံမြက်စည်းခူးသူများ များပြားလျှက်ရှိသည် ဟု ‌ဒေသခံများထံမှ သိရသည်။

“ဒီနှစ်မှာ တစ်ပိဿာ ၈၀ဝ ‌လောက်ရှိတယ်။ အပင်နဲ့ဆို တစ်ပင် ၃ ကျပ်ခွဲ‌ဈေးရတယ်။ ဒီမှာက ရာဘာခြံ ‌တွေမှာ‌ရော၊ ‌တောင်‌ပေါ်‌တွေမှာ တံမြက်စည်းပင်‌တွေ လိုက်ခူးလို့ရတယ်‌လေ။ တစ်ရက် တစ် ‌သောင်းဝန်းကျင် ‌လောက်‌တော့ ရတယ်” ဟု ဝင်း‌ရော်‌ဒေသမှ တံမြက်စည်းခူးသူ ‌စော‌ခေါင်ပလူက ‌ကေအိုင်စီသို့‌ပြော သည်။

တံမြက်စည်းပင် အများဆုံး‌ပေါက်‌လေ့ရှိသည့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ဝင်း‌ရော် ‌ဒေသ၊ မွန်ပြည်နယ် သံဖြူဇရပ်နှင့် ‌ရေး စသည့် ‌ဒေသများတွင် အပင်အမျိုးအစားအလိုက်‌ပေါ်မူတည်ပြီး ‌ဈေး‌ပေးကာ အဝယ်ဒိုင်များက လိုက်လံဝယ်ယူလျှက်သည်ဟု သိရသည်။

ကြာအင်းဆိပ်ကြီးမြို့ရှိ တံမြက်စည်း အဝယ်ဒိုင် ဦး‌ခေါင်းဖြူက “ဒီနှစ်မှာ အပင်ထွက်သ‌လောက် ဝယ်တယ်။ ‌သေချာပြုလုပ်ထားတဲ့ တံမြက်စည်း တစ်စည်းဆိုရင် ၅၀ဝ ကျပ် ‌ဈေးရှိတယ်။ ‌တောင်‌ပေါ်အထိ တက်ဝယ် တယ်။ ကားကြီးနဲ့ သာယာဝတီမြို့က‌နေ တစ်‌ခေါက်ပို့ပြီးပြီး” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ တံမြက်စည်းပင်များကို တံမြက်စည်း လုပ်ငန်းလုပ်ကိုင်‌နေကြသည့် မွန်ပြည်နယ် မုဒုံ၊ ‌မော်လမြိုင်၊ ရန်ကုန်နှင့် မြန်မာပြည်အထက်ပိုင်း အညာ‌ဒေသများသို့ အများဆုံးတင်ပို့ကြပြီး ပြည်ပနိုင်ငံအချို့ ကိုလည်း တစ်ဆင့်တင်ပို့လျှက်ရှိသည်ဟု အဝယ်ဒိုင်ထံမှ သိရသည်။