Home သတင်း ဧရာဝတီတိုင်း‌ဒေသကြီး မြို့ကြီးအချို့တွင် ကရင်အမျိုးသား‌နေ ့အခမ်းအနား ကျင်းပသွားမည်

ဧရာဝတီတိုင်း‌ဒေသကြီး မြို့ကြီးအချို့တွင် ကရင်အမျိုးသား‌နေ ့အခမ်းအနား ကျင်းပသွားမည်

2936

‌ဖေ‌ဖော်ဝါရီ ၈ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

ဧရာဝတီ တိုင်း‌ဒေသကြီး ပုသိမ်၊ ‌မြောင်းမြ၊ ဟသင်္ာတမြို့နယ်များတွင် ‌ဖေ‌ဖော်ဝါရီ ၁၁ ရက်‌နေ့တွင် ကျ‌ရောက်မည့် ၆၉ နှစ်‌မြောက် ကရင်အမျိုးသား‌နေ့ အခမ်းအနားများကို ကျင်းပသွားမည်ဟု အခမ်းအနား ဖြစ်‌မြောက်‌ရေးအတွက် ဦး‌ဆောင်စီ စဉ်‌နေသူများက ‌ကေအိုင်စီသို့ အသီးသီး‌ပြောဆိုသည်။

ပုသိမ်မြို့‌ပေါ်တွင် ကရင်အမျိုးသား‌နေ့အခမ်းအနား ကျင်းပ‌ရေး ဦး‌ဆောင်စီစဉ်‌နေသူတစ်ဦးဖြစ်သူ မန်းစိုးမိုးက “ ဧရာဝတီ တိုင်း‌ဒေသကြီး ကရင့်‌ရေးရာဝန်ကြီးရဲ့ လမ်းညွှန်မှုနဲ ့ ၆၉ နှစ်‌မြောက် ကရင်အမျိုးသား‌နေ့ကို ပုသိမ်မြို့၊ စ‌ကော ကရင် ကျမ်းစာ‌ကျောင်းခန်းမ (ကိုသာဖြူဝန်း) မှာ ကျင်းပသွားဖို့ စီစဉ်ထားတယ်။ အမျိုးသား‌နေ ့ အ‌ကြောင်း ‌ဟော‌ပြောသွား မှာဖြစ်သလို စာ‌ပေနဲ ့ယဉ်‌ကျေးမှုပြခန်းလည်း ဖွင့်လှစ်ပြသသွားဖို့ အစီအစဉ်ရှိတယ်” ဟု ယ‌နေ့ (‌ဖေ‌ဖော်ဝါရီ ၈ရက်)တွင် ‌ပြောသည်။

အလားတူ ၆၉ နှစ်‌မြောက် ကရင်အမျိုးသား‌နေ့အခမ်းအနားကို ဟသင်္ာတမြို့နယ်၊ ဥယျာဉ်‌မြောက် ရပ်ကွက်ရှိ စ‌ကောကရင် နှစ်ခြင်းအသင်း‌တော်ခန်းမ၌ ‌ဖေ‌ဖော်ဝါရီ ၁ဝ ရက်‌နေ့ ည‌နေပိုင်းတွင် ‌ဖျော်‌ဖြေ‌ရေးအစီအစဉ်များ ပြုလုပ်မည်ဖြစ်ကာ ၁၁ ရက်‌နေ့နံနက် ၉ နာရီတွင် အမျိုးသား‌နေ့ အခမ်းအနား ပြုလုပ်မည်ဖြစ်ပြီး ‌ကေအဲန်ယူ- ကရင်အမျိုးသား အစည်းအရုံး ဗဟို‌ကော်မတီဝင် ပဒိုမန်းငြိမ်း‌မောင်ကို အမျိုးသား‌နေ့ ဖြစ်‌ပေါ်လာပုံအ‌ကြောင်း လာ‌ရောက်‌ဟော‌ပြောရန် ဖိတ်‌ခေါ် ထား‌ကြောင်း ဟသင်္ာတမြို့နယ်၊ ကရင်ပြည်သူ ့ပါတီဥက္ကဌ ‌စော‌ကျော်ကြီးက ‌ကေအိုင်စီသို့ ‌ပြောသည်။

သူက “ ကျ‌နော်တို့ အမျိုးသား‌နေ့ကို ဘယ်ပါတီ ဘယ်အဖွဲ့အစည်းကမှ မဟုတ်ဘူး။ ကရင်အမျိုးသား‌တွေ အား လုံး စု ‌ပေါင်းလုပ်မှာပါ။ အစက‌တော့ ဟသင်္ာတမြို့ အ‌နေနဲ့‌လောက်ပဲ လုပ်မလို့ အခုအနီးနားက မြို့‌တွေက ကိုယ့် ကရင်အမျိုး သား‌တွေကိုလည်း ဖိတ်ထားရင်းနဲ့ ခရိုင်အဆင့်ပွဲလိုဖြစ်သွားတယ်။ တချို့ဆို ကရင်အမျိုးသား‌နေ့ ရှိမှန်း‌တောင် မသိတာ ‌တွေရှိတယ်။ ဒီ‌တော့ ကရင်အမျိုးသား‌နေ့ဆိုတာ ဘယ်လို ဖြစ်‌ပေါ်လာတယ်၊ ကိုယ့်‌နေ့ထူး‌နေ့မြတ်ကို လူငယ်‌တွေ သိရှိတန် ဖိုးထားတက်‌အောင် ရည်ရွယ်လုပ်မှာပါ” ဟု ‌ပြောသည်။

ထို့အပြင် ဧရာဝတီတိုင်း‌ဒေသကြီး၊ ‌မြောင်းမြမြို့နယ်၊ ‌ရေတွင်းကန်ရပ်ရှိ ဖူး‌စောဘု ကျမ်းစာ‌ကျောင်းခန်းမ၌ ၆၉ နှစ်‌မြောက် ကရင်အမျိုးသား‌နေ့ အခမ်းအနားကျင်းပသွားမည်ဖြစ်ပြီး အခမ်းအနားအပြီးတွင် ‌မြောင်းမြမြို့နယ် ကရင်စာ‌ပေနှင့် ယဉ် ‌ကျေးမှု‌ကော်မတီ အစည်းအ‌ဝေးဆက်လုပ်သွားမည်ဟု မြို့နယ်စာယဉ် အတွင်း‌ရေးမှူး မန်းထွန်းလင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း ကရင်အမျိုးသား‌နေ့ အခမ်းအနားများကို ယခင်နှစ်တွင် မြို့နယ်အချို့၌ စတင် ကျင်းပခဲ့ခြင်း ဖြစ်သလို တစ်ချို့မြို့နယ်များတွင် ယခုနှစ်မှ ပထမဦးဆုံးအကြိမ် ကျင်းပခြင်းဖြစ်‌ကြောင်း စီစဉ်‌နေသူများထံမှ သိရသည်။

လွပ်လပ်‌ရေးရပြီးစ မြန်မာနိုင်ငံတွင် ကရင်ပြည်ရရှိ‌ရေးအတွက် ဦးနု ဦး‌ဆောင်သည့် ဖဆပလ အစိုးရထံ ကရင် လူထု‌လေးသိန်း‌ကျော်က ၁၉၄၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၁ ရက်‌နေ့တွင် ရန်ကုန်မြို့၌ ဆန္ဒထုတ်‌ဖော်ခဲ့သည့်‌နေ့ကို အစွဲပြုပြီး ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်‌နေ့တွင်ပြုလုပ်သည့် ပြည်လုံးဆိုင်ရာ ‌ကော်သူး‌လေ ကွန်ဂရက်တွင် ယင်း‌နေ့ကို ကရင်အမျိုးသား‌နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။