Home သတင်း အနှစ် ၇ဝပြည့် KNU ‌နေ့ အခမ်းအနားကို ဗဟိုစစ်ဌာနချုပ်‌နေရာတွင် ကျင်းပ

အနှစ် ၇ဝပြည့် KNU ‌နေ့ အခမ်းအနားကို ဗဟိုစစ်ဌာနချုပ်‌နေရာတွင် ကျင်းပ

1742

‌ဖေ‌ဖော်ဝါရီ ၅ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး ဖွဲ့စည်းတည်‌ထောင်ခြင်း နှစ် ၇ဝပြည့် အခမ်းအနားကို KNU ဗဟိုမှ ဦး‌ဆောင်ပြီး ကရင်အမျိုး သားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA ဗဟိုစစ်ဌာနချုပ်၊ ‌သေ့‌ဘေ့ထာ့၌ ယ‌နေ့ (‌ဖေ‌ဖော်ဝါရီ ၅ရက်)တွင် ပြုလုပ်ကျင်းပခဲ့ရာ လူပရိဿတ် ၂၀ဝခန့် တက်‌ရောက်ခဲ့ကြသည်။

KNU နှစ်ပတ်လည်‌နေ့ အခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ တွဲဖက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲက “ဒီလို‌နေ့‌တွေ ဟာ ဘယ်လိုပဲအခက်အခဲရှိပါ‌စေ။ ကျင်းပကို ကျင်းပရမယ့် ‌နေ့တစ်‌နေ့ဖြစ်ပါတယ်။ ဘာ‌ကြောင့်လဲဆို‌တော့ ကရင်တစ်မျိုးသား လုံးအတွက် တန်ဖိုးဖြတ်မရတဲ့ ‌နေ့တစ်‌နေ့ဖြစ်တဲ့အတွက်‌ကြောင့် ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU ကို ၁၉၄၇ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၅ ရက်‌နေ့တွင် စတင်တည်‌ထောင်ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး ကရင်အမျိုးသားများ၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိ‌ရေးအတွက် အုပ်ချုပ်သူအစိုးရ အဆက်ဆက်ထံ နှစ်ကာလ ရှည်လျားစွာ လက်နက်ကိုင် ‌တောင်းဆိုတိုက်ပွဲဝင်ခဲ့သည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

ယ‌နေ့ ‌ပြောင်းလဲလာသည့် နိုင်ငံ‌ရေးအ‌ခြေအ‌နေအရ KNU အ‌နေဖြင့် ၎င်းတို့လိုလားသည့် ဖက်ဒရယ်ပြည်‌ထောင်စုစနစ် ဖြစ် ‌ပေါ်လာ‌ရေးအတွက် လက်ရှိအ‌ကောင်အထည်‌ဖော်‌နေသည့် နိုင်ငံ‌ရေးဖြစ်စဉ်များနှင့်အညီ နိုင်ငံ‌ရေးပြဿ နာများကို စားပွဲဝိုင်း တွင်သာ ‌ဆွေး‌နွေးအ‌ဖြေရှာသွားမည်ဖြစ်‌ကြောင်း ပဒို‌စော‌သောသီဘွဲက ‌ပြောသည်။

ယ‌နေ့ ကျင်းပသည့် KNU နှစ်ပတ်လည်‌နေ့ အခမ်းအနားသို့ KNU၏ မဟာမိတ်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရခိုင်ပြည်လွတ် ‌မြောက်‌ရေးပါတီ-ALP မှ ဒုဥက္ကဌ ဦးခိုင်စိုးနိုင်‌အောင်၊ ကရင်အမျိုးသမီးအစည်းရုံး -KWO၊ ကရင်လူငယ်အစည်းအရုံး -KYO တို့အ ပြင် KNLA စစ်ဖက်ဆိုင်ရာ အရာရှိများလည်း တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားကို နံနက် ၉နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကရင်အမျိုးသားအလံ‌တော်အားအ‌လေးပြုခြင်း၊ KNU တွဲဖက်အ တွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲ၊ ခိုင်စိုးနိုင်‌အောင်၊ ပဒို‌စော‌လေး‌တော၊ KWO ဗဟိုအမြဲတမ်း‌ကော်မတီဝင် ‌နော်‌ဘော်‌ညော စသည့်‌ခေါင်း‌ဆောင်များက အမှာစကား‌ပြောကြားခြင်း၊ KYO၊ KWO တို့၏ သဝဏ်လွှာများကို ဖတ်ကြားခြင်းအပြင် ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှုဖြစ်စဉ်အတွင်း ထဲထဲဝင်ဝင် ပါဝင်ခဲ့သူ ပဒို‌စောလှထွန်းက လက်ရှိ ငြိမ်းချမ်း‌ရေးဖြစ်စဉ် အ‌ခြေအ‌နေများကို ရှင်း လင်း‌ပြောဆိုခဲ့သည်။

အခမ်းအနား တက်‌ရောက်လာသည့် ကရင်လူငယ်တစ်ဦးဖြစ်သူ ‌စောဖိုးက “ကရင်တစ်မျိုးသားလုံးအတွက် ကိုယ်စားပြုတဲ့ KNU ဟာ ဆက်ပြီးရှိ‌နေရမယ်။ ကရင်ရှိ‌နေသမျှ KNU ရှိရမယ်။ KNU ရှိရင် KNU day ဆိုတာ ဘယ်‌ခေတ်၊ ဘယ်အ‌ခြေအ‌နေပဲ‌ရောက် ‌ရောက် ‌နောင်လာ‌နောက်သား‌တွေအတွက် ဆက်ရှိ‌နေဖို့ လိုအပ်တယ်”ဟု ‌ပြောသည်။

ယခုနှစ်တွင် ကျ‌ရောက်သည့် နှစ် ၇ဝပြည့်‌မြောက် KNU နှစ်ပတ်လည်‌နေ့ကို သက်ဆိုင်ရာ KNU ထိန်းချုပ်ရာနယ်‌မြေရှိ ခရိုင်နှင့် မြို့နယ်အသီးသီးတို့တွင် အစဉ်အလာမပျက် နှစ်စဉ် ကျင်းပ‌လေ့ရှိ‌ကြောင်း သိရသည်။