Home သတင်း အလယ်တန်းနှင့် မူလတန်းအဆင့်စာ‌မေးပွဲကို ‌ဖြေဆိုမည့် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသားဦး‌ရေ တိုးလာ

အလယ်တန်းနှင့် မူလတန်းအဆင့်စာ‌မေးပွဲကို ‌ဖြေဆိုမည့် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသားဦး‌ရေ တိုးလာ

1533

‌ဖေ‌ဖော်ဝါရီ ၁ဝ ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး

‌ဖေ‌ဖော်ဝါရီ ၂၂ ရက်‌နေ့တွင် စတင်မည့် မြန်မာနိုင်ငံ၏ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် အလယ်တန်းနှင့် မူလတန်းအ ဆင့် အစိုးရစစ်အတန်းတင်စာ‌မေးပွဲကို ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်းများမှ ဝင်‌ရောက်‌ဖြေဆိုမည့် ‌ကျောင်းသူ၊ ‌ကျောင်းသားဦး‌ရေ ယခင်နှစ်ထက် ဦး‌ရေတိုးလာသည်ဟု ‌ရွှေ့‌ပြောင်းပညာ‌ရေး တာဝန်ရှိသူများက ‌ပြောသည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲ‌ဆောက်‌ဒေသတွင် ဆာသူး‌လေ၊ ပါရမီနှင့် ‌သွေးသစ်‌ကျောင်း (New Blood)စသည့် စာစစ် ဌာနသုံးခု၌ ယခင်နှစ်က ‌ကျောင်း‌ပေါင်း ၃၇ ‌ကျောင်းမှ ‌ဖြေဆိုသူ ၅၀ဝ ခန့်သာရှိခဲ့ရာမှ ယခုနှစ်ပညာသင်နှစ်တွင် ‌ကျောင်း ‌ပေါင်း ၃၉ ‌ကျောင်းမှ ‌ကျောင်းသူ၊ ‌ကျောင်းသား စုစု‌ပေါင်း ၅၈၂ ဦးအထိ ဝင်‌ရောက်‌ဖြေဆိုမည်ဟု မြန်မာ‌ရွှေ့‌ပြောင်း ပညာ‌ရေးလုပ်‌ဆောင်သူများ၏ စာရင်းအရ သိရသည်။

မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများ ပညာ‌ရေး‌ကော်မတီ-BMWEC ၏ ပြည်တွင်း ပညာ‌ရေးတာဝန်ခံ ‌စောခလိထူးက “ဒီ ဆာ သူး‌လေစာစစ်ဌာနမှာ ဝင်‌ရောက်‌ဖြေဆိုမဲ့‌ကျောင်းသူ၊ ‌ကျောင်းသားဦး‌ရေက ပြီးခဲ့တဲ့နှစ်ထက် ၄ဝ ‌ကျော်‌လောက် တိုး လာတယ်။
တိုးလာတဲ့အ‌ကြောင်းအရင်းက ‌ကျောင်းသူ၊ ‌ကျောင်းသား‌တွေက ဒီစာ‌မေးပွဲ အ‌ပေါ်မှာ ပိုပြီး‌တော့မှ စိတ်ဝင် စားလာကြတယ်‌လေ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

BMWEC ၏ စီစဉ်မှုဖြင့် ဆာသူး‌လေ‌ကျောင်း စာစစ်ဌာန၌ ယခင်နှစ်က ‌ကျောင်း‌ပေါင်း၂ဝ ‌ကျောင်းမှ စတုတ္ထတန်းနှင့် အဌမ တန်းတွင် ‌ကျောင်းသူ၊ ‌ကျောင်းသား ဦး‌ရေ ၂၆၅ ဦး ဝင်‌ရောက်‌ဖြေဆိုခဲ့ရာမှ ယခုနှစ် ‌ကျောင်း‌ပေါင်း ၂၁ ‌ကျောင်းတွင် ‌ကျောင်းသူ၊ ‌ကျောင်းသားဦး‌ရေ ၃၀၈ ဦး ဝင်‌ရောက်‌ဖြေဆိုမည်ဟု ‌စောခလိထူးက ဆက်‌ပြောသည်။

ထို့အပြင် နယ်စည်းမခြား ကူညီ‌စောင့်‌ရှောက်‌ရေးအဖွဲ့-HWF ၏ အစီအစဉ်‌အောက်ရှိ ပါရမီ‌ကျောင်း စာစစ်ဌာန၌ ယခုနှစ် ‌ကျောင်း‌ပေါင်း ၁၂ ‌ကျောင်းမှ စတုတ္ထတန်းနှင့် အဌမတန်းတွင် ၁၆၃ ဦး ဝင်‌ရောက်‌ဖြေဆိုမည်ဖြစ်ပြီး ယခင်နှစ် ‌ဖြေဆိုသူ ‌ကျောင်းသူ၊ ‌ကျောင်းသားဦ‌ရေထက် ၂ဝ ဦး‌ကျော်တိုးလာသလို ‌သွေးသစ် -New Blood ‌ကျောင်း စာစစ်ဌာနတွင် ‌ကျောင်း ‌ပေါင်း ၆ ‌ကျောင်းမှ ယခင်နှစ် ‌ဖြေဆိုသူဦး‌ရေ ၁၀၅ ဦးမှ ယခုနှစ်တွင် ၁၁၁ ဦးဝင်‌ရောက်‌ဖြေဆိုမည်ဟု အဆိုပါ ‌ကျောင်းတာ ဝန်ရှိသူများထံမှ သိရသည်။

မဲ‌ဆောက်‌ဒေသ၏ မဲ‌ဆောက်၊ မဲ့လမတ်နှင့် ဖုတ်ဖရမြို့နယ် သုံးမြို့နယ်၌ မြန်မာ‌ရွှေ့ ‌ပြောင်းအလုပ်သမားများ၏ သားသမီး များအတွက် ဖွင့်လှစ်ထားသည့်
စာသင်‌ကျောင်း‌ကျောင်း‌ပေါင်း ၆၃ ‌ကျောင်းမှ ‌ကျောင်းသူ၊ ‌ကျောင်းသား‌ပေါင်း နှစ်‌သောင်း ဝန်းကျင် ပညာသင်ယူလျှက်ရှိပြီး ယခင်က နှစ်နိုင်ငံအစိုးရမှ အသိအမှတ်ပြုခြင်းမခံသည့်အ‌ပေါ် အဆိုပါ ‌ကျောင်းသူ ‌ကျောင်းသားများ၏ ပညာ‌ရေးအခွင့်အလမ်းရရှိရန် နည်းပါးသည်ဟု မြန်မာ‌ရွှေ့‌ပြောင်းပညာ‌ရေး လှုပ်ရှားသူများက ‌ပြော သည်။

HWF ၏ ပညာ‌ရေး ဒုလက်‌ထောက် တာဝန်ခံကို‌ဒေးဗစ် “ပထမတုန်းက ဒီက‌လေး‌တွေရဲ့ ပညာ‌ရေးအတွက် အသိအမှတ်ပြု ခံရဖို့က ‌တော်‌တော်ခဲယဉ်းတယ်။ အခုဆိုရင် အစိုးရ စစ်‌တွေ ‌ဖြေလာလို့ရတဲ့အတွက် က‌လေး‌တွေအတွက် အများကြီးအ ခွင့်အလမ်းရှိလာတယ်။ က‌လေး‌တွေက ဘယ်‌နေရာပဲသွားသွား ပြန်ပြီး‌တော့မှ ဒီလက်မှတ်နဲ့ ပညာဆက်သင် လို့ရ‌တော့ မျက်နှာမငယ်ရဘူး‌ပေါ့” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာ‌ရွှေ့‌ပြောင်း ‌ကျောင်းများအ‌နေဖြင့် မြန်မာနိုင်ငံ၏ စတုတ္ထတန်း၊ အဌမတန်းနှင့် တက္ကသိုလ်ဝင်တန်း အစိုးရစစ် စာ‌မေး ပွဲ ဝင်‌ရောက်‌ဖြေဆိုခွင့်ကို လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲတဆင့်မှ စတင်‌ဖြေဆိုခွင့်ရခဲ့ပြီး မူလတန်းနှင့် အလယ်တန်း‌ဖြေဆိုခွင့်ကို ၂၀၁၄ ခုနှစ်တွင် စတင်ရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။