Home ထိပ်တန်းသတင်း အမျိုးသား‌ရေးစိတ်ဓာတ် သိရှိရန် ကရင်လူငယ်များကို ‌ကေအဲန်ယူ တိုက်တွန်း

အမျိုးသား‌ရေးစိတ်ဓာတ် သိရှိရန် ကရင်လူငယ်များကို ‌ကေအဲန်ယူ တိုက်တွန်း

2504

‌ဖေ‌ဖော်ဝါရီ ၁၁ရက်၊ ၂၀၁၇ခုနှစ်။ ‌စောခါးစူးညား

အနာဂတ် ကရင်လူမျိုးဘဝ တည်‌ဆောက်နိုင်‌ရေးအတွက် မှန်ကန်သည့် အမျိုးသား‌ရေးစိတ်ဓာတ် သိရှိရန် ‌ကေအဲန်ယူ -ကရင် အမျိုးသားအစည်းအရုံး ဗဟို စည်းရုံး‌ရေးနှင့် ပြန်ကြား‌ရေးဌာန တာဝန်ခံ ပဒို‌စောလှထွန်းက ‌ဖေ‌ဖော်ဝါရီလ ၁၁ရက်‌နေ့၊ ဖားအံ မြို့ ဇွဲကပင်ခန်းမ၌ ကျင်းပ‌သော (၆၉)နှစ်‌မြောက် ကရင်အမျိုးသား‌နေ့ အခမ်းအနားတွင် ကရင်လူငယ်များအား တိုက်တွန်း‌ပြော ကြားလိုက်သည်။

“ကရင်လူငယ်‌တွေ ကရင့်အမျိုးသား‌နေ့ ဖြစ်‌ပေါ်လာပုံ သိဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လိုု့လဲဆို‌တော့ ကရင်တစ်မျိုးသားလုံး အနာ ဂတ်သာယာလှပနိုင်ဖို့ ပခုံး‌ပြောင်းတာဝန် ယူရမှာ ဖြစ်တယ်။ ကရင်လူငယ်‌တွေဟာ အမျိုးသား‌ရေးစိတ်ဓာတ်၊ လူမျိုး‌ရေးစိတ် ဓာတ်‌တွေ မသိရှိဘဲနဲ့ အနာဂတ် ကရင်လူမျိုး‌တွေရဲ့ ဘဝကို တည်‌ဆောက်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်”ဟု အခမ်းအနားတွင် ပဒို‌စော လှထွန်းက ‌ပြောကြားခဲ့သည်။

ထို့အပြင် ဇာတိ‌သွေး၊ ဇာတိမာန်သည် အမျိုးသား‌ရေးစိတ်ဓာတ်ဖြစ်ပြီး မှန်ကန်‌သော အမျိုးသား‌ရေးစိတ်ဓာတ်သည် လူမျိုးတိုင်း ၏အခွင့်အ‌ရေးကို သိရှိ‌လေးစားရန်သာဖြစ်‌ကြောင်း၊ မိမိအမျိုးသား‌ရေး အခွင့်အ‌ရေးကို ရယူထိန်းသိမ်းကာကွယ်သကဲ့သို့ အခြား လူမျိုးတို့၏ အခွင့်အ‌ရေးကို ထိခိုက်နစ်နာမှုမပြုမိရန်နှင့် လူမျိုးတိုင်း တန်းတူ‌ရေး၊ အပြန်အလှန် ‌လေးစားခြင်း အ‌ခြေခံအ‌ပေါ် အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲ‌နေထိုင်မှုကို ‌လေးစားတန်ဖိုးရန်ဖြစ်‌ကြောင်း ၎င်းက ဆက်လက် ‌ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ‌ကေအဲန်ယူ အပါအဝင် ပြည်နယ်အစိုးရ ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပြည်နယ် လွှတ်‌တော်ကိုယ် စားလှယ်များ၊ ကရင်နိုင်ငံ‌ရေးပါတီမှ တာဝန်ရှိသူပုဂ္ဂိုလ်များ၊ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၊ ကရင်လူမှုအဖွဲ့အစည်းများ၊ ‌ကျောင်း သူ‌ကျောင်းသားများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်‌တော်များ စုစု‌ပေါင်း ၄၀ဝ ဝန်းကျင် တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနား တက်‌ရောက်ခဲ့သူ ကရင်လူငယ် ‌စောလားက‌ပေါ်က “ကျ‌နော်တို့ ကရင်လူမျိုး‌တွေဟာ မိမိရဲ့အမျိုးသား‌ရေး ရပ် တည်ချက်‌တွေ၊ ဦးတည်ချက်‌တွေ ရှိတယ်။ ဒါကို ‌ရေရှည်မှာ တစိုက်မတ်မတ် ကိုင်စွဲနိုင်ဖို့ ကရင်အမျိုးသား‌ရေး‌နေ့ဆိုတာ ကျ‌နော် လူငယ်‌တွေအတွက် အရမ်းအ‌ရေးကြီးတယ်”ဟု ‌ကေအိုင်စီသိုု့ ‌ပြောသည်။

အခမ်းအနားတွင် ‌ကေအဲန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး၏ (၆၉)ကြိမ်‌မြောက် ကရင်အမျိုးသား‌နေ့ မိန့်ခွန်း ဖတ်ကြား ခြင်း၊ ကရင်အမျိုးသား‌နေ့ ဖြစ်‌ပေါ်လာပုံအ‌ကြောင်း ‌ပြောကြားခြင်း၊ ကရင်အမျိုးသား‌နေ့အ‌ပေါ် ဂုဏ်ပြုစကား‌ပြောခြင်းနှင့် ကရင် အမျိုးသား‌ရေး ‌တေးသီချင်း‌ဖျော်‌ဖြေခြင်း အစီအစဉ်များ ပါဝင်သည်။

ယ‌နေ့ ‌ဖေ‌ဖော်ဝါရီလ ၁၁ရက်‌နေ့၌ ကျ‌ရောက်သည့် ကရင်အမျိုးသား‌နေ့ကို ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ အတွင်းအပြင် ပြည် တွင်းပြည်ပရှိ ကရင်အမျိုးသားများ အထိမ်းအမှတ် အခမ်းအနား ကျင်းပကြပြီး ကရင်ပြည်နယ် ဖားအံမြို့၌မူ ဒုတိယအကြိမ် ပြု လုပ်ကျင်းပခြင်းဖြစ်သည်။

၁၉၄၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၁ရက်‌နေ့က မြန်မာနိုင်ငံတဝှမ်းရှိ ကရင်လူမျိုး ‌လေးသိန်း‌ကျော်သည် ကရင်ပြည် ချက်ချင်း‌ပေး၊ ကရင် တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ၊ ပြည်တွင်း‌ရေး အလိုမရှိ၊ လူမျိုး‌ရေး အဓိကရုဏ်း အလိုမရှိ စသည့်ဆိုင်းပုဒ်များ ကိုင်‌ဆောင် ၍ ထုတ်‌ဖော်ဆန္ဒပြခဲ့သည်။ ထို‌နေ့ကို ကရင်အမျိုးသား‌နေ့အဖြစ် သတ်မှတ်ရန်အတွက် ၁၉၅၄ခုနှစ်၊ နိုဝင်ဘာလ ၂၃မှ ၂၅ရက် ‌နေ့အထိ ကျင်းပခဲ့‌သော ပထမဆုံးအကြိမ် ‌ကော်သူး‌လေကွန်ဂရက်တွင် ကိုယ်စားလှယ်များက တညီတညွှတ်တည်း အတည်ပြု ခဲ့ကြသည်။