Home သတင်း သုံးကြိမ်‌မြောက် ဝင်း‌ရော်‌ဒေသ ကရင်ရိုးရာမီးပုံပွဲ ‌ဒေသခံ ၅၀ဝ ‌ကျော် တက်‌ရောက်ဆင်နွှဲ

သုံးကြိမ်‌မြောက် ဝင်း‌ရော်‌ဒေသ ကရင်ရိုးရာမီးပုံပွဲ ‌ဒေသခံ ၅၀ဝ ‌ကျော် တက်‌ရောက်ဆင်နွှဲ

1888

‌ဖေ‌ဖော်ဝါရီ ၁၂ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသ၏ သုံးကြိမ်‌မြောက် ကရင်ရိုးရာမီးပုံပွဲ‌တော်ကို ‌ဖေ ‌ဖော်ဝါရီ ၁၁ ရက်‌နေ့ညတွင် ခလယ်‌ကျေးရွာ သိရီမဂင်္လာကွင်း၌ ကျင်းပခဲ့ရာ ခလယ်၊ တံခွန်တိုင်၊ မြို့ ‌ဟောင်း၊ ခလယ်ရွာ‌လေးနှင့် ရပ်‌ဝေးမှ ပွဲ‌တော်လာ‌ရောက်သူ အပါအဝင် လူဦး‌ရေ ၅၀ဝ ‌ကျော် တက် ‌ရောက် ဆင်နွှဲခဲ့ကြသည်။

‌ကျေးရွာအတွင်း ‌ရောဂါဘယများ မ‌ကောင်း‌သောမိစ္ဆာများစွဲကပ်‌နေ‌သော အနာ‌ရောဂါများကို ပ‌ပျောက် ‌စေ ရန်ရည်ရွယ်ပြီး နှစ်စဉ် တပို့တွဲလပြည့်‌နေ့တွင် ‌ရွေးချယ်ကျင်းပရခြင်းဖြစ်သည်ဟု ကျင်းပ‌ရေးအဖွဲ့မှ ဦး ‌ဆောင်သူ ဖွားနန်းပုလဲက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

ဖွားနန်းပုလဲက “‌ရောဂါအနာဘယ‌တွေ မ‌ကောင်းတဲ့မိစ္ဆာ‌တွေ ပ‌ပျောက်‌အောင် ထန်းလျက်၊ အုန်းလျက်၊ ဆီးပင်၊ ကံ့‌ကော်ပင်၊ ပျဉ်းမပင်၊ အကျင်္ီစ၊ လုံချည်စ အနည်းငယ်ရစ်ပတ်ပြီး အနာ‌ရောဂါ ပ‌ပျောက်‌အောင် မီးပူ‌ဇော် ဆု‌တောင်းတာဖြစ်တယ်”ဟု ‌ပြောသည်။

အဆိုပါ ပွဲ‌တော် မတိုင်ခင်တစ်ရက်တွင် ‌ဒေသခံရွာသားများက မိမိ‌မွေး‌နေ့နံအ‌ပေါ်မူတည်ပြီး ထန်းပင်၊ ဆီးပင်၊ ပျဉ်းမပင်၊ ကံ့‌ကော်ပင်များကို မီးပုံပွဲ‌တော် ပြုလုပ်ထားသည့် ‌နေရာသို့ ယူ‌ဆောင်ရပြီး ပွဲ‌တော်ညတွင် ရိုးရာမီးပုံပွဲ‌တော် ဖြစ်‌ပေါ်လာပုံကို ဖတ်ကြားခြင်း၊ ၁၂ လရာသီ ကရင်ဒုံးအကဖြင့် ‌ဖျော်‌ဖြေခြင်းနှင့် ည ၁၁ နာရီ အချိန်တွင် မီးရှို့ ပူ‌ဇော်ပွဲ ပြုလုပ်ခဲ့သည်။

ပွဲ‌တော် တက်‌ရောက်လာသူ ‌စောရှား‌ဖောင်က “‌ရှေးလူကြီး‌တွေ လုပ်ထားတဲ့ ရိုးရာအစဉ်အလာကို ပြန်ပြီး ထိန်းသိမ်းတဲ့အ‌နေနဲ့ ဝိုင်းဝန်း‌ဆောင်ရွက်‌ပေးတာ‌ပေါ့‌နော်။ ‌ကျေးရွာ‌တွေ စု‌ပေါင်းပြီး ယုံကြည်မှုအရ‌ပေါ့‌နော်။ အနာဘယ ကင်း‌ဝေး‌အောင် ကိုယ့်ရဲ့‌နေ့နံအလိုက် သက်‌စေ့အပင်‌တွေယူလာပြီး မီးပုံပွဲလုပ်တယ်။ ရပ်‌ဝေး က သူငယ်ချင်း‌တွေနဲ့လည်း ခင်မင်ခွင့်အများကြီးရတယ်”ဟု ‌ပြောသည်။

ဝင်း‌ရော်‌ဒေသအ‌နေဖြင့် ပြီးခဲ့သည့် နှစ်ကြိမ်‌မြောက် ရိုးရာမီးပုံပွဲကို ခလယ်‌ကျေးရွာ၌ပင် ကျင်းပခဲ့ပြီး ယခုနှစ် တွင် ဝင်း‌ရော်‌ဒေသအပါအဝင် ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် ၁၉၁ ကြိမ်‌မြောက် ကျုံဒုံးမြို့ နယ်လုံးကျွတ်မီးပုံပွဲကို ကျင်းပခဲ့ကြသည်။ ကရင်ရိုးရာမီးပုံပွဲကို ကရင်လူမျိုးများ ‌နေထိုင်ရာ အရပ်‌ဒေသအချို့တွင် နှစ်စဉ် တပို့တွဲလပြည့်‌နေ့တွင် ကျင်းပ‌လေ့ရှိ‌ကြောင်း သိရသည်။