Home သတင်း မဲ့သ‌ဝေါ စစ်‌ရှောင်ဒုက္ခသည် ၇၀၀ဝ ‌ကျော် စားနပ်ရိက္ခာ ပြဿ နာများ ကြုံ‌နေရ

မဲ့သ‌ဝေါ စစ်‌ရှောင်ဒုက္ခသည် ၇၀၀ဝ ‌ကျော် စားနပ်ရိက္ခာ ပြဿ နာများ ကြုံ‌နေရ

2154

‌ဖေ‌ဖော်ဝါရီ ၈ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မဲ့သ‌ဝေါ‌ဒေသအတွင်း ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် စစ် ပွဲများ‌ကြောင့် ‌နေရပ်စွန့်ခွာ ထွက်‌ပြေးတိမ်း‌ရှောင်ကြသည့် စစ်‌ရှောင်ဒုက္ခသည် ၇၀၀ဝ ‌ကျော်သည် လက်ရှိ အချိန်တွင် စားနပ်ရိက္ခာ အခက်အခဲ ပြဿနာများဖြင့် ကြုံ‌တွေ့‌နေရသည်ဟု သိရသည်။

အစိုးရ တပ်မ‌တော်၊ နယ်ခြား‌စောင့် -BGF ပူး‌ပေါင်းတပ်ဖွဲ့နှင့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော် (DKBA-ခွဲထွက်အဖွဲ့)တို့ အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ‌ကြောင့် မဲ့သ‌ဝေါ ‌ဒေသရှိ စစ်‌ဘေး‌ရှောင်များသည် မြိုင်ကြီးငူ၊ ထိုင်း-မြန်မာနယ်စပ်ရှိ ‌နော်တ၊ ထီး‌သေ့ခီ့နှင့် လှိုင်းဘွဲမြို့နယ်နှင့် နယ်‌မြေထိစပ်‌နေသည့် ဖာပွန်မြို့နယ် က‌လော်ဒဲထာ့စသည့် စစ်‌ရှောင်စခန်း ၃ ‌နေရာတွင် ထွက်‌ပြေး ခိုလှုံခဲ့ရခြင်းဖြစ်သည်။

မြိုင်ကြီးငူ၊ စစ်‌ရှောင်စခန်းရှိ စစ်‌ရှောင်ရိက္ခာမှူး ‌နော်တင်လှက “အရင်တုန်းက ‌ရောက်‌ရောက်ချင်းမှာ‌တော့ အ လှူရှင်‌တွေအများကြီးလာပါတယ်။ အခု‌နောက်ပိုင်းကျ‌တော့ တစ်ပတ်လည်းမဟုတ်၊ ၁၅ ရက်လည်းမဟုတ်၊ ၃ လလည်းမဟုတ်၊ ၄ လ‌တောင်‌ကျော်သွားပြီ‌လေ။ ဒါ‌ကြောင့် အလှူရှင်‌တွေက စစချင်းမှာ‌တော့ အများကြီးလာတယ်။ အခု‌တော့ နည်းသွားပြီ။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ စစ်‌ရှောင်ဒုက္ခသည်များသည် စခန်းကို စ‌ရောက်လာသည့်အချိန်မှစ၍ ပုဂ္ဂလိက အလှူရှင်များကို မှီခိုကာ စာနပ်ရိက္ခာ ပြဿနာကို ‌ဖြေရှင်း‌နေရပြီး မြိုင်ကြီးငူ စစ်‌ရှောင်စခန်းရှိ ဒုက္ခသည်များသည် အလှူရှင် များထံမှ လာသည့် စာနပ်ရိက္ခာများကို စု‌ပေါင်းချက်ပြုတ်ပြီး ‌ဝေငှစား‌သောက်ခဲ့ကြရသည်ဟု သိရ သည်။

ဖာပွန်မြို့နယ်ရှိ က‌လော်ဒဲထာ့ စစ်‌ရှောင်စခန်းမှ စစ်‌ရှောင်ဒုက္ခသည်များကို ဦး‌ဆောင်ကူညီ‌ပေးသူ ‌စောမို‌ရှေးက “ကျ‌နော်တို့ က‌လော်ဒဲထာ့ ဘက်ခြမ်းမှာလည်း
ရိက္ခာအခက်အခဲရှိတယ်။ အခုဆို မြိုင်ကြီးငူ ‌ဒေသက ဒုက္ခသည်‌တွေ ကျ‌နော်တို့ ဘက်ခြမ်းကို ရာဂဏန်း ‌လောက် ထပ်‌ရောက်တဲ့အခါကျ‌တော့ ရိက္ခာစီစဉ်‌ပေးရတဲ့ အပိုင်းမှာ အခက်အခဲရှိတယ်။ အစိုးရဘက် ‌ပြောတာက‌တော့ ဒီလူ‌တွေ ‌နေရပ် ပြန်ကြပြီး။ အခုချိန်က ဘယ်သူမှ မပြန်ရဲ‌သေးဘူး‌လေ။ ကျ‌နော်တို့ဘက်ခြမ်း ‌ရောက်လာတာဖြစ်တယ်။” ဟု ‌ပြောသည်။

မဲ့သ‌ဝေါ‌ဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှုသည် အချိန် ၅ လ‌ကျော်ကြာမြင့်ပြီဖြစ်၍ စစ်‌ရှောင်ဒုက္ခသည်များက ၎င်းတို့ ‌နေရပ်‌ဒေသကို ပြန်ချင်ကြ‌သော်လည်း ယခုအချိန်ထိ ပစ်ခတ်မှုများက ဆက်လက်ဖြစ်ပွားမှု ရှိ‌နေ သည့်အတွက် ‌နေရပ် ပြန်နိုင်ခြင်းမရှိ‌သေးသကဲ့သို့ ၎င်းတို့ ဥယျာဉ်ခြံ‌မြေ ပြန်လည်ကြည့်ရှုကြသည့် စစ်‌ရှောင် ဒုက္ခသည်အချို့လည်း မိုင်းထိဒဏ်ရာရရှိမှုများလည်းရှိသည်ဟု သိရသည်။

အဆိုပါ မဲ့သ‌ဝေါ‌ဒေသ စစ်ပွဲ‌ကြောင့် မြိုင်ကြီးငူ၊ ‌နော်တ-ထီး‌သေ့ခီ့နှင့် က‌လော်ဒဲထာ့ စသည့် စစ်‌ဘေး‌ရှောင် စခန်း သုံး‌နေရာတွင် စစ်‌ရှောင် ဒုက္ခသည်‌ပေါင်း ၇၀၀ဝ ‌ကျော် ခိုလှုံ‌နေရဆဲဖြစ်သည်ဟု ၎င်းတို့ကို ကူညီ‌ဆောင်ရွက်‌ပေး‌နေသည့် လူမှုကယ်ဆယ်‌ရေး အဖွဲ့များက ‌ပြောသည်။

မဲ့သ‌ဝေါ‌ဒေသ တိုက်ပွဲဖြစ်ပွားခဲ့ရာ ‌နေရာများတွင် ဟတ်ကြီး ‌ရေကာတာ စီမံကိန်းတည်ရှိရာ ‌နေရာ၏ အ‌ရှေ့ဘက်နှင့် ‌တောင်ဘက်ခြမ်း‌ဒေသဖြစ်သည့်အတွက် ၎င်းတိုက်ပွဲသည် ‌ရေကာတာ စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်‌နေသည်ဟု ကရင်မြစ်‌ချောင်းများကွန်ရက် ( Karen Rivers Watch )အဖွဲ့က ယခင်နှစ် စက်တင်ဘာလတွင် သတင်းထုတ်ပြန်ခဲ့သည်။