Home သတင်း မုန်း‌ဒေသ KNU နယ်‌မြေအတွင်း တပ်မ‌တော်မှ လမ်း‌ဖောက်လုပ်မှု ရပ်ထား

မုန်း‌ဒေသ KNU နယ်‌မြေအတွင်း တပ်မ‌တော်မှ လမ်း‌ဖောက်လုပ်မှု ရပ်ထား

2611

‌ဖေ‌ဖော်ဝါရီ ၂၁ရက်၊ ၂၀၁၇ခုနှစ်။ ‌စောထွန်းလင်း

ပဲခူးတိုင်း‌ဒေသကြီး၊ ‌ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ်အတွင်းရှိ ‌ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ တပ်မဟာ(၃)နယ် ‌မြေ၊ မုန်းမြို့၊ ‌ကော့ပြင်းရွာအနီး တပ်မ‌တော်မှ လမ်း‌ဖောက်လုပ်မှုကို ရပ်ဆိုင်းလိုက်ပြီး ‌ဒေသတွင်းအ‌ခြေအ‌နေ တည်ငြိမ်‌နေသည် ဟု ‌ဒေသခံ ‌စောနယ်တာလင်းက ‌ကေအိုင်စီသို့ ‌ဖေ‌ဖော်ဝါရီ ၂၁ရက်(ယ‌နေ့)တွင် ‌ပြောသည်။

၎င်းက “‌အောက်‌ခြေမှာ ညှိနှိုင်းမှု‌တွေ လုပ်လိုက်တဲ့အခါကျ‌တော့ လမ်း‌ဖောက်တဲ့ဟာ‌တော့ ‌လော‌လောဆယ်မှာ ရပ်သွားတယ်။ JMC-s ကလည်း ‌အောက်‌ခြေမှာ ညှိနှိုင်းမှု‌တွေလုပ်‌တော့ ‌လော‌လောဆယ်မှာ ရပ်သွားတယ်။ သူတို့ လပတ်အစည်းအ‌ဝေးကျ ရင်လည်း အဲ့ကိစ္စကိုဆက်‌ပြောမယ်လို့ ‌ပြောတယ်။ အခု ‌အေး‌အေးချမ်းချမ်းပါပဲ”ဟု ‌ပြောသည်။

လက်ရှိ ‌ဒေသတွင်း နှစ်ဖက်တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူများအကြား ပြဿနာကြီးကြီးမားမား မရှိဘဲ နှစ်ဖက် ညှိနှိုင်းပြီးဖြစ်ကာ အဆိုပါကိစ္စနှင့် ပတ်သက်၍ မုန်းမြို့နယ်၊ ‌ကေအဲန်ယူအ‌နေဖြင့် မကြာမှီ ‌ဒေသခံ ပြည်သူများထံ အသိ‌ပေးစာ ထုတ်ပြန်သွားမည် ဖြစ်သည်ဟု ‌ကေအဲန်ယူ၊ တပ်မဟာ-၃ ဘက်က JMC-s အရပ်သားကိုယ်စားလှယ် ‌စောလင်း‌အောင်က ‌ဖေ‌ဖော်ဝါရီ ၂၁ရက်‌နေ့ တွင် ‌ကေအိုင်စီသို့ ‌ပြောဆိုခဲ့သည်။

“ကျ‌နော် တပ်မဟာ(၃)က ‌ကေအဲန်ယူ တာဝန်ရှိသူ‌တွေနဲ့ အဆက်အသွယ်ရပါတယ်။ လမ်း‌ဖောက်တာ ရပ်ထားတယ်။ ယန္တရား ‌တွေလည်း မရှိ‌တော့ဘူး။ မကြာမှီ ပြည်သူ‌တွေကို အသိ‌ပေးစာထုတ်သွားမှာပါ။ ပြဿနာ ကြီးကြီးမားမားမဟုတ်‌တော့ ကျ‌နော် တို့ JMC-s ‌တွေအ‌နေနဲ့လည်း အ‌ရေး‌ပေါ်အစည်းအ‌ဝေး‌တွေ ဘာ‌တွေလုပ်ပြီး ‌ဆွေး‌နွေးတာမရှိပါဘူး။ လစဉ် JMC-s အစည်းအ ‌ဝေး‌တွေမှာလည်း အမြဲ‌ဆွေး‌နွေတာရှိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ မုန်းမြို့နယ်၊ ‌ကော့ပြင်းရွာအထွက် ယခင်အ‌ခေါ် ပွိုင့် ၂၂၀၄ ဘက်သို့ တပ်မ‌တော်မှ လမ်း‌ဖောက်လုပ်သည့်သ‌ဘောရှိ သည့်အ‌ပေါ် မုန်းမြို့နယ်၊ ‌ကေအဲန်ယူမှ ကန့်ကွက်ခဲ့သလို ‌ဒေသအတွင်း ပုံမှန်သွားလာ‌နေသည့် လမ်းများကိုသာ အသုံးပြုသွား လာပြီး ‌တောတွင်း‌နေရာများသို့ မသွားရန် ‌ဖေ‌ဖော်ဝါရီ ၁၇ရက်‌နေ့တွင် အများပြည်သူသို့ အသိ‌ပေးစာ ထုတ်ပြန်ခဲ့သည်။

ယင်းသို့ တပ်မ‌တော်မှ ဖွံ့ဖြိုး‌ရေးအတွက် လမ်း‌ဖောက်လုပ်‌နေမှုကို ခိုင်မာသည့် ငြိမ်းချမ်း‌ရေးမရမှီ ကြာကာလအတွင်းနှစ်ဖက် ညှိနှိုင်းလုပ်‌ဆောင်ရန် ‌ဒေသခံများက ‌ဖေ‌ဖော်ဝါရီ ၁၈ရက်‌နေ့တွင် သ‌ဘောထားတင်ပြသည့်စာ ပဲခူးတိုင်း‌ဒေသကြီး JMC-s ထံ ‌ရေးသားတင်ပြခဲ့ပြီး‌နောက် နှစ်ဖက်ညှိနှိုင်းလုပ်‌ဆောင်ခဲ့ပြီး လမ်း‌ဖောက်လုပ်မှု ယခုလို ရပ်ဆိုင်းသွားလိုက်ခြင်းဖြစ်‌ကြောင်း သိရ သည်။