Home သတင်း ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးတွင် CSO များကို ပါဝင်ဆုံးဖြတ်ခွင့်‌ပေးရန် ‌တောင်းဆို

ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးတွင် CSO များကို ပါဝင်ဆုံးဖြတ်ခွင့်‌ပေးရန် ‌တောင်းဆို

1675

‌ဖေ‌ဖော်ဝါရီ ၂၂ ရက်၊ ၂၀၁၇ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမှု ပူးတွဲ‌ကော်မတီ (UPDJC) အ‌နေဖြင့် ဖက်ဒရယ်ပြည်‌ထောင်စု တည် ‌ဆောက်‌ရေး လုပ်ငန်းစဉ်တွင် အရပ်ဖက်အဖွဲ့အစည်း (CSO) များကို တိုက်ရိုက်ပါဝင်‌ဆွေး‌နွေးခွင့်နှင့် ဆုံးဖြတ် ချက်ချမှတ်သည့် လုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ပြုရန် ‌ဖေ‌ဖော်ဝါရီ ၂၁ ရက်‌နေ့တွင် ရှမ်း(သျှမ်း)ပြည်နယ် ‌တောင်ကြီး မြို့၌ ကျင်းပ‌နေသည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ဖိုရမ် ပထမ‌နေ့အပြီး ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

၎င်းဖိုရမ်၏ ‌ပြောခွင့်ရသူ ‌စောထွန်းထွန်းက “ UPDJC ချမှတ် ထားချက်‌တွေက ‌ဘောင်တစ်ခုပဲဖြစ်‌နေတာ‌ပေါ့ ‌နော်။ CSO‌တွေက‌တော့ သတ်မှတ်ချက် ‌ဘောင်ကို ပိုပြီး‌တော့မှ ပါဝင်ခွင့် ဆုံးဖြတ်ခွင့် အဲဒါကို‌တောင်းဆိုထား တာရှိတယ်။ ဘာ‌ကြောင့်လဲဆို‌တော့ ပါဝင်မ‌ဆွေး‌နွေးပဲနဲ့ ကိုယ်တင်ထားတဲ့ အချက်အလက်ရှိရင်၊ အဲဒီအချက် အလက်‌တွေရဲ့ အကျိုးအာနိသင် ဘယ်‌လောက်ထိရှိမလဲဆိုတဲ့အရာ အခက်အခဲ ဖြစ်လာနိုင်တဲ့အတွက် ကိုယ် တိုင်ပါဝင်ပြီး‌တော့မှ ‌တောင်းဆိုတာမျိုးဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ UPDJC အခန်းကဏ္ဍထဲတွင် အရပ်ဖက်အဖွဲ့များ ပါဝင်ခွင့်နှင့်ပတ်သက်၍ အရပ်ဖက်အစည်းများ ဖိုရမ် ပြုလုပ်ပြီး ရရှိလာသည့်အချက်များကို UPDJC ထံသို့ ပြန်လည်ရှင်းလင်းတင်ပြရသည့် ပုံစံသာရှိသည့်အတွက် ‌ဆွေး‌နွေးဆုံးဖြတ်နိုင်သည့် ‌နေရာတွင် ပါဝင်ခွင့်မရ‌သေးသည့်အ‌ပေါ် ယခုလို‌တောင်းဆိုခြင်းဖြစ်သည်ဟု ၎င်းက ဖြည့်စွက် ‌ပြောသည်။

ထို့အပြင် UPDJC သည် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ အဆင့်ဆင့်ကို ကြီးကြပ်လမ်းညွှန် တာဝန်ခံရမည်ဖြစ်ပြီး နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲအတွက် လိုအပ်သည့် ဆပ်‌ကော်မတီ၊ နည်းပညာ အ‌ထောက်အကူပြု အဖွဲ့များနှင့် လုပ်ငန်း အ ‌ထောက်အကူပြု အဖွဲ့များကိုဖွဲ့စည်းကာ လုပ်ငန်းတာဝန်နှင့် ဝတ္တရားများကို ချမှတ်‌ပေးနိုင်‌ကြောင်း သိရသည်။

အဆိုပါ အရပ်ဖက်အဖွဲ့ အစည်းများအကြို ဖိုရမ်ကို အနာဂတ် ဖယ်ဒရယ် ပြည်‌ထောင်စု၏ ဖွဲ့စည်းပုံအ‌ခြေခံ ဥပဒ၊ မူဝါဒ၊ ဥပ‌ဒေများ ဖြစ်‌ပေါ်ထွန်းလာ‌စေရန် ပြည်‌ထောင်စု ငြိ်မ်းချမ်း‌ရေး ညီလာခံ (၂၁ရာစုပင်လုံ)နှင့် အခြား နည်းတူ အခွင့်အလမ်းများတွင်လည်း အရပ်ဖက်အဖွဲ့အစည်း ဖိုရမ်ကိုအပြိုင် ‌ဖော်‌ဆောင်ခြင်းအားဖြင့် ပံ့ပိုးကူညီသွားမည်ဆိုသည့် ဦးတည်ချက်ဖြင့် ကျင်းပခြင်းဖြစ်‌ကြောင်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ပထမအကြိမ် အရပ်ဘက်အဖွဲအစည်းများ အကြိုဖိုရမ်ကို ‌ဖေ‌ဖော်ဝါရီ ၂၁ ရက်မှ ၂၃ ရက်‌နေ့ထိ ပြုလုပ်သွားမည် ဖြစ်ပြီး ပြည်နယ်နှင့် တိုင်း‌ဒေသကြီး အသီးသီးရှိ အရပ်ဖက်အဖွဲ့များမှ ကိုယ်စားလှယ် ၇၁၃ ဦး တက်‌ရောက် ‌နေ‌ကြောင်း သိရသည်။