Home သတင်း ပဒိုမန်းရှာ၏ ရုပ်ထုကို ၎င်း၏ ‌မွေးရပ်ဇာတိ‌မြေ၊ ဧရာဝတီတိုင်းတွင် ထားရှိမည်

ပဒိုမန်းရှာ၏ ရုပ်ထုကို ၎င်း၏ ‌မွေးရပ်ဇာတိ‌မြေ၊ ဧရာဝတီတိုင်းတွင် ထားရှိမည်

2587

‌ဖေ‌ဖော်ဝါရီ ၉ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောသိန်းမြင့်

အထင်ကရ ကရင်အမျိုးသား‌ခေါင်း‌ဆောင်တစ်ဦးဖြစ်‌သော ကွယ်လွန်သူ ‌ကေအဲန်ယူ-ကရင်အမျိုးသားအ စည်းအရုံး အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာလားဖန်း၏ ပုံတူရုပ်ထုကိုု သူ့၏ ‌မွေးရပ်ဇာတိ ‌မြေ ဧရာဝတီတိုင်း၊ ပန်းတ‌နော်မြို့နယ်၊ ‌တော‌ကျောင်း‌ကျေးရွာတွင် ထားရှိမည်ဟု မိသားစုဝင်များထံမှ သိရ သည်။

လာမည့် ‌ဖေ‌ဖော်ဝါရီ ၁၄ ရက်‌နေ့တွင် ကျ‌ရောက်မည့် ပဒိုမန်းရှာလားဖန်း ကျဆုံးခြင်း ၉ နှစ်‌မြောက် နှစ်ပတ် လည်‌နေ့တွင် ၎င်းကို ဂုဏ်ပြုသည့်အ‌နေဖြင့် အစ်ကိုကြီးဖြစ်သူ မန်းတင်‌ရွှေနှင့် ၎င်းအား ‌လေးစားသူများမှ ထု လုပ်ထားသည့် ကွန်ဂရစ် ပုံတူရုပ်ထုနှင့် ‌ကျောက်စာတိုင်ကို ထားရှိရန် အခမ်းအနားဖွင့်လှစ်ပွဲဖြင့် ကျင်းပသွားမည်ဟု ပဒိုမန်းရှာလားဖန်း၏ တူမဖြစ်သူ နန့်ခင်သက်ဖြူက ‌ပြောသည်။

သူမက “သူ့အစ်ကိုရဲ့ အိမ်‌ရှေ့ မျက်‌စောင်းထိုးမှာ ထားမယ်။ ရုပ်ထုက ရန်ကုန် အင်းစိန်က ပန်းပု ဆရာကို အပ်တာ ပြီးကုန်ပြီ‌လေ။ သူ့‌မွေးရပ်‌မြေဆို‌တော့ သူ့ကို ဂုဏ်ပြုတဲ့အ‌နေနဲ့ ‌ပေါ့‌နော်။ အမှတ်တရဖြစ် ‌စေဖို့အတွက် အထိမ်းအမှတ်အ‌နေနဲ့ လုပ်ထား‌ပေးတာဖြစ်တယ်။ ပြီး‌တော့ ဒီက လူငယ်‌တွေ သူ့လို အတုယူတတ်‌အောင်ဖို့‌ပေါ့‌နော်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို‌နေ့ အခမ်းအနားတွင် ရုပ်ထုနှင့် ‌ကျောက်စာတိုင်ဖွင့်လှစ်ပွဲ အစီအစဉ်အပါအဝင် ကျန်ရစ်သူ ပဒိုမန်းရှာ လားဖန်းသားသမီးများမှ တည်‌ထောင်ထားသည့် ဖန်း‌ရှောင်‌ဒေးရှင်းက နှစ်စဉ်‌ပေးအပ်‌သော ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင်ဆုချီးမြှင့်ပွဲ အစီအစဉ်၊ ပန်း‌ခွေများ ချခြင်းနှင့် ပဒိုမန်းရှာလားဖန်း၏ အတ္ထုပ္ပတိကို ဖတ်ကြားခြင်းအစီအစဉ်တို့ကို ထည့်သွင်း ကျင်းပသွားမည်ဟု သိရသည်။

ပန်းတ‌နော်မြို့တွင် ကရင်လူငယ်အ‌ရေးကို ‌ဆောင်ရွက်‌နေသည့် လူငယ်တစ်ဦးဖြစ်သူ စခိုင်ဖူးက “ပဒို မန်းရှာ ဆိုတာ ကရင်တစ်မျိုးသားလုံးတွက် ကိုယ်ကျိုးမဖက်ပဲ စွန့်လွှတ်အနစ်နာခံတဲ့ ‌ခေါင်‌ဆောင်ပီသတဲ့ ကရင်‌ခေါင်‌ဆောင်‌ကောင်း တစ်ဦးဖြစ်တယ်။ ပဒိုမန်းရှာရဲ့ ရုပ်တုကို သူ့ဇာတိ‌မြေမှာ ပြသခြင်းဖြင့် ကရင်တစ်မျိုးသား လုံးတွက် လုပ်‌ဆောင်သွားတဲ့‌ခေါင်း‌ဆောင်ကြီးမျိုးလို လူငယ်‌တွေအတုယူပြီး‌တော့ ‌နောက်ထပ် သူ့လို‌ခေါင်း‌ဆောင် ‌ပေါ်ထွက်လာဖို့ အများကြီး‌မျှော်လင့်မိတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပဒိုမန်းရှာလားဖန်းကို ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၄ ရက်‌နေ့တွင် ၎င်း၏ ‌နေအိမ် ထိုင်းနိုင်ငံ၊ မဲ ‌ဆောက်မြို့တွင် အမည်မသိ ‌သေနတ်သမားနှစ်ဦး၏ လုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်သည်။ ပဒိုမန်းရှားလား ဖန်း လုပ်ကြံသတ်ဖြတ်ခံရမှုမှာ နိုင်ငံ‌တော် ‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီ(နအဖ) စစ်အစိုးရ၏ လက်ချက်ဖြစ်သည်ဟု ‌ကေအဲန်ယူ အပါအဝင် အတိုက်အခံ အင်အားစု အသိုင်းအဝိုင်းဘက်က ‌ပြောဆိုခဲ့ကြ သည်။

ပဒိုမန်းရှာသည် ကရင်လူမျိုးနှင့် မြန်မာပြည်သူအားလုံးတို့၏ လူ့အခွင့်အ‌ရေး၊ ဒီမိုက‌ရေစီအ‌ရေး နှင့် ကိုယ် ပိုင်ပြဌာန်းခွင့်များအတွက် သူ့၏ဘဝကို‌ပေးဆပ်ပြီး ကြိုးစားလုပ်‌ဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး သူသည် မူဝါဒလမ်းစဉ် နှင့်အညီ လုပ်‌ဆောင်ခြင်း၊ ရိုးသားခြင်း၊ စိတ်ဓာတ် ခိုင်မာခြင်းနှင့် စိတ်ပိုင်းဖြတ်‌သော ‌ခေါင်း ‌ဆောင်အဖြစ် အများက သိရှိကြသည်။

ထို့အပြင် သူသည် တိုင်ရင်းသားလူမျိုး‌ပေါင်းစုံ၊ ဘာသာ‌ပေါင်းစုံ‌သော လူများနှင့် ပူး‌ပေါင်းလုပ်‌ဆောင်မှု အ ပြည့်အဝရှိပြီး အာဏာရှင်ကို ဆန့်ကျင်သည့် အတိုက်အခံအင်အားစုများကိုစုစည်းရာတွင်လည်း အဓိက အ ခန်းကဏ္ဍများတွင် ပါဝင်ခဲ့သူဖြစ်သည်ဟု အတိုက်အခံ အင်အားစုများက ‌ပြောဆိုကြသည်။

ပဒိုမန်းရှားလားဖန်း ကျဆုံးခြင်း ‌အောက်‌မေ့ဖွယ် အခမ်းအနားကို ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေတွင် နှစ်စဉ် ပြုလုပ်ကျင်းပခဲ့ပြီး ၎င်း၏ ‌မွေးရပ်ဇာတိ ‌တော‌ကျောင်းရွာရှိ အစ်ကို ဖြစ်သူ၏ ‌နေအိမ်တွင် ဆွမ်းကပ် တရားနာပွဲများ နှစ်စဉ်ပြုလုပ်ခဲ့‌သော်လည်း အခမ်းအနား အစီအစဉ်များဖြင့် ပထမဆုံး ကျင်းပရန် စီစဉ်‌နေခြင်းဖြစ်သည်။