Home သတင်း ပဒိုမန်းရှာ၏ ၉ နှစ်ပြည့်၊ ‌အောက်‌မေ့ဖွယ် ဖ‌ယောင်းတိုင် မီးထွန်းစကားဝိုင်း ပြုလုပ်ခဲ့

ပဒိုမန်းရှာ၏ ၉ နှစ်ပြည့်၊ ‌အောက်‌မေ့ဖွယ် ဖ‌ယောင်းတိုင် မီးထွန်းစကားဝိုင်း ပြုလုပ်ခဲ့

1761

‌ဖေ‌ဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး‌ဟောင်း ပဒိုမန်းရှာလားဖန်း ကျဆုံး ခြင်း ၉ နှစ်ပြည့် ‌အောက်‌မေ့ဖွယ် ဖ‌ယောင်းတိုင် မီးထွန်းစကားဝိုင်းကို ‌ဖေ‌ဖော်ဝါရီလ ၁၄ ရက်‌နေ့ ည ၆ နာရီ တွင် ‌သေ့‌ဘေ့ထာ့ စခန်းရှိ ပဒိုမန်းရှာ၏ အုတ်ဂူ‌ရှေ့တွင် သားကြီးဖြစ်သူ ‌စော‌စေး‌စေးဖန်းက ဦး‌ဆောင်ပြု လုပ် ခဲ့သည်။

‌ကေအဲန်ယူ၊ ‌ကေအဲန်အယ်လ်‌အေနှင့် ကရင်အမျိုးသမီးအစည်းအရုံးအပါအဝင် လူပရိဿတ် ၅ဝ ‌ကျော် ပါ ဝင်ခဲ့ကြသည့် အဆိုပါ ဘုရားတိုင် မီးထွန်းစကားဝိုင်းတွင် ‌စော‌စေး‌စေးဖန်းနှင့်အတူ ‌ကေအဲန်ယူ ဗဟိုတရား သူကြီးချုပ် ပဒို‌နော်မြိုင်ဖိုး၊ ‌နော်လယ့်လားခူထူး၊ နန်း‌ဖော‌ဂေနှင့် ပဒို‌စောလစ္စတန်တို့က ပဒိုမန်းရှာ၏ ကရင့် ‌တော်လှန်‌ရေးအ‌ပေါ် ခံယူချက် ၊ လုပ်‌ဆောင်ချက်၊ ‌ပေးဆပ်မှုနှင့် မြန်မာ့နိုင်ငံ‌ရေး အတိုက်အခံ အဖွဲ့များ၏ ‌လေးစားမှုများကို ထုတ်‌ဖော်‌ပြောဆိုခဲ့ကြသည်။

ပဒို ‌နော်မြိုင်ဖိုးက “ဟါးလဲ‌ဂေ.. ‌ကောင်း‌သော ည‌နေခင်းလို့နှုတ်ဆက်‌ပေမယ့် ဒီည‌နေဟာ ကျမတို့အတွက် ‌ပျော်စရာ‌ကောင်းတဲ့ ည‌နေခင်းမျိုးမဟုတ်ပါဘူး။ နိုင်ငံတကာအတိုင်းအတာနဲ့က ချစ်သူများ‌နေ့ ဆို‌သော်ငြား လည်း ကျမတို့အတွက်က ကျမတို့‌ခေါင်း‌ဆောင် ပဒိုမန်းရှာကို ‌အောက်‌မေ့ဖွယ် ကျင်းပ‌နေရပါတယ်။ ပဒိုမန်း ရှာမကျဆုံးခင် သူ့လုံခြုံ‌ရေး မ‌ကောင်းတဲ့အ‌ပေါ် ဝိုင်းစိုးရိမ်ကြ‌ပေမဲ့ သူ‌ပြောတာက ‌တော်လှန်‌ရေးလုပ်မှ‌တော့ ရန်သူရှိရင် အသက်အန္တရာယ်ကလည်းရှိမှာပါပဲတဲ့။ ဒါက ဘာကိုပြသလဲဆိုရင် ‌တော်လှန်‌ရေးအ‌ပေါ် အားလုံး‌ပေးဆပ်ထားပြီးသားဆိုတာပါပဲ”ဟု ထည့်သွင်း‌ပြောဆိုခဲ့သည်။

ယခုနှစ် ‌အောက်‌မေ့ဖွယ်ကို ပဒိုမန်းရှာ အုတ်ဂူ‌နေရာအပြင် ဇာတိ‌ကျေးရွာ ဧရာဝတီတိုင်း၊ ပန်းတ‌နော်မြို့နယ်ရှိ ‌တော‌ကျောင်းရွာ၌ ၎င်း၏ ရုပ်တု ထုလုပ်ထားရှိခြင်း၊ ဖန်း‌ဖောင်‌ဒေးရှင်းက ၂၀၁၆ ခုနှစ် ပဒိုမန်းရှာ ဆုချီးမြှင့်ခြင်း အစီအစဉ်များကို ‌ဆွေမျိုးသားချင်းများက ပြုလုပ်ခဲ့ကြ‌ကြောင်း သားဖြစ်သူ ‌စော‌စေး‌စေးဖန်းက ‌ပြောသည်။

‌စော‌စေး‌စေးဖန်းက “ကျ‌နော်တို့ ဒီအုတ်ဂူ‌နေရာမှာ‌တော့ ကြီးကြီးကျယ်ကျယ်မဟုတ်‌ပေမဲ့ မီးထွန်း‌အောက်‌မေ့ ပွဲ‌လေး အမှတ်တရ လုပ်ကြတာမို့ ပါဝင်ကြသူအားလုံးကို ‌ကျေးဇူးတင်ပါတယ်။ ဒီ‌နေ့မှာ အခြားအစီအစဉ် တစ်ခုကို ကျ‌နော့်အပါးရဲ့ ဇာတိ‌တော‌ကျောင်းရွာမှာ သူ့ရုပ်တုကိုပြုလုပ်တယ်။ ‌နောက်ပြီး ကျ‌နော်တို့ ဖန်း‌ဖောင်‌ဒေးရှင်းဆုကို ဒီနှစ်မှာ‌တော‌ကျောင်းရွာမှာ ‌ပေးအပ်တဲ့အစီအစဉ်လည်းပဲ အဲ့မှာပဲလုပ်ပါတယ်”ဟု ‌ပြောသည်။

၂၀၁၆ ခုနှစ် ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုရှင် စခန့်သူလှိုင်ဝင်းသည် ဧရာဝတီတိုင်း‌ဒေသကြီး အတွင်း အ‌နောက်ပိုးကရင်စာ‌ပေဆိုင်ရာ ကူညီပံ့ပိုးများ လုပ်ရှား‌ဆောင်ရွက်ခဲ့မှုအ‌ပေါ် အသိအမှတ်ပြုသည့်အ‌နေဖြင့် ဖန်း‌ဖောင်‌ဒေးရှင်းက သူ့ကို‌ရွေးချယ်‌ပေးအပ်ရခြင်းဖြစ်‌ကြောင်းလည်း ‌စော‌စေး‌စေးဖန်းက ဖြည့်စွက်‌ပြောဆို သည်။

အဆိုပါ မီးထွန်းပွဲ ‌အောက်‌မေ့ပွဲသို့ ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင်ဆု ရရှိခဲ့ဖူးသူ သုံးဦးဖြစ်ကြသည့် ‌စောညွန့်ဝင်း၊ ‌နော်က‌ညော‌ဖောနှင့် ‌နော်ဆာမူးတို့ကလည်း အုတ်ဂူ‌ရှေ့တွင် အမှတ်တရ စကားများ ကိုယ်စီ ထုတ် ‌ဖော်‌ပြောဆိုခဲ့ကြသည်။

ပဒိုမန်းရှာလားဖန်းကို ၂၀၀၈ ခုနှစ် ၊ ‌ဖေ‌ဖော်ဝါရီလ ၁၄ ရက်‌နေ့က ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ရှိ၊ ၎င်း ၏ရုံး‌နေအိမ်တွင် ‌သေနတ်သမားနှစ်ဦးက လာ‌ရောက်လုပ်ကြံ ပစ်သတ်ခဲ့သည်။ ထို‌နေ့တွင်ပင် ‌စော‌စေး‌စေးဖန်း၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်းနှင့် စလုံ့ဖန်းတို့က ဖခင်ပဒိုမန်းရှာနှင့် မိခင်နမ့်ကျင်‌ရွှေတို့အားရည်စူး၍ ဖန်း‌ဖောင်‌ဒေးရှင်းကို စတင်တည်‌ထောင်ခဲ့ကြသည်။