Home ထိပ်တန်းသတင်း ပဒိုမန်းရှာ ၉ နှစ်ပြည့် ‌အောက်‌မေ့ဖွယ် အထိမ်းအမှတ် ပုံတူရုပ်ထု ဖွင့်ပွဲ ပန်းတ‌နော်တွင် ကျင်းပ

ပဒိုမန်းရှာ ၉ နှစ်ပြည့် ‌အောက်‌မေ့ဖွယ် အထိမ်းအမှတ် ပုံတူရုပ်ထု ဖွင့်ပွဲ ပန်းတ‌နော်တွင် ကျင်းပ

1835

‌ဖေ‌ဖော်ဝါရီ ၁၄ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

‌ကေအဲန်ယူ- ကရင်အမျိုးသား အစည်းအရုံး၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး‌ဟောင်း ပဒိုမန်းရှာလားဖန်း ကျဆုံးခြင်း ၉ နှစ်ပြည့် ‌အောက်‌မေ့ဖွယ် အထိမ်းအမှတ် ပဒိုမန်းရှာ ပုံတူရုပ်ထု‌ကျောက်တိုင်ဖွင့် ပွဲအခမ်းအနားကို သူ၏ ဇာတိ ‌မွေးရပ်‌မြေ ပန်းတ‌နော်မြို့နယ်၊ ‌တော‌ကျောင်း‌ကျေးရွာ၌ ယ‌နေ့ နံနက် ၉ နာရီတွင် စည်ကားသိုက်မြိုက် စွာကျင်းပခဲ့သည်။

အဆိုပါ ပဒိုမန်းရှာ ပုံတူရုပ်ထုကို ကျန်ရစ်သူ ပဒိုမန်းရှာ မိသားစုနှင့် ပန်းတ‌နော် ‌ဒေသခံများက စု‌ပေါင်းကာ ပဒိုမန်းရှာအား ဂုဏ်ပြုသည့် အ‌နေဖြင့် လည်း‌ကောင်း၊ ‌နောင်လာ‌နောက်သားများ ပဒိုမန်းရှာကို အတုယူကာ အမျိုးသား‌ရေး စိတ်ဓါတ်များ ပိုမိုရှင်သန်လာ‌ရေးအတွက်လည်း‌ကောင်း ဇာတိ ‌တော‌ကျောင်း‌ကျေးရွာတွင် စိုက်ထူခဲ့ခြင်းဖြစ်သည်ဟု ပန်းတ‌နော် ‌ဒေသခံများက ‌ပြောသည်။

နံနက် ၉ နာရီ‌ကျော်တွင် စတင်ပြုလုပ်ခဲ့သည့် ပဒိုမန်းရှာ ပုံတူရုပ်ထု ‌ကျောက်တိုင်ဖွင့်ပွဲတွင် ဘင်ခရာ တီးဝိုင်း အဖွဲ့ဦး‌ဆောင်မှုဖြင့် ‌ဒေသခံများနှင့် ဧည့်သည်‌တော်များက ပုံတူရုပ်ထု ‌ကျောက်တိုင်သို့ ချီတက်အ‌လေးပြုကာ လွမ်းသူ့ပန်း‌ခွေချခြင်း၊ ‌ကျောက်တိုင်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ခြင်းများကို ပြုလုပ်ခဲ့သည်။

ပဒိုမန်းရှာ ပုံတူရုပ်ထု ဖန်းတီးခဲ့သူ ပန်းချီ၊ ပန်းပုဆရာ မန်း‌ဇော်နိုင်ထူးက “ ကျ‌နော် ပဒိုမန်းရှာ ရုပ်ထု စထုလုပ် ဖြစ်တာက‌တော့ ကရင်အမျိုးသားပါတီ ဒုဥက္ကဌ မန်းထိန်ဝင်းစိန်က ပဒိုမန်းရှာဇာတိရွာမှာ စိုက်ထူဖို့အတွက် လုပ် ‌ပေးဖို ့‌ပြောလာလို့ လုပ်ခဲ့တာပါ။ အခုလို အခမ်းအနားမှာ ဘာ‌ပြောရမှန်းမသိ‌အောင်ဝမ်းသာတယ်။ သမိုင်းဝင် တဲ့ ‌ခေါင်း‌ဆောင်တစ်ဦးပုံကို ထုလုပ်ဂုဏ်ပြုရလို ့ဝမ်းသာတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အခမ်းအနားသို့ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟို‌ကော်မတီဝင် ပဒိုမန်းငြိမ်း‌မောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF ကိုယ်စားလှယ်များ၊ လူ့‌ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ၊ ကရင်အမျိုးသားပါတီ တာဝန်ရှိသူများအပါအဝင်၊ အလွှာစုံ ‌ဒေသခံ ၅၀ဝ ‌ကျော် တက်‌ရောက်အ‌လေးပြုဂုဏ်ပြုခဲ့သည်။

အခမ်းအနားတက်‌ရောက်လာသူ လူ့‌ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦး‌အောင်မိုး‌ဇော်က “ ကျ‌နော် ‌တောခိုခဲ့စဉ်က ပဒိုမန်းရှာဟာ မိဘတစ်ဦးလို၊ ဆရာသမားတစ်ဦးလို ‌တော်လှန်‌ရေး ရဲ‌ဘော်တစ်ဦးလို ရင်းနှီးမှု ရှိခဲ့တယ်။ ကျ‌နော်တို့ပါတီ ‌တော်လှန်‌ရေးနယ်‌မြေမှာ ရှင်သန်နိုင်ဖို့ သူပဲ အစအဆုံး ကူညီခဲ့တာ။ သူကျဆုံးသွား တာဟာ ကရင်အမျိုးသားများသာမက မဟာမိတ်‌တွေအတွက်‌ရော အခုချိန်ထိဆုံးရှုံးမှု ခံစား‌နေရတယ်လို့ မြင်တယ်။ အခု အခမ်းအနားကိုလည်း သူ့ကိုဂုဏ်ပြုတာ ‌ရော၊ သူ့မိသားစုနဲ့ လာ‌တွေ့ဂုဏ်ပြုတဲ့အ‌နေနဲ ့ တက်‌ရောက်လာတာဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ သည်။

ပဒိုမန်းရှာအ‌နေဖြင့် ‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးတာဝန်ကို ထမ်း‌ဆောင်‌နေစဉ် ၂၀၀၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၄ ရက်‌နေ့တွင် မသမာသူ လူတစ်စုက ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့‌နေအိမ်၌ လာ‌ရောက် လုပ်ကြံသတ်ဖြတ်ခြင်းခံရပြီး ကွယ်လွန်သွားခဲ့ရခြင်း ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ‌ဖေ‌ဖော်ဝါရီ ၁၄ ရက်‌နေ့တွင် ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေနှင့် ပြည်တွင်း၊ ပြည်ပ ကရင်အမျိုးသားများက ပဒိုမန်းရှာ‌အောက်‌မေ့ဖွယ် အခမ်းအနားများကို ပြုလုပ်‌လေ့ရှိ‌ကြောင်း သိရသည်။