Home သတင်း တိုင်းရင်းသားအခွင့်အ‌ရေး ကာကွယ်‌စောင့်‌ရှောက်သည့် နည်းဥပ‌ဒေ ပြဌာန်းနိုင်ရန်လုပ်‌ဆောင်‌နေ

တိုင်းရင်းသားအခွင့်အ‌ရေး ကာကွယ်‌စောင့်‌ရှောက်သည့် နည်းဥပ‌ဒေ ပြဌာန်းနိုင်ရန်လုပ်‌ဆောင်‌နေ

2167

‌ဖေ‌ဖော်ဝါရီ ၂ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

တိုင်းရင်းသား လူမျိုးများ၏ အခွင့်အ‌ရေး ကာကွယ်‌စောင့်‌ရှောက်သည့် နည်းဥပ‌ဒေကို လာမည့် ဧပြီလတွင် ပြဌာန်းနိုင်ရန် ဝိုင်းဝန်းလုပ်‌ဆောင်‌နေသည်ဟု မွန်ပြည်နယ်အစိုးရ၊ တိုင်းရင်းသားလူမျိုးများ‌ရေးရာဝန်ကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စော‌အောင်မြင့်ခိုင်က ‌ကေအိုင်စီသို့ ‌ဖေ‌ဖော်ဝါရီ ၂ ရက်‌နေ့တွင် ‌ပြောသည်။

အဆိုပါ နည်းဥပ‌ဒေပြဌာန်းနိုင်‌ရေးအတွက် ဇန်နဝါရီ ၃၁ရက်မှ ‌ဖေ‌ဖော်ဝါရီ ၁ ရက်‌နေ့ထိ ‌နေပြည်‌တော်ရှိ၊ Royal President Hotel ၌ တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာန ဝန်ထမ်းများနှင့် တိုင်းရင်းသား‌ရေးရာဝန်ကြီး ၂၉ ဦး ပါဝင်သည့် အလုပ်ရုံ‌ဆွေး‌နွေးပွဲ ပြုလုပ်ခဲ့ပြီး နည်းဥပ‌ဒေတွင်ပါဝင်မည့် အချက်များကို ‌ဆွေး‌နွေးခဲ့သည်ဟု ဝန်ကြီး ‌စော‌အောင်မြင့်ခိုင်က ‌ပြောသည်။

ဝန်ကြီးက “ နည်းဥပ‌ဒေအတွက် ‌ဆွေး‌နွေး‌နေပါတယ်။ ‌လော‌လောဆယ် မူကြမ်းပဲရှိပါ‌သေးတယ်။ အကြိမ်ကြိမ် ဆက်‌ဆွေး‌နွေးရဦးမှာပါ။ ဧပြီလ ‌လောက်ပြဌာန်းနိုင်ဖို့ ကြိုးစား‌နေပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအလုပ်ရုံ‌ဆွေး‌နွေးပွဲသို့ နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်တက်‌ရောက် အမှာစကား‌ပြော ကြားရာတွင် တိုင်းရင်းသားများစုစည်း၍ တိုင်းရင်းသားများ၏ အခွင့်အ‌ရေး ကာကွယ်‌စောင့်‌ရှောက်ရာ၌ တာဝန် ကိုလည်းသတိပြုရန် လို‌ကြောင်း၊ အခွင့်အ‌ရေးလိုချင်ပါက တာဝန်ကို သိရမည်ဖြစ်သလို အခွင့်အ‌ရေး နှင့် တာဝန်ကို ဒွန်တွဲပြီး တူညီ‌သော တန်ဘိုးထားမှ မိမိတို၏ လူ့အသိုက်အဝန်းတိုးတက်မည်ဖြစ်သည်ဟု အမှာစကားတွင် ထည့်သွင်း‌ပြောဆိုခဲ့သည်။

တိုင်းရင်းသား အခွင့်အ‌ရေး ကာကွယ်‌စောင့်‌ရှောက်သည့် နည်းဥပ‌ဒေ၌ အခန်း ၉ ခန်းပါရှိပြီး အခန်း၂ နှင့် ၃ တွင် အခွင့်အ‌ရေး ကာကွယ်‌စောင့်‌ရှောက်‌ရေးနှင့် အငြင်းပွားမှု‌ဖြေရှင်း‌ရေး ခုံသမာဓိ အဖွဲ့ဖွဲ့စည်းခြင်း၊ ခုံသမာဓိ ‌ကော်စီ ဖွဲ့စည်းခြင်းတု့ိ ပါဝင်မည်ဖြစ်ကာ အခန်း ၄ တွင် အခွင့်အ‌ရေးကာကွယ်‌စောင့်‌ရှောက်ခြင်း၊ အခန်း ၅ တွင် အငြင်းပွားမှုအား‌ဖြေရှင်းခြင်း၊ အခန်း ၆ တွင် ဆုံးဖြတ်ချက် အ‌ကောင်အထည်‌ဖော်ခြင်း၊ အခန်း ၇ တွင် တားမြစ် ချက်များ၊ အခန်း ၈ တွင် အ‌ရေးယူခြင်းနှင့် အခန်း ၉ တွင် အ‌ထွေ‌ထွေဟူ၍ ပါရှိမည်ဖြစ်‌ကြောင်း သိရ သည်။

ထိုတိုင်းရင်းသား အခွင့်အ‌ရေး ကာကွယ်‌စောင့်‌ရှောက်သည့် ဥပ‌ဒေကို ၂၀၁၅ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး ယင်းဥပ‌ဒေအရ ၂၀၁၆ ဧပြီလတွင် အစိုးရသစ်ဖွဲ့စည်းရာ၌ ပြည်‌ထောင်စု တိုင်းရင်းသားလူမျိုးများ ‌ရေးရာဝန်ကြီး ဌာနကို ထည့်သွင်းဖွဲ့စည်းခဲ့ပြီး ဝန်ကြီးဌာနအ‌နေဖြင့် ယခုလို နည်းဥပ‌ဒေပြဌာန်းနိုင်‌ရေးအတွက် လုပ်‌ဆောင်‌နေ ခြင်းဖြစ်‌ကြောင်း သိရသည်။