Home သတင်း ကရင်ပြည်နယ်၏ အမှတ်သ‌ကေင်္တ ဇွဲကပင်‌တောင်‌ပေါ်မှ ပြင်သစ်နိုင်ငံသားတစ်ဦး ခုန်ချ‌သေဆုံးမှု ဖြစ်ပွားခဲ့

ကရင်ပြည်နယ်၏ အမှတ်သ‌ကေင်္တ ဇွဲကပင်‌တောင်‌ပေါ်မှ ပြင်သစ်နိုင်ငံသားတစ်ဦး ခုန်ချ‌သေဆုံးမှု ဖြစ်ပွားခဲ့

2200

‌ဖေ‌ဖော်ဝါရီ ၂ဝ ရက်၊ ၂၀၁၇ ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ကရင်ပြည်နယ်၏ အမှတ်သ‌ကေင်္တ တစ်ခုဖြစ်သည့် အထင်ကရ ဇွဲကပင်‌တောင် ဘုရား ရင်ပြင် ‌တော်‌ပေါ်မှ ‌ဖေ‌ဖော်ဝါရီလ ၁၇ ရက်‌နေ့၊ ည‌နေ ၇ နာရီခန့်တွင် အသက် ၃၇ နှစ်အရွယ် ပြင်သစ်နိုင်ငံသား အမျိုးသားတစ်ဦး ရုတ်တရက် ခုန်ချ‌သေဆုံးခဲ့မှုတစ်ခုဖြစ်ပွားခဲ့သည်ဟု သိရသည်။

‌သေဆုံးသူသည် ပြင်သစ်နိုင်ငံသား ‌နော်မန်ဒီရန်နစ် (Normandin Ynnick)ဟု သိရပြီး ဇွဲကပင်‌တောင် ဘုရားရင်ပြင်‌ပေါ်ရှိ နတ်နန်းဟု ‌ခေါ်ဆိုသည့်‌နေရာအမိုး‌ပေါ်သို့ တက်‌ရောက်ကာ ‌အောက်သို့ ရုတ်တရက် ခုန်ချခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်များ နှင့် ဖားအံရဲတပ်ဖွဲ့၏ စစ်‌ဆေးချက်များအရ သိရသည်။

အဆိုပါ ဖြစ်စဉ်ကို ရဲတပ်ဖွဲ့ တာဝန်ရှိသူများ၊ ရင်ပြင်‌ပေါ်ရှိ အခြားနိုင်ငံခြားသားနှင့် ‌ဒေသခံမျက်မြင်‌တွေ့ရှိသူများ ‌ပြောစကား နှင့်စစ်‌ဆေး‌မေးမြန်းချက်များကို အတည်ပြုရယူကာ ရဲတပ်ဖွဲ့၊ ‌ဒေသတွင်း မီးသတ်တပ်ဖွဲ့၊ ကယ်ဆယ်‌ရေးတပ်စုတပ်ဖွဲ့ဝင် များ၊ မြိုင်က‌လေး ‌ပေးဆပ်သူ လူမှုကယ်ဆယ်‌ရေးအဖွဲ့ဝင်များ၊ မာဃလူမှုကူညီ‌ရေးအဖွဲ့ဝင်များ နှင့် ‌တောင်‌ခြေ ‌နေ‌ဒေသခံတို့က ‌ဖေ‌ဖော်ဝါရီ ၁၈ ရက်‌နေ့လည်ပိုင်းတွင် စတင်ရှာ‌ဖွေခဲ့ရာ မွန်းလွဲ ၂ နာရီ ခွဲခန့်တွင် အချိန်‌တောင်‌ပေါ် ရင် ပြင်‌အောက် ‌ပေ ၁၇ဝ ခန့်အမြင့်ရှိသည့် ‌ကျောက်စွန်းရှိ သစ်ပင်ကြားတွင် မှန်‌ပြောင်းအကူအညီဖြင့် ရှာ‌ဖွေခဲ့ကြခြင်း ဖြစ် သည်ဟု ကယ်ဆယ်အဖွဲ့က ‌ပြောသည်။

ဖားအံမြို့ မာဃ လူမှုကူညီ‌ရေးအဖွဲ့တာဝန်ရှိသူ ဦး‌ကျော်က “ကျ‌နော်တို့ဆီမှာ ဒီဖြစ်စဉ်မျိုးတခါမှ မရှိခဲ့ဖူးဘူး။ ဒီသတင်း ကြားရခြင်း စပြီးရှာ‌ဖွေတာ‌ပေါ့။ အဓိကက‌တော့ မီးသတ်ဌာန ကယ်ဆယ်‌ရေး ရဲ‌ဘော်‌တွေ၊ အရာရှိ‌တွေ စနစ်တကျလုပ် ‌ဆောင်နိုင်လို့ ရုပ်အ‌လောင်း ရှာ‌ဖွေသယ်‌ဆောင်ရတာ အခက်အခဲမရှိ
အဆင်‌ပြေတယ်။ ကျ‌နော်တို့ လူမှုကူညီ‌ရေးအဖွဲ့၊ ‌ပေး ဆပ်သူအဖွဲ့၊ ရဲတပ်ဖွဲ့‌တွေလည်းပါတာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ရုပ်အ‌လောင်းမှာ ဦး‌ခေါင်း‌နောက်‌စေ့‌ပေါက်ထွက်ဒဏ်ရာ၊ ခါးကျိုးဒဏ်ရာနှင့် ခန္ဓာကိုယ် အနှံ့အပြား ‌ကျောက်စွန်း ပွန်းခြစ်မိ ဒဏ်ရာများဖြင့် ‌တွေ့ရှိရပြီး ကယ်ဆယ်‌ရေးအဖွဲ့မှ ရုပ်အ‌လောင်းအား ထို‌နေ့ ည ၁၂ ‌ကျော်ခန့်တွင် ‌တောင်‌ခြေအ‌ရောက် သယ်‌ဆောင်ကာ ဖားအံ‌ဆေးရုံသို့ပို့‌ဆောင် လွှဲအပ်ခဲ့‌ကြောင်း သိရှိရသည်။

ပြည်နယ် ရဲတပ်ဖွဲ့ ဒုရဲမှူး ဦးသန်းဦးက “အခု ပြင်သစ်သံရုံးကို ပြည်နယ်အ‌နေနဲ့ အ‌ကြောင်းကြားချိတ်ဆက် ‌ဆောင် ရွက်‌နေ တယ်။ ‌တောင်‌ခြေမှာလည်း ‌သေဆုံးခဲ့သူရဲ့ အသုံးအ‌ဆောင်များ သက်‌သေခံ အ‌ထောက် အထားများ ဆက်လက်ရှာ‌ဖွေ‌နေ တယ်။ ‌သေဆုံးသူမိသားစု‌တွေ သ‌ဘောဆန္ဒအရ ရုပ်အ‌လောင်းပြန်လည်ယူလိုက ပို့‌ဆောင်မှုပြုလုပ်‌ပေးမှာဖြစ်ပြီး လိုအပ်မှုမရှိပါက ‌သေဆုံးသူ ကိုးကွယ်ရာ ဘာသာဓ‌လေ့ အရသၤဂြိုလ်မှုပြုလုပ်သွားမယ် ”ဟု ‌ပြောသည်။

ဖားအံမြို့ ဇွဲကပင် ‌တောင်သည် ‌ပေ‌ပေါင်း၂,၇၃၄ ‌ပေ အမြင့်ရပြီး ‌တောင်ထိပ်ဆံ‌တော်ရှင် ဇွဲကပင်‌တောင်‌စေတီနှင့် ရင်ပြင် သို့ ပြည်တွင်း ပြည်ပနှင့် ‌ဒေသတွင်းဘုရားဖူးသူ ‌တောင်တက်သူများနှင့် အမြဲစည်ကား ‌နေ‌သော ကရင် ပြည်နယ် အထင်ကရ ‌နေရာတစ်ခုဖြစ်သည်။ ယခင်က ခရီသွား‌တောင်တက် မ‌တော်တဆမှုများ ဖြစ်ပွားမှုအနည်း ငယ်သာ ကြုံ‌တွေ့ရ‌လေ့ရှိပြီး ယခုလို နိုင်ငံခြားသား ခုန်ချ ‌သေဆုံးမှုဖြစ်စဉ်မှာ ပထမဆုံးအကြိမ်ဖြစ်‌ကြောင်း ‌တောင်‌ခြေ‌နေ ‌ဒေသခံများ ‌ပြောစကားအရ သိရှိရသည်။