Home သတင်း ကရင်ပြည်နယ်ရှိ ပညာ‌ရေးဌာနမှ ဆရာ၊ ဆရာမ ၂၀ဝ ခန့်အား မိုင်းအသိပညာ‌ပေးသင်တန်းများပို့ချမည်

ကရင်ပြည်နယ်ရှိ ပညာ‌ရေးဌာနမှ ဆရာ၊ ဆရာမ ၂၀ဝ ခန့်အား မိုင်းအသိပညာ‌ပေးသင်တန်းများပို့ချမည်

1950

‌ဖေ‌ဖော်ဝါရီ ၁၉ရက်၊ ၂၀၁၇ ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ်အတွင်းရှိ ပညာ‌ရေးဌာနမှ ဆရာ၊ ဆရာမ ၂၀ဝ ခန့်အား လာမည့် ၂၀၁၇ ခုနှစ် ‌နွေရာသီ‌ကျောင်း ပိတ်ချိန်တွင် မိုင်းအသိပညာ‌ပေး သင်တန်းများပို့ချသွားမည်ဖြစ်‌ကြောင်း ‌ဖေ‌ဖော်ဝါရီ ၁၇ ရက်‌နေ့က ဖားအံမြို့ ‌တော်ဝင်ရတနာခန်းမတွင် ကျင်းပခဲ့သည့် ကရင်ပြည်နယ်မိုင်းအန္တရာယ်လုပ်ငန်းဆိုင်ရာအဖွဲ့၏ တတိယအကြိမ် ‌မြောက်အစည်းအ‌ဝေးတွင် ကရင်ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနဒုတိယညွှန်ကြား‌ရေးမှူး ဦး‌ဇော်မင်းက ‌ပြောဆိုသည်။

အဆိုပါ မိုင်းအသိ ပညာ‌ပေးသင်တန်းများ ပို့ချရသည့်ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ၎င်းက “အခု မိတ်ဖက် အဖွဲ့အစည်း‌တွေနဲ့ ချိတ်ဆက်ပြီး ပြည်နယ်တွင်း မိုင်းအန္တရယ်ဆိုင်ရာ လုပ်ငန်းအစည်းအ‌ဝေး ‌တွေကရလာတဲ့ အကြံပြုမှု‌တွေအရ ဌာနဆိုင်ရာဝန်ထမ်း‌တွေ အ‌နေနဲ့ မိမိတို့လုပ်ငန်းတာဝန်‌တွေကို ‌ဒေသအသီးသီးမှာ ထမ်း ‌ဆောင်ရင်း တစ်ဖက်က မိုင်းအသိပညာ‌ပေးခြင်းကို လုပ်‌ဆောင်‌ပေးနိုင်ဖို့ရည်ရွယ်ပြီးစီစဉ်ထားတာဖြစ်တယ်”ဟု ‌ဆွေး‌နွေးပွဲ အမှာစကား‌ပြောကြားရာတွင် ထည့်သွင်း‌ပြောဆိုသွားခြင်းဖြစ်သည်။

၎င်းအပြင် ‌ဒေသတွင်း လူထုနှင့်ချိတ်ဆက်လုပ်‌ဆောင်ရ‌သော ပြန်ကြား‌ရေးဌာန၊ စိုက်ပျိုး‌ရေး၊ ‌မြေစာရင်း၊ သစ် ‌တော၊ ပညာ‌ရေးဌာန စသည့် ဌာနဆိုင်ရာတာဝန်များကို ထမ်း‌ဆောင်စဉ် မိုင်းအသိပညာ‌ပေး အစီအစဉ်များတွဲ ဖက်လုပ်‌ဆောင်နိုင်ရန်နှင့် မိတ်ဖက် အဖွဲ့အစည်းများချိတ်ဆက်ကာ မိုင်းထိလူနာများအား အ‌ရေး‌ပေါ်အ‌ခြေအ ‌နေကူညီ‌ထောက်ပံ့‌ပေး‌ရေး အစီအစဉ်များ လုပ်‌ဆောင်‌နေ‌ကြောင်း ဖြည့်စွက်‌ပြောဆိုသည်။

မိုင်းအသိပညာ‌ပေး‌ရေးလုပ်ငန်းများကို ပြည်နယ်အတွင်းဖွဲ့စည်းထား‌သောမိုင်းအန္တရယ်ဆိုင်ရာ လုပ်ငန်းအဖွဲ့မှ လုပ်‌ဆောင်သွားမည်ဖြစ်ပြီး ယင်းအဖွဲ့တွင် ‌ဒေသတွင်းတိုင်းရင်းသားအပစ်ရပ်အဖွဲ့အစည်းများမှ တာဝန် ရှိသူ များ၊ တပ်မ‌တော်‌ဒေသဆိုင်ရာတာဝန်ရှိသူများ၊ UNICEF တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်‌ခြေနီ‌ကော်မတီ ICRC (မြန်မာ) နှင့် မိုင်းရှင်းလင်း‌ရေး ပံ့ပိုးလုပ်‌ဆောင်‌နေသည့် မိတ်ဖက် အဖွဲ့အစည်းများ၊ INGO နှင့် NGO များ၊ ပညာရှင်များပါဝင်‌ကြောင်း သိရသည်။

AAR Japan မသန်စွမ်းကူညီ‌ပေး‌ရေးကွင်းဆင်း လက်‌ထောက်တာဝန်ခံ ‌စော‌နေမျိုးထွန်းက “ကျ‌နော်တို့က‌တော့ ‌ဒေသတွင်း မသန်စွမ်းသူ‌တွေရဲ့ ဉာဏ်ရည်ပိုင်း ရုပ်ပိုင်း၊ အကြားနဲ့အမြင်အာရုံပိုင်း စတဲ့ချို့တဲ့မှု‌တွေ အတွက် ကိုကူညီလုပ်‌ဆောင်‌နေတာပါ။ မိုင်းလုပ်ငန်းစဉ်‌တွေမှာ ပူ‌ပေါင်းလုပ်‌ဆောင်သွားနိုင်ဖို့ အခုဒီပွဲကို တက်‌ရောက် ‌လေ့လာတာပါ။ ‌ခြေတုလက်တုလုပ်‌ဆောင်‌ပေးတာ၊ အသိပညာ‌ပေးတာ‌တွေကို ကရင်ပြည်နယ် ‌ဝေးလံတဲ့ ‌ဒေသတွင်း‌ကျေးရွာ‌တွေမှာ လုပ်‌ဆောင်‌နေပါတယ်”ဟု ‌ပြောသည်။

မိုင်းအန္တရာယ်ဆိုင်ရာ လုပ်ငန်းအဖွဲ့သည် ‌ဒေသတွင်းစစ်မက်ဖြစ်ပွားခဲ့သည့် ‌ကော့ကရိတ်၊ သံ‌တောင်ကြီး၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး စသည့်‌ဒေသများတွင် မိုင်းအန္တရာယ်ကင်းရှင်း‌ရေး ကွင်းဆင်း‌ဆောင်ရွက်မှု များပြုလုပ်‌နေပြီး ‌ကော့ကရိတ်မြို့တွင် အ‌ခြေစိုက်ရုံးတစ်ရုံး ဖွင့်လှစ်ထားသည့်အပြင် ယခုသံ‌တောင်ကြီးမြို့ နယ်တွင် ထပ်မံဖွင့်လှစ်နိုင်ရန် ‌ဆောင်ရွက်‌နေ‌ကြောင်း သိရှိရသည်။

အဆိုပါ မိုင်းလုပ်ငန်းအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၆ ခုနှစ်မှ စတင်ကာ ‌ဒေသခံ ၂ ‌သောင်း‌ကျော်ထံ မိုင်းအ သိပညာ‌ပေးနိုင်ခဲ့ပြီး မဲ့သ‌ဝေါ‌ဒေသမြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်စခန်း ‌နေထိုင်သူများထံသို့လည်း အသိပညာ ‌ပေး အစီအစဉ်များ စဉ်ဆက်မပြတ် ‌ဆောင်ရွက်‌နေ‌ကြောင်း မိုင်းအန္တရာယ်ဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များ ထံမှ သိရှိရသည်။