Home သတင်း ကရင့်‌တော်လှန်‌ရေးသမားများ မိခင်အဖွဲ့ကိုဝန်းရံပြီး ကျရာတာဝန်ထမ်း‌ဆောင်ရန် KNU ဥက္ကဌ တိုက်တွန်း

ကရင့်‌တော်လှန်‌ရေးသမားများ မိခင်အဖွဲ့ကိုဝန်းရံပြီး ကျရာတာဝန်ထမ်း‌ဆောင်ရန် KNU ဥက္ကဌ တိုက်တွန်း

1773

‌ဖေ‌ဖော်ဝါရီ ၅ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားများ၏ နိုင်ငံ‌ရေးရည်မှန်းချက်များ ပြီးပြည့်စုံစွာ အ‌ကောင်အထည်‌ဖော်‌ဆောင်နိုင်ရန် အမျိုးသား‌တော်လှန်‌ရေး သမားများအ‌နေဖြင့် KNU-ကရင်အမျိုးသားအစည်းအရုံးကို ဝန်းရံပြီး ကျရာတာဝန်တွင် ထမ်း‌ဆောင်ကြရန် ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးက ‌ဖေ‌ဖော်ဝါရီလ ၅ရက်(ယ‌နေ့) ကျ‌ရောက်သည့် နှစ် (၇၀)‌မြောက် KNU နှစ်ပတ်လည်‌နေ့အတွက် ‌ပေးပို့‌သော မိန့်ခွန်းတွင် ‌ပြောကြားလိုက်သည်။

၎င်းက “KNU တပ်ဖွဲ့ဝင်များ၊ ကရင်အမျိုးသား ‌တော်လှန်‌ရေး သမားများအ‌နေဖြင့် ကရင်အမျိုးသားများအတွက် အ‌ရေးပါ‌သော အခန်းကဏ္ဍတွင် ရှိ‌နေသည်ကို ခံယူ၍ ကရင်အမျိုးသားအစည်းအရုံးအား အဖက်ဖက်မှ အင်အား‌တောင့်တင်းပြီး၊ ကရင်အမျိုး သားများ၏ နိုင်ငံ‌ရေး ရည်မှန်းချက်များ ပြီးပြည့်စုံစွာ အ‌ကောင်အထည် ‌ဖော်‌ဆောင်နိုင်ရန် ကျရာတာဝန်အသီးသီးတွင် တာဝန် ယူကြပြီး ပူး‌ပေါင်းပါဝင်သွားကြရန် ယ‌နေ့ ကျ‌ရောက်‌သော KNU (၇၀)နှစ်‌မြောက်၊ နှစ်ပတ်လည်‌နေ့ အခါသမယတွင် တိုက်တွန်း နှိုး‌ဆော်အပ်ပါသည်”ဟု ထည့်သွင်း‌ပြောကြားခဲ့သည်။

ထို့အပြင် အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုမရှိခြင်းနှင့် ကရင့်အဖွဲ့အစည်းများအကြား အပြန်အလှန် ပူး‌ပေါင်းလုပ်‌ဆောင်မှု မရှိခြင်းသည် မိမိတို့၏ ကရင်အမျိုးသားများ၏ ရည်မှန်းချက်နှင့်စိတ်ဓာတ်‌ရေးရာများ ကျဆင်း‌စေ‌ကြောင်း၊ KNU အား ကရင်အ မျိုးသားနှင့် ကရင်အမျိုးသားအဖွဲ့အစည်းများ မိခင်အစည်းအရုံးအ‌နေဖြင့် အသိအမှတ်ပြုထားကြ‌သော်လည်း မိမိတို့အမျိုးသား များ၏ ရည်မှန်းချက်ကို ပြီးပြည့်စုံ‌စေရန် အပြန်အလှန် နားလည်မှုနှင့် ပူး‌ပေါင်းလုပ်‌ဆောင်မှုအတွက် အပြည့်အဝ စည်းရုံးနိုင်စွမ်း မရှိ‌ကြောင်း KNU ဥက္ကဌက ‌ပြောသည်။

KNU သည် နှစ်‌ပေါင်း ၆၀‌ကျော်ကြာ အုပ်စိုးသူ အစိုးရအဆက်ဆက်ကို ‌တော်လှန်ခဲ့ပြီး ယခင် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်‌နေ့တွင် ပြည်နယ်အဆင့် ပဏာမ အပစ်အခတ်ရပ်စဲခဲ့သလို ၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ ရက်‌နေ့တွင် အခြား‌သော လက်နက်ကိုင်အဖွဲ့အစည်း ၇ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် – NCA ကို လက်မှတ်‌ရေးထိုးခဲ့သည်။

၂၀၁၆ခုနှစ်၊ ဩဂုုတ်လ ၃၁ရက်မှ စက်တင်ဘာလ ၃ရက်‌နေ့အထိ ‌နေပြည်‌တော်၊ MICC-2 ခန်းမ၌ ကျင်းပသည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံ ၂၁ပင်လုံ ပထမအကြိမ် အစည်းအ‌ဝေးတွင် NCA လက်မှတ်‌ရေးထိုးထားသည့် ကရင်လက်နက်ကိုင်အဖွဲ့ အစည်းများဖြစ်ကြ‌သော ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော်-DKBA နှင့် ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/KNLA-PC) အဖွဲ့ တို့ကို ဦး‌ဆောင်ကာ ကရင်အမျိုးသားများ၏ သ‌ဘောထားစာတမ်းများကို တင်သွင်းခဲ့သည်ဟု သိရသည်။

KNU ဥက္ကဌ၏ နှစ် (၇၀)‌မြောက် နှစ်ပတ်လည်‌နေ့ မိန့်ခွန်းတွင် လက်ရှိ KNU နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အ‌နေဖြင့် အစိုးရနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးပြီး နိုင်ငံ‌ရေးပြဿနာများကို နိုင်ငံ‌ရေးနည်းဖြင့် ‌တွေ့ဆုံ‌ဆွေး‌နွေးအ‌ဖြေရှာပြီး ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စုကြီးကို တည်‌ဆောက်သွားရန်သ‌ဘောတူထားသကဲ့သို့ ၎င်းနိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတွင် ကရင်တစ်မျိုးသား လုံး၏ အမြင်၊ သ‌ဘောထားနှင့် လိုအင်ဆန္ဒများကို ရရှိရန်အတွက် KNU က ဦး‌ဆောင်ပြီး ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများ၊ ကရင်နိုင်ငံ‌ရေးပါတီများ၊ ကရင်လူမှုအဖွဲ့အစည်းများနှင့် ‌ဒေသအသီးသီးမှ ကရင်ကိုယ်စားလှယ်များနှင့် ပူး‌ပေါင်းလုပ်‌ဆောင် လျှက်ရှိသည်ဟုလည်း ‌ပြောဆိုထားသည်။

ကရင်အမျိုးသားများ၏ အမျိုးသား‌ရေးလှုပ်ရှားမှု ပိုမိုအား‌ကောင်းလာ‌စေရန် ကရင်‌ဒေါကလူအသင်း-KNA၊ ဗုဒ္ဓဘာသာကရင်အ မျိုးသားအသင်း-BKNA၊ ကရင်ဗဟိုအဖွဲ့ချုပ်-KCO နှင့် ကရင်လူငယ်အစည်းအရုံး-KYO စသည့် ကရင်အမျိုးသား အဖွဲ့အစည်း များ ပူး‌ပေါင်း၍ KNU-ကရင်အမျိုးသားအစည်းအရုံးကို ၁၉၄၇ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၅ရက်‌နေ့တွင် ရန်ကုန်မြို့၌ ဖွဲ့စည်းခဲ့သည်။ ယ‌နေ့ ကျ‌ရောက်သည့် နှစ် ၇၀‌မြောက် KNU နှစ်ပတ်လည်‌နေ့ကို သက်ဆိုင်ရာ KNU ခရိုင်၊ တပ်မဟာအချို့တွင် ‌ဟော‌ပြောပွဲ များ ကျင်းပခဲ့ကြသည်ဟု သိရသည်။