Home သတင်း ကရင်အမျိုးသား၏ လိုလားချက်များကို စည်းလုံးညီညွတ်စွာဖြင့် ထုတ်‌ဖော်ပြသရန်လိုအပ်‌ကြောင်း KNU ဥက္ကဌက ကရင်အမျိုးသား‌နေ့တွင် တိုက်တွန်း

ကရင်အမျိုးသား၏ လိုလားချက်များကို စည်းလုံးညီညွတ်စွာဖြင့် ထုတ်‌ဖော်ပြသရန်လိုအပ်‌ကြောင်း KNU ဥက္ကဌက ကရင်အမျိုးသား‌နေ့တွင် တိုက်တွန်း

1663
‌ဖေ‌ဖော်ဝါရီ ၁ဝ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ကရင်တစ်မျိုးသားလုံး‌မျှော်မှန်းထားသည့် ပန်းတိုင်‌ရောက်ရှိနိုင်ရန် မိမိတို့၏ လိုလားချက်များကို ပကတိ အ‌ခြေအ‌နေမှန် များနှင့်အညီ စည်းလုံးညီညွတ်စွာဖြင့် ထုတ်‌ဖော်ပြသသွားကြရန်လိုအပ်‌ကြောင်း ကရင်အမျိုးသား အစည်အရုံး -KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးက ‌ဖေ‌ဖော်ဝါရီ ၁၁ ရက်‌နေ့တွင် ကျ‌ရောက်သည့် ၆၉ ကြိမ်‌မြောက် ကရင်အမျိုးသား ‌နေ့၌ တိုက်တွန်း ‌ပြောကြားလိုက်သည်။

၆၉ ကြိမ်‌မြောက် ကရင်အမျိုးသား‌နေ့အတွက် ‌ပေးပို့သည့် KNU ဥက္ကဌ၏ မိန့်ခွန်းတွင် ထိုသို့ထည့်သွင်း ‌ပြောဆိုထားခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် လက်ရှိဖြစ်‌ပေါ်‌နေသည့် နိုင်ငံ‌ရေးအ‌ခြေအ‌နေများနှင့်ချိန်ဆကာ ကရင်တစ်မျိုးသားလုံးအတွက် ယခုလို တိုက်တွန်း‌ပြောကြားလိုက်ခြင်းဖြစ်သည်။

၎င်းက “ ယခုအချိန်တွင် ကရင်အမျိုးသားများ၏ လိုအင်ဆန္ဒများကို နိုင်ငံ‌ရေးစားပွဲတွင် တင်ပြခွင့်ရှိသည်။ မိမိတို့ ဂုဏ်အဂင်္ါ ရပ်များဖြစ်သည့် လွတ်လပ်မှု၊ တန်းတူမှု၊ ညီညွတ်မှုနှင့်ကရင်ပြည်ကို အသိမှတ်ပြုရန်လိုလားမှုများ စသည့် ပကတိအ‌ခြေအ ‌နေမှန်များကို လက်ကိုင်ထားပြီး ကရင်အမျိုးသားများ၏ လိုလားချက်များကို စည်းလုံးညီညွတ်စွာဖြင့် ထုတ်‌ဖော်ပြသမည် ဆိုပါက ရည်မှန်းချက်ပန်းတိုင်ကို အမှန်တကယ် ‌ရောက်ရှိနိုင်မည်ဖြစ်သည်” ဟု ထည့်သွင်း ‌ပြောကြား ထားသည်။

KNU သည် ကရင်အမျိုးသားများ၏ လိုလားချက်များအတွက် ၁၉၄၉ ခုနှစ်မှစတင်ကာ နှစ်‌ပေါင်း ၆ဝ ‌ကျော်တိုင်‌အောင် အစိုးရအဆက်ဆက်ကို လက်နက်စွဲကိုင်‌တော်လှန်‌တောင်းဆိုခဲ့ကြပြီး ၂၀၁၂ ခုနှစ်တွင် ပဏာမ အပစ်ခတ်ရပ်စဲ‌ရေးနှင့် ၂၀၁၅ ခုနှစ် ‌အောက်တိုဘာလ ၁၅ ရက်‌နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် -NCA တွင် လက်မှတ်‌ရေးထိုးခဲ့သည်။

ထိုသို့လက်မှတ်‌ရေးထိုးပြီး ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်ရာတွင် မိမိတို့ကရင်အမျိုးသားများ၏ လိုလားချက်များ၊ နိုင်ငံ‌ရေးပြ ဿနာများကို နိုင်ငံ‌ရေးစားပွဲဝိုင်းတွင်သာ ‌ဆွေး‌နွေးအ‌ဖြေရှာသွားမည်ဖြစ်‌ကြောင်း KNU‌ခေါင်း‌ဆောင်များဘက်က ‌ပြောဆို ထား‌သော်လည်း လက်ရှိငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေ မှုများ‌ပေါ် အချို့‌သော ကရင်လူထု၏ ‌ပြောဆို‌ဝေဖန်မှုများကိုခံ‌နေရဆဲ ဖြစ်သည်။

အစိုးရနှင့် အပစ်ခတ်ရပ်စဲထားခြင်းသည် အမျိုးသား‌ရေးအတွက် ကြိုးပမ်းအားထုတ်မှုများကိုရပ်တန့်ထားခြင်း မဟုတ်၊ နိုင်ငံ ‌ရေးနည်းအရ လှုပ်ရှားမှုပိုမိုအား‌ကောင်းလာ‌စေရန်အတွက်ဖြစ်ပြီး ထိုသို့နိုင်ငံ‌ရေးအရ လုပ်သင့်လုပ်ထိုက်သည်များကို မလုပ်‌ဆောင်မိပါက မိမိတို့ ကရင်တစ်မျိုးသားလုံးအတွက် ထိခိုက်နစ်နာစရာများ ဖြစ်‌ပေါ်လာနိုင်သည်ဟု KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးက ၎င်း၏ မိန့်ခွန်းတွင် ‌ပြောဆိုသည်။

ထို့အတူ မိမိတို့၏ နိုင်ငံ‌ရေးအရ ကြိုးပမ်းအားထုတ်မှုများကို ကူညီအားဖြည့်‌ပေးနိုင်ရန် လိုအပ်သည့်စွမ်းရည်နှင့် အတတ် ပညာများကို ကရင်အမျိုးသားများအ‌နေဖြင့် ဖြည့်ဆည်းမြှင့်တင်သွားကြရန်အပြင် အမှန်တရားနှင့် တရားမျှတမှု အ‌ပေါ်အ ‌ခြေခံပြီး ‌အောင်ပွဲရလို‌သော စိတ်ထားများ‌မွေးမြူထားကြရန်လည်း KNU ဥက္ကဌက တိုက်တွန်းနှိုး‌ဆော်ထားသည်။

ကရင်တစ်မျိုးသားလုံး၏ လိုလားချက်များကို KNU ဦး‌ဆောင်မှုဖြင့် ၁၉၄၈ ခုနှစ် ‌ဖေ‌ဖော်ဝါရီလ ၁၁ ရက်‌နေ့၊ ကရင်အမျိုး သားများ‌နေထိုင်ရာ အရပ်‌ဒေသများနှင့်မြို့ပြများတွင် ကရင်အမျိုးသား ဦး‌ရေ ၄ သိန်း‌ကျော်မှ ကရင်ပြည်ချက်ချင်း‌ပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ၊ လူမျိုး‌ရေး အဓိကရုဏ်းအလိုမရှိ၊ ပြည်တွင်းစစ် အလိုမရှိစသည့် ‌ကြွေး‌ကြော်သံ ၄ ရပ်ကို အသံတိတ်စီတန်းလှည့်လည်ကာ ဆန္ဒပြ‌တောင်းဆိုခဲ့ကြသည်။

ကရင်အမျိုးသားများ၏ စည်းလုံးညီညွတ်မှု၊ သ‌ဘောထားရပ်တည်ချက်နှင့် စရိုက်အဖြစ်မှန်များကို ပထမဆုံး ထုတ်‌ဖော်ပြ သလိုက်သည့် ထို ၁၉၄၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၁ ရက်‌နေ့ကို ကရင်အမျိုးသား‌နေ့အဖြစ် ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက် မှ ၂၅ ရက်‌နေ့အထိ ပထမဆုံးအကြိမ် ကျင်းပသည့် ‌ကော်သူး‌လေ ကွန်ဂရက်တွင် သတ်မှတ်အတည် ပြုခဲ့ခြင်းဖြစ်သည်။