Home သတင်း KTWG ၏ နှစ် ၂ဝ ပြည့်‌မြောက်သည့် အခမ်းအနားကို KNU ဖာပွန်ခရိုင်တွင် ပြုလုပ်

KTWG ၏ နှစ် ၂ဝ ပြည့်‌မြောက်သည့် အခမ်းအနားကို KNU ဖာပွန်ခရိုင်တွင် ပြုလုပ်

1942

ဇန်နဝါရီ ၂၅ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ကရင်က‌လေးငယ်များ၏ ပညာ‌ရေးအတွက် အ‌ထောက်အကူပြု‌ပေး‌နေသည့် ကရင်‌ကျောင်းဆရာများ ပူး‌ပေါင်းလုပ် ‌ဆောင်မှုအဖွဲ့ -KTWG ၏ နှစ် ၂ဝ ပြည့်‌မြောက်သည့် အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး KNU နယ်‌မြေ တစ်ခုဖြစ်သည့် ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ် ဟို‌ကေ‌ကျေးရွာတွင် ဇန်နဝါရီလ ၂၄ ရက်‌နေ့က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

KTWG အဖွဲ့တာဝန်ခံ ဆရာမ‌နော်လယ်ထူးခင်က “စစ်မက်အကြီးအကျယ်ဖြစ်ပွားခဲ့တဲ့အချိန်က‌နေ ငြိမ်းချမ်း‌ရေး လုပ်ချိန် အထိ လုပ်‌ဆောင်လာခဲ့တဲ့‌နေရာမှာ ‌အောင်မြင်မှု‌တွေရှိသလို စိန်‌ခေါ်မှု‌တွေလည်း ရှိခဲ့ပါတယ်။ အနှစ် ၂ဝ ဖြတ်သန်းလာခဲ့ တဲ့ အ‌တွေ့အကြုံရှိပြီ ဖြစ်တဲ့အတွက် ကျမတို့အဖို့ အရမ်းအ‌ရေးကြီးတဲ့ အခမ်းအနားတစ်ခုဖြစ်ပါတယ်”ဟု ‌ပြောသည်။

ယမန်‌နေ့က ပြုလုပ်ခဲ့သည့် အခမ်းအနားကို KTWG အဖွဲ့ဝင်များအပါအဝင် ကရင်အမျိုးသမီးအစည်းအရုံး-KWO ၊ ကရင် ပညာ‌ရေးဌာန-KED (ဗဟို)နှင့် ခရိုင်တာဝန်ရှိသူများ၊ Karen Office of Relief and Development –KORD၊ Drug and Alchohol Recovery Education -DARE network စသည့် အဖွဲ့အပါအဝင် လူဦး‌ရေ ၃၀ဝ ‌ကျော်ပူး‌ပေါင်း ပါဝင် ကျင်းပခဲ့ကြ‌ကြောင်း သိရသည်။

တစ်ဆက်တည်းတွင် KTWGမှ လုပ်‌ဆောင်လာခဲ့သည့် လုပ်ငန်းများ၏ အားနည်းချက်၊ အားသာချက်၊ ‌အောင်မြင်မှု၊ စိန်‌ခေါ်မှုနှင့်အတူ ငြိမ်းချမ်း‌ရေးကာလနှင့် နိုင်ငံ‌ရေးအ‌ပြောင်းအလဲကာလအတွင်း မည်သို့‌ရှေ့ဆက် လုပ်‌ဆောင် သွားကြ မည်စသည့် အဖွဲ့၏ ‌ရှေ့လုပ်ငန်းစဉ် ဆိုင်ရာများကို ထို‌နေ့တွင် ‌ဆွေး‌နွေးခဲ့ကြ‌ကြောင်း သိရသည်။

လက်ရှိတွင် KTWG အဖွဲ့အ‌နေဖြင့် ကရင်ပြည်နယ် KNU နယ်‌မြေ ဧရိယာအတွင်းရှိ ကရင်ပညာ‌ရေး‌ကျောင်းများမှ ဆရာ/ဆရာမများအတွက် ဆရာဖြစ်သင်တန်းများ၊ မွမ်းမံသင်တန်းများနှင့် ‌ကျောင်းစီမံအုပ်ချုပ်မှုသင်တန်းများအပါအဝင် လုပ်ငန်း ၆ ခုကို လုပ်‌ဆောင်‌ပေး‌နေသည့် အဖွဲ့ဖြစ်သည်။
ကရင်‌ကျောင်းဆရာ၊ ဆရာမ များလုပ်ငန်းအဖွဲ့ KTWG သည် ကရင်ပြည်နယ်အတွင်း စစ်မက်ဖြစ်ပွား ရာကာ လများဖြစ်သည့် ပြီးခဲ့သည့် ၁၉၉၇ ခုနှစ်မှ စတင်ကာ ကရင်ပညာ‌ရေးဆိုင်ရာလုပ်ငန်းများကို ယ‌နေ့အထိ လုပ် ‌ဆောင်‌နေဆဲဖြစ်သည့် ကရင်လူမှုအဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။