Home သတင်း ၄၇ ကြိမ်‌မြောက် ပြည်နယ်စာ‌ပေယဉ်‌ကျေးမှု စု‌ပေါင်းသင်တန်းဆင်းပွဲတွင် မဂ္ဂဇင်းထုတ်‌ဝေမည်

၄၇ ကြိမ်‌မြောက် ပြည်နယ်စာ‌ပေယဉ်‌ကျေးမှု စု‌ပေါင်းသင်တန်းဆင်းပွဲတွင် မဂ္ဂဇင်းထုတ်‌ဝေမည်

1772

ဇန်နဝါရီ ၂၉ ရက်၊ ၂၀၁၇ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ယခုနှစ် ကျ‌ရောက်သည့် ၄၇ ကြိမ်‌မြောက်ပြည်နယ် စာ‌ပေယဉ်‌ကျေးမှု စု‌ပေါင်းသင်တန်းဆင်းပွဲတွင် အထိမ်းအမှတ်အဖြစ် (ယဉ်‌ကျေးမှု အမြု‌တေ)မဂ္ဂဇင်းကို ပထမဦးဆုံးအကြိမ် ထုတ်‌ဝေမည်ဖြစ်‌ကြောင်း သိရသည်။

လာမည့် ‌မေလအတွင်း မွန်ပြည်နယ်၊ ‌ပေါင်မြို့နယ် ဆင်‌ကျေးရွာ၌ ပြုလုပ်သွားမည့် ယင်းသင်တန်းဆင်းပွဲ၌ မဂ္ဂဇင်းကို ထုတ်‌ဝေသွားမည်ဖြစ်ပြီး ကရင်(အ‌ရှေ့ ပိုးကရင်)နှင့် မြန်မာနှစ်ဘာသာဖြင့် ထည့်သွင်း‌ဖော်ပြ သွားမည်ဟု စီစဉ်သူ ‌ပေါင်မြို့နယ် အလယ်ရွာ ဆရာ‌တော် ဦးသုနန္ဒ(မာန်နာဲသွီး‌ဝေါ်)က ‌ကေအိုင်စီသို့ မိန့်ကြား သည်။

“သင်တန်းဆင်းပွဲ ၄၆ ကြိမ်ရှိသွားပြီ။ မဂ္ဂဇင်း တစ်ခါမှ ထုတ်တာ မရှိဘူး။ အခု စိတ်အားထက်သန်ရှိလို့ ကူညီဖို့ စိတ်ပါတဲ့ လူအများကြီးရှိတယ်။ ထုတ်မယ့် ရည်ရွယ်ချက်က စာ‌ပေယဉ်‌ကျေးမှုတိုးတက်ဖို့၊ ကိုယ့်လူမျိုး‌တွေ အသိမြင်ကျယ်လာဖို့ ဖြစ်ပါတယ်။ မွန်ပြည်နယ်မှာ ဒါ ပထမဦးဆုံးအကြိမ် သင်တန်းဆင်းပွဲကြီးလည်း ဖြစ်‌တော့ အထိမ်းအမှတ် တစ်ခုကျန်ရှိ‌စေချင်တာ ဖြစ်တယ်” ဟု ဆရာ‌တော်က မိန့်ကြားသည်။

သင်တန်းတွင် အမီထုတ်‌ဝေဖြန့်ချီနိုင်ရန်နှင့် မဂ္ဂဇင်းဖြစ်‌မြောက်ရန် စာ‌ပေဝါသနာရှင်များအတွက် သတင်း၊ ‌ဆောင်းပါး၊ ဝတ္ထုနှင့် ကဗျာ စသည့် စာမူများ ‌ပေးပို့နိုင်ရန် စတင်ဖိတ်‌ခေါ်‌နေပြီဖြစ်သလို မဂ္ဂဇင်းအတွက် ‌ပေးပို့ရမည့် စာမူထဲတွင် ဦးတည်‌ရေးသားရမည့် အချက် ၃ချက် ရှိသည်ဟု သိရသည်။

အဆိုပါ အချက်များမှာ တိုင်းရင်းသား စည်းလုံးညီညွတ်‌ရေးနှင့် အမျိုးသားစည်းလုံးညီညွတ်‌ရေး၊ ကရင်စာ‌ပေနှင့် အမျိုးသား ယဉ်‌ကျေးမှုတိုးတက်မြင့်မား‌ရေးကို အ‌ခြေခံ‌ရေးရမည်နှင့် စစ်မှန်‌သော ကရင်အမျိုးသား‌ရေး အသိ အမြင် အ‌တွေးအ‌ခေါ်များဖြင့် မျိုးချစ်စိတ် ရှင်သန်ထက်မြက်‌ရေး ဇာတိဂုဏ်မြင့်မား‌ရေးတို့ကို ‌ရှေးရှု၍ ‌ရေးသားကြရမည်ဟု ပါရှိသည်။

ကရင်ပြည်နယ် စာ‌ပေယဉ်‌ကျေးမှု ဥက္ကဌ ‌စော‌အေးမြက “သင်တန်းဆင်းပွဲအတွက် ဗွီဒီယို၊ ဓာတ်ပုံမှတ်တမ်း‌တွေ ရိုက်ထားတာ ရှိတယ်။ မဂ္ဂဇင်း‌တော့ တစ်ခုမှ မရှိဘူး။ အခု မဂ္ဂဇင်းကို ဘယ်လိုထုတ်မလဲ‌တော့မသိဘူး။ ပြည်နယ် စာ‌ပေယဉ်‌ကျေးမှု ‌ကော်မတီဘက်က‌တော့ ဒီနှစ် ဆရာဖြစ်သင်တန်း မ‌ရောက်ခင် ၄၆ ကြိမ်က ထူးချွန် သူ‌တွေ မှတ်တမ်း‌တွေစုပြီး မှတ်တမ်းစာ‌စောင်ထုတ်ဖို့ အစီအစဉ်‌တော့ရှိတယ်”ဟု ‌ပြောသည်။

ပြည်နယ်စာ‌ပေ ယဉ်‌ကျေးမှု စု‌ပေါင်းသင်တန်းဆင်းပွဲကို ၁၉၆၈-၁၉၆၉ ခုနှစ်တွင် စတင်ပြုလုပ် ကျင်းပကာ သင်တန်းဆင်းပွဲများတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ဧရာဝတီတိုင်းတို့ရှိ သင်တန်းသားများ စု‌ပေါင်းတက်‌ရောက်ကြသည်ဟု သိရသည်။