Home သတင်း ၂၇ကြိမ်‌မြောက် ဝင်း‌ရော်‌ဒေသ ကရင်ရိုးရာ ‌ကောက်သစ်စားပွဲ ကျင်းပ

၂၇ကြိမ်‌မြောက် ဝင်း‌ရော်‌ဒေသ ကရင်ရိုးရာ ‌ကောက်သစ်စားပွဲ ကျင်းပ

2684

ဇန်နဝါရီ ၁၂ရက်၊ ၂၀၁၇ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသ၏ ၂၇ကြိမ်‌မြောက် ကရင်ရိုးရာ ‌ကောက်သစ်စားပွဲကို ယ‌နေ့ (ဇန်နဝါရီ ၁၂ရက်)တွင် ဒိုင်လွတ်-တမို‌ဝေါင်း‌ကျေးရွာ၊ သိမ်ကွင်း၌ စု‌ပေါင်းကျင်းပခဲ့ရာ ‌တောင်ဒီး ခလယ်၊ တံခွန်တိုင်၊ ထီမံထို၊ ကျုံခဝန်၊ ထီ့ တ‌ကော၊ ဒိုင်လွတ်နှင့် တမို‌ဝေါင်း စသည့်‌ကျေးရွာမှ ‌ဒေသခံ ၅၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ကရင်လူမျိုးတို့သည် မိမိတို့၏ ‌တောင်ယာ၊ လယ်မှ ရရှိလာသည့် ‌ကောက်ပဲသီးနှံ ‌ပေါ်ဦး‌ပေါ်ဖျားများကို စု‌ဆောင်းထားပြီးမှ ယခု ပြာသိုလတွင် မိသားစုအ‌နေဖြင့်‌သော်လည်း‌ကောင်း၊ ‌ကျေးရွာအလိုက်‌သော်လည်း‌ကောင်း စု‌ပေါင်းချက်ပြုစား‌သောက်သည့်အ ‌နေဖြင့် ရိုးရာ‌ကောက်သစ်စားပွဲကို ကျင်းပရခြင်းဖြစ်သည်ဟု ကျင်းပ‌ရေး‌ကော်မတီဝင်ဖြစ်သူ ‌စော‌ယောင့်သာအဲဆန်က ‌ကေအိုင် စီသို့ ‌ပြောသည်။

“ပထမဦးဆုံး ခြံထွက်‌ကောက်ပဲသီးနှံနှင့် ဆန်စပါး‌တွေကို တစ်အိမ်တစ်တင်းစီ စု‌ပေါင်းသို‌လှောင်ထားပြီးမှ ကိုယ်ထက် အသက် ရွယ်ကြီးသူ‌တွေကို သီးဦးသီးဖျားနဲ့ ချက်ထားတဲ့ ထမင်းဟင်း‌တွေကို ‌ကျွေး‌မွေးပြီး ယုံကြည်မှုအရ ကုသိုလ်ယူတာ‌ပေါ့။ ‌နောက် တစ်ချက် ဆန်‌ရေစပါး‌တွေ ဒီထက်မက တိုးပွားလာရ‌အောင်ဆိုပြီး ဖီ့ဘူး‌ယော်(စပါး‌စောင့်နတ်)ကို ဂုဏ်ပြုတာလည်း ပါတယ်”ဟု သူက ‌ပြောသည်။

အဆိုပါ ရိုးရာ‌ကောက်သစ်စားပွဲတွင် ဖီ့ဘူး‌ယော်အား ဂုဏ်ပြုခြင်း၊ သက်ကြီးဘိုးဘွားကန်‌တော့ခြင်း၊ ကရင်ဒုံးအဖွဲ့ ၁ဝဖွဲ့မှ ကပြ ‌ဖြေ‌ဖျော်ခြင်း အပါအဝင် ကရင်လိုက်ထူးလီ (အ‌ရှေ့ပိုးကရင်စာ‌ပေ) စာ‌ပေဝတ္ထု၊ ကဗျာနှင့် ‌ဆောင်းပါးပြိုင်ပွဲများကိုလည်း ထည့် သွင်းပြုလုပ်ကျင်းပခဲ့သည်ဟု ကျင်းပ‌ရေး‌ကော်မတီ တာဝန်ရှိသူများက ‌ပြောသည်။

ထို့အပြင် ရိုးရာ‌ကောက်သစ်စားပွဲတွင် ပိန်းဥ၊ ဖား၊ ခရုများကို အဓိကထားချက်ပြုတ်စား‌သောက်ကြပြီး အဓိပ္ပာယ်မှာ ပိန်းဥသည် ရာသီမ‌ရွေး ပြန်လည်ရှင်သန်‌ပေါက်ပွား‌လေ့ရှိသလို ဖား၊ ခရုမှာလည်း အလားတူ ‌နွေ၊ မိုး၊ ‌ဆောင်းရာသီစလုံး အသက်ရှင်သန် ‌နေထိုင်နိုင်သည့်အတွက် ကရင်လူမျိုးတို့သည်လည်း မည်သည့်အခါမျှ ‌သေဆုံးခြင်းမရှိ၊ အမြဲရှင်သန်‌နေမည်ဟူ‌သော ရိုးရာယုံ ကြည်မှုအရ ပြုလုပ်ခြင်းဖြစ်သည်ဟု ‌ဒေသခံများက ‌ပြောသည်။

တမို‌ဝေါင်း‌ကျေးရွာမှ ‌နောင်‌ဖော့မီယို့က “လူကြီး‌တွေ အစဉ်အဆက်ကတည်းက ကျင်းပလာခဲ့တာဆို‌တော့ ဒီရိုးရာမ‌ပျောက်ရ ‌အောင် လူငယ်‌တွေစုပြီး ဝိုင်းဝန်းလုပ်‌ဆောင်တာပါ။ ရိုးရာပွဲ‌တော်ဆို‌ပေမဲ့ တစ်ဖက်က ကရင်စာ‌ပေ၊ ကရင်ဒုံးအက‌တွေပါ ‌ဖော် ထုတ်မြှင့်တင် ‌ဆောင်ရွက်‌ပေးတယ်။ အနယ်နယ်က သူငယ်ချင်း‌တွေလည်း အများကြီး ‌တွေ့ဆုံခင်မင်ခွင့်ရတဲ့အတွက် ‌ပျော်ပါ တယ်”ဟု ဆိုသည်။

ဝင်း‌ရော်‌ဒေသအ‌နေဖြင့် ကရင်ရိုးရာ‌ကောက်သစ်စားပွဲကို နှစ်စဉ် ကျင်းပလာခဲ့ရာ ပြီးခဲ့သည့် ၂၆ကြိမ်‌မြောက်ကို ဒိုင်လွတ်-တမို ‌ဝေါင်း‌ကျေးရွာ၌ ကျင်းပခဲ့သည်။ အလားတူ ကရင်လူမျိုးများ‌နေထိုင်သည့် အခြား‌ဒေသများတွင်လည်း ရိုးရာ‌ကောက်သစ်စားပွဲ ကို အစဉ်အလာအရ ကျင်းပ‌လေ့ရှိသည်ဟု သိရသည်။