Home ထိပ်တန်းသတင်း ၂၁ ပင်လုံအပြီး တိုင်းရင်းသား‌ဒေသများတွင် ပဋိပက္ခပိုများလာဟု ငြိမ်းချမ်း‌ရေး စစ်တမ်းတွင်‌ထောက်ပြ

၂၁ ပင်လုံအပြီး တိုင်းရင်းသား‌ဒေသများတွင် ပဋိပက္ခပိုများလာဟု ငြိမ်းချမ်း‌ရေး စစ်တမ်းတွင်‌ထောက်ပြ

1767

ဇန်နဝါရီ ၂၈ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

အစိုးရသစ် လက်ထက် ၂၀၁၆ ခုနှစ် ဩဂုတ် ၃၁ ရက်‌နေ့တွင် စတင်ကျင်းပခဲ့သည့် ငြိမ်းချမ်း‌ရေးညီလာခံ (၂၁ ရာစုပင်လုံ) အခမ်းအနားအပြီး တိုင်းရင်းသား‌ဒေသများတွင် ပဋိပက္ခပိုမိုများပြားလာသည်ဟု နိုင်ငံတကာ မြန်မာ့ သတင်းအဖွဲ့-BNI ကပြုစုထုတ်‌ဝေသည့် ၂၀၁၆ ငြိမ်းချမ်း‌ရေး အကိုးအကားလမ်းညွှန်စာအုပ် မိတ်ဆက်ပွဲ အ ခမ်းအနားတွင် BNI ဒါရိုက်တာ တစ်ဦးဖြစ်သူ နိုင်ကဆုမွန်က ‌ပြောသည်။

အဆိုပါ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၇ ရက်‌နေ့၊ နံနက် ၁ဝနာရီမှ ၁၂ နာရီထိ ရန်ကုန်မြို့၊ ‌ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလ ပန်းခြံလမ်းရှိ စီးတီးစတားဟိုတယ်၌ ပြုလုပ်ခဲ့ပြီး အခမ်းအနား၌ ပြည်တွင်း ငြိမ်းချမ်း‌ရေး ဖြစ်စဉ်တွင် ၂၀၁၆ ‌နောက်ပိုင်း အကျဘက်ကို ‌ရောက်ရှိလာသလို ၂၁ ပင်လုံအပြီးတွင် တိုင်းရင်း သား‌ဒေသများ၌ ပဋိပက္ခပိုမိုများပြားလာသည်ကို‌တွေ့ရသည်ဟု ယခုလို‌ပြောဆိုခဲ့ခြင်း ဖြစ်သည်။

နိုင်ကဆုမွန်က “ ၂၁ ပင်လုံက နှစ်ဖက်သ‌ဘောမတူတဲ့ကိစ္စကို ချပြလိုက်တဲ့ပုံစံဖြစ်သွားတယ်။ တပ်မ‌တော်က လိုချင်တာ ၂၀၀၈နဲ့ ဖက်ဒရယ်ကိုသွားမယ်။ တိုင်းရင်းသား‌တွေဘက်က လိုချင်တာ ၂၀၀၈ နဲ့ဖက်ဒရယ်ကို သွားလို ့မရဘူး။ မတူညီတဲ့ သ‌ဘောထား‌တွေကို ၂၁ ပင်လုံမှာ ‌ပေါ်လာတာ‌တွေ့ရတယ်။ ဒါ‌ကြောင့် ၂၁ ပင်လုံ ပြီးတဲ့‌နောက်ပိုင်းမှာ ပဋိပက္ခ‌တွေ၊ စစ်ပွဲ‌တွေ ဖြစ်လာတယ်။ တပ်မ‌တော်ဘက်ကလည်း ကချင်တပ်တည်‌နေရာ ‌တွေကို သွားသိမ်းတယ်။ တိုင်းရင်းသား‌တွေဘက်ကလည်း ‌မြောက်ပိုင်းမဟာမိတ်အဖွဲ့‌တွေက မူဆယ်ကိုသွားတိုက် တာ‌တွေ စသဖြင့်ပဋိပက္ခ‌တွေ ၂၁ ပင်လုံ‌နောက်ပိုင်းမှာ ပိုပြီး‌တော့ ‌တွေ့လာရတယ်” ‌ပြောသည်။

အဆိုပါ ၂၀၁၆ ငြိမ်းချမ်း‌ရေး လမ်းညွှန်အကိုးအကား စာအုပ်တွင် ၂၀၁၆ ခုနှစ်အတွင်း တိုင်းရင်းသား‌ဒေသများ၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအကြိမ်အ‌ရေအတွက်၊ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲ ပြုလုပ်ခဲ့မှုများ၊ ပြည်တွင်းနှင့် ပြည်ပ ဒုက္ခ သည်အ‌ခြေအ‌နေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အ‌ကြောင်း၊ အစိုးရသစ်လက်ထက် ငြိမ်းချမ်း ‌ရေး‌ဆောင်ရွက်ခဲ့မှုအ‌ခြေအ‌နေများကို အချက်အလက်အကိုးအကားများဖြင့် ‌ဖော်ပြထားသည်။

အလားတူ စာအုပ်မိတ်ဆက်ပွဲတွင် ဦး‌ဆောင်ရှင်းလင်း‌ဆွေး‌နွေးခဲ့သူ လူ့အခွင့်အ‌ရေး ဦး‌ဆောင်လှုပ်ရှားသူ တစ်ဦး ဖြစ်သည့် မိုင်ချယ်ရီဇာ‌ဟောင်က “၂၀၁၆ အစိုးရသစ် တက်လာပြီးတဲ့အချိန်မှာ ဘာကို‌တွေ့ရလဲဆိုရင်၊ ၂၀၁၄ ‌လောက်မှာ‌တွေ့ရတဲ့ သူပုန်ဆိုတဲ့ အသုံးအနှုန်းကို မသုံး‌တော့ပဲ တိုင်းရင်းသားလက်နက်ကိုင်လို့ပဲ သုံး‌တော့ တယ်။ အခု ‌နောက်ပြန်ဆုတ်လာတာ ‌တွေ့ရတယ်။ အခု‌နောက်ပိုင်းမှာ ‌သောင်းကြမ်းသူ သူပုန်လို့ သုံးတာ ခဏခဏ‌တွေ့ရတယ်။ ဆို‌တော့ အဖက်ဖက်က ကြည့်မယ်ဆိုရင် တိုင်းရင်းသား‌တွေဘက်က ရပ်တည်‌ပေးမဲ့ ဟာ‌တွေမရှိ‌တော့တာ ‌တွေ့ရတယ်” ဟု ‌ပြောသည်။

ထို့အပြင် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ထိုးထားသည့် ‌ကေအဲန်ယူအ‌ခြေစိုက်ရာ ကရင်ပြည်နယ်နှင့် ဆက်စပ် နယ်‌မြေများတွင်လည်း ၂၀၁၆ ခုနှစ်အတွင်း တိုက်ပွဲများဖြစ်ခဲ့သလို ဖွံ့ဖြိုး‌ရေးအ‌ကြောင်းပြ စီးပွား‌ရေး စီမံကိန်းကြီးများကိစ္စ၊ ဒုက္ခသည်များ မ‌ရေမရာ ဖြစ်‌နေမှု စသည့် အခက်အခဲများနှင့် ရင်ဆိုင်‌နေရသည်ကို ‌တွေ့ရ ပြီး တိုင်းရင်းသား ‌ဒေသအ‌ခြေစိုက် သတင်းသမားများအ‌နေဖြင့် လုံခြုံ‌ရေးဆိုင်ရာ မည်သည့် အဖွဲ့အစည်းမျှ အာ မခံချက်မ‌ပေးနိုင်သလို သတင်းများ‌ရေးသားရာတွင် မိမိကိုယ်မိမိ ဆင်ဆာ ဖြတ်‌နေရမှုများကို ရင်ဆိုင်‌နေရ သည်ဟု ‌ကေအိုင်စီ (ကရင်သတင်းဌာန) အယ်ဒီတာချုပ် နန်း‌ဖော့‌ဂေက အခမ်းအနားတွင် ရှင်းလင်း‌ပြောဆိုခဲ့သည်။

BNI ငြိမ်းချမ်း‌ရေး‌စောင့်ကြည့် ‌လေ့လာ‌ရေးအဖွဲ့ အ‌နေဖြင့် ပြည်ပအလှူရှင်များ၏ အကူအညီဖြင့် ယင်းစာအုပ် ကို ပြုစုခြင်းဖြစ်ကာ ပြုစုရာတွင် မည်သူတစ်ဦးတစ်‌ယောက်၏ ဩဇာလွှမ်းမိုးမှုမရှိဘဲ သီးခြားလွတ်လပ်စွာ ပြုစုခဲ့ခြင်း ဖြစ်သည်ဟု ဦး‌ဆောင်ပြုစုသူ ကိုထက်‌အောင်က ‌ပြောသည်။
တိုင်းရင်းသတင်းဌာန အများစုဖြင့် ဖွဲ့စည်းထားသည့် BNI အ‌နေဖြင့် ငြိမ်းချမ်း‌ရေးလမ်းညွှန်အကိုးအကား စာ အုပ်ကို ၂၀၁၃ ခုနှစ်မှ စတင်ထုတ်‌ဝေခြင်းဖြစ်ကာ ယခု ၄ အုပ်‌မြောက် ထုတ်‌ဝေခြင်းဖြစ်‌ကြောင်း BNI တာဝန်ရှိ သူများထံမှ သိရသည်။