Home ထိပ်တန်းသတင်း ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံအတွက် ကဏ္ဍကြီး ၄ရပ်ကို ‌လော်ခီးလာတွင် အ‌ချောသတ် အတည်ပြု

ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံအတွက် ကဏ္ဍကြီး ၄ရပ်ကို ‌လော်ခီးလာတွင် အ‌ချောသတ် အတည်ပြု

2155

ဇန်နဝါရီ ၃ဝရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး နယ်‌မြေဖြစ်သည့် ဖားအံခရိုင်၊ ‌လော်ခီးလာ(‌လေးဝါး)တွင် ဇန်နဝါရီ ၂၈ရက်မှ ၃ဝရက် ‌နေ့အထိ ထပ်မံ ကျင်းပပြီးစီးခဲ့သည့် ကရင်အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတွင် လာမည့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ညီလာခံအတွက် တင်သွင်းမည့် ကဏ္ဍကြီး ၄ရပ်ကို အ‌ချောသတ် ‌ရေးဆွဲအတည်ပြုလိုက်သည်။

၎င်း‌ဆွေး‌နွေးပွဲတွင် ဖားအံမြို့၊ သီရိဖားအံ ဟိုတယ်၌ ဇန်နဝါရီ ၁၈ရက်မှ ၂ဝရက်‌နေ့အထိ ကျင်းပခဲ့‌သော လူမျိုးအလိုက် အမျိုး သားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲမှ ရရှိလာသည့် စာတမ်းများကို မူရင်း အနှစ်သာရ မပျက်‌စေဘဲ ပိုမိုပြည့်စုံ‌အောင် ပြန်လည်‌ဆွေး ‌နွေးပြီး အတည်ပြု သတ်မှတ်လိုက်ခြင်း ဖြစ်သည်ဟု ‌ဆွေး‌နွေးပွဲ ကျင်းပ‌ရေး‌ကော်မတီအဖွဲ့‌ခေါင်း‌ဆောင် ပဒို‌စောလှထွန်းက ‌ပြော သည်။

ပဒို‌စောလှထွန်းက “အခု ရရှိလာတဲ့ စာတမ်း‌တွေက အားလုံးပြည့်စုံတယ်ဆို‌ပေမယ့် လိုအပ်ချက်‌လေး‌တွေ‌တော့ ရှိလိမ့်မယ်။ ဒါ‌ပေမဲ့ အဆင့်လိုက်၊ အဆင့်လိုက်အပြင် ကရင်လူထုတစ်ရပ်လုံး အသံ‌တွေနဲ့ဖြစ်ချင်တဲ့ ဆန္ဒ‌တွေ ဒီမှာပါဝင်‌နေတယ်။ အဲဒီအ တွက် တစ်ဖက်မှာ ‌ကျေနပ်အားရမှုရှိတယ်။ ဒီထက်ပြည့်စုံ‌အောင်‌တော့ အဆင့်ဆင့်‌သော နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲ‌တွေမှာ ဆက် လက် ‌ဆွေး‌နွေးသွားရမှာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု ရရှိလာသည့် အတည်ပြုစာတမ်းများကို ‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်လာကြသည့် KNU၊ ဒီမိုက‌ရေစီ အကျိုးပြု ကရင့်တပ်မ ‌တော်-DKBA ၊ ကရင်ငြိမ်းချမ်း‌ရေး ‌ကောင်စီ -KNU/KNLA (PC)၊ ကရင်နိုင်ငံ‌ရေးပါတီများ၊ ကရင်ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၊ အထက်ဗမာပြည်၊ ကရင်၊ မွန်၊ ကရင်နီ(ကယား)ပြည်နယ်များ၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်း‌ဒေသကြီးများအပြင် ကရင်လူမှုအ ဖွဲ့အစည်းများ၊ ကရင်အမျိုးသမီးများ၊ ကရင်လူငယ်များနှင့် ကရင်တတ်သိပညာရှင်များ၊ အထူးဖိတ်ကြားထားသည့် ကရင်ကိုယ် စားလှယ်စုစု‌ပေါင်း ၂၉၁ဦးတို့က ‌ဆွေး‌နွေးဆုံးဖြတ် အတည်ပြုလိုက်ခြင်း ဖြစ်သည်။

သုံးရက်တာ ကျင်းပသည့် ယင်းကရင်အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတွင် နိုင်ငံ‌ရေးကဏ္ဍဆိုင်ရာမှ ဖက်ဒရယ်ပြည်‌ထောင် စု ဖွဲ့စည်းပုံအ‌ခြေခံမူနှင့် ပြည်နယ်ဖွဲ့စည်းပုံ လမ်းညွှန်ချက် အ‌ခြေခံမူများ၊ စီးပွား‌ရေးကဏ္ဍမှ ဖက်ဒရယ်စနစ် စီးပွား‌ရေး အ‌ခြေခံမူ များ၊ လူမှု‌ရေးကဏ္ဍမှ ပြန်လည်‌နေရာချထား‌ရေး၊ ပြန်လည်ထူ‌ထောင်‌ရေးနှင့် လူမှုဖွံ့ဖြိုး‌ရေးအ‌ခြေခံမူများ၊ ‌မြေယာနှင့် သဘာဝ သယံဇာတ အ‌ခြေခံမူများကို ‌ဆွေး‌နွေးခဲ့ကြခြင်း ဖြစ်သည်။

‌ကေအဲန်ပီ-ကရင်အမျိုးသားပါတီ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး မန်း‌ကျော်ငြိမ်းက “ပြည့်ပြည့်စုံစုံ မဟုတ်တာ‌တောင် ‌တော်‌တော် ‌လေး‌တော့ ‌ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ကိုယ်စားပြုမှု‌တွေ၊ ပညာရှင်‌တွေအပြင် သူတို့ရဲ့‌လေ့လာ‌တွေ့ရှိမှု‌တွေနဲ့ တင် ထားတာဆို‌တော့ တချို့‌သောစာတမ်း‌တွေကို အခုတက်‌ရောက်လာတဲ့တစ်ချို့‌တောင် လိုက်မမီတာ‌တွေ‌တောင် ရှိတယ်။ အား လုံး ခြုံလိုက်မယ်ဆိုရင် ဒီစာတမ်း‌တွေက သိပ်ပြီးအဆင့်မနိမ့်ဘူးလို့ ‌ပြောလို့ရတယ်”ဟု သုံးသပ်‌ပြောဆိုသည်။

အဆိုပါကဏ္ဍကြီး ၄ရပ်အပြင် လုံခြုံ‌ရေးဆိုင်ရာကဏ္ဍကိုလည်း ယခု‌ဆွေး‌နွေးပွဲတွင် ထည့်သွင်း‌ဆွေး‌နွေးခဲ့ကြပြီး ယင်းကဏ္ဍများ ကို ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံတွင် ‌ဆွေး‌နွေးနိုင်ရန်အတွက် ကရင်အမျိုးသားများ ဆက်လက်ကိုင်စွဲရမည့် စာတမ်းများ အဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ကရင်အမျိုးသားနိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ လုပ်ငန်းစဉ် အဆင့်ဆင့်တို့တွင် ပါဝင်အ‌ထောက်အကူပြုမည့် နည်းပညာအ ‌ထောက်အကူပြုအဖွဲ့နှင့် Facilitation Team, Documentation Team များကိုလည်း စနစ်တကျ ဖွဲ့စည်းထားရှိရန် တက် ‌ရောက်လာသူများက သ‌ဘောတူခဲ့ကြသည်။

ယခု ရရှိလာသည့် ကဏ္ဍကြီး ၄ရပ်မှ စာတမ်းများကို ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံတွင် တင်သွင်း‌ဆွေး‌နွေးသွားမည်ဖြစ်သည်။