Home သတင်း ပြည်နယ်တွင်း အ‌ခြေစို်က် ကရင်ပါတီ ၃ခု ‌ပေါင်းစည်း‌ရေး ‌ဖေ‌ဖော်ဝါရီတွင် စတင်‌ဆွေး‌နွေးမည်

ပြည်နယ်တွင်း အ‌ခြေစို်က် ကရင်ပါတီ ၃ခု ‌ပေါင်းစည်း‌ရေး ‌ဖေ‌ဖော်ဝါရီတွင် စတင်‌ဆွေး‌နွေးမည်

1458

ဇန်နဝါရီ ၈ရက်၊ ၂၀၁၇ခုနှစ်။ ‌စောထွန်းလင်း

ကရင်ပြည်နယ်အတွင်းအ‌ခြေစိုက် ကရင်ပါတီ ၃ခု ‌ပေါင်းစည်း‌ရေးအတွက် လာမည့်‌ဖေ‌ဖော်ဝါရီတွင် စတင် ‌ဆွေး‌နွေးရန် လျာ ထားသည်ဟု ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ‌စောကြည်လင်းက ‌ကေအိုင်စီသို့ ဇန်နဝါရီ ၆ရက် ‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စောကြည်လင်းက “အခု‌လော‌လောဆယ် ကရင်ပါတီ ၅ခု‌ပေါင်းစည်း‌ရေးအတွက် လုပ်‌နေတဲ့ လုပ်ငန်းစဉ်‌လေး‌တွေရှိတယ်။ ဒါက တစ်ခု‌ပေါ့‌နော်။ အခု ၅ပါတီမှာ ကရင်ပြည်နယ်ထဲ အ‌ခြေစိုက်တဲ့ ပါတီ ၃ခု၊ ‌ပေါင်းစည်း‌ရေးအတွက် လာမဲ့‌ဖေ‌ဖော်ဝါရီမှာ ‌ဆွေး ‌နွေးဖို့ ‌ပြောဆိုထားတာ ရှိတယ်။ ‌လော‌လောဆယ် ပါတီ‌တွေလည်း လုပ်ငန်းစဉ်‌တွေများ‌နေတဲ့အတွက် ‌ဖေ‌ဖော်ဝါရီကျမှ ‌ဆွေး ‌နွေးဖို့ ‌ပြောဆိုထားတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ကရင်တိုင်းရင်းသားပါတီများအ‌နေဖြင့် ‌ပေါင်းစည်း‌ရေးလုပ်ကိုင်ရာတွင် မ‌အောင်မြင်ဘဲ ပါတီသစ်များ ထပ်မံ ‌ပေါ်ထွက် လာသည်ကို ‌တွေ့‌နေရသလို ‌ပေါင်းစည်း‌ရေး‌အောင်မြင်သည့် ရခိုင်ပါတီများပင်လျှင် ခိုင်ခိုင်မာမာ မဖြစ်‌သေးသည့် အ‌ခြေအ‌နေ များ ‌တွေ့‌နေရသည့်အတွက် ကရင်ပါတီများလည်း သတိပြုလုပ်ကိုင်သွားရန် လိုသည်ဟု ‌စောကြည်လင်းက ဆက်‌ပြောသည်။

လက်ရှိ ကရင်ပါတီ ၅ခုဖြစ်သည့် ပြည်နယ်အ‌ခြေစိုက် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည် နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုး‌ရေးပါတီ၊ ရန်ကုန်မြို့အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီ၊ ကရင်အမျိုးသားပါတီတို့ ‌ပေါင်းစည်း‌ရေးအတွက် ‌ဆွေး‌နွေး‌နေ‌သော်လည်း အဆင်မ‌ပြေ‌သေးဘဲ ယခုလို ပြည်နယ်အ‌ခြေစိုက် ကရင်ပါတီသုံးခု ‌ပေါင်းစည်း‌ရေး ‌ဆွေး‌နွေးသွားရန် စီစဉ်လာခြင်းဖြစ်‌ကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။

ကရင်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ‌စောရဲဝင်းနိုင်က “ပါတီ‌တွေ ‌ပေါင်းစည်း‌ရေးအတွက်က အမျိုးသား‌ရေးစိတ် အ‌ခြေခံနဲ့ လုပ် သွားရင် ‌အောင်မြင်မယ်။ ပုဂ္ဂိုလ်‌ရေးအ‌ခြေခံနဲ့ လုပ်မယ်ဆို ‌အောင်မြင်ဖို့ ခက်တယ်။ ပြည်နယ် အ‌ခြေစိုက်ပါတီ‌တွေမှာလည်း ပါတီအလိုက် အား‌ကောင်းတဲ့နယ်‌မြေ‌တွေ ရှိတယ်။ ပူး‌ပေါင်းလုပ်မယ်ဆို အားပို‌ကောင်းလာမယ်လို့ မြင်တယ်”ဟု ဇန်နဝါရီ ၆ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို ပြည်နယ်အ‌ခြေစိုက် ကရင်ပါတီ ၃ခု ‌ပေါင်းစည်း‌ရေး ‌ဆွေး‌နွေးသွားရန် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက အလွတ်သ‌ဘော ‌တွေ့ဆုံစဉ် ‌ဖေ‌ဖော်ဝါရီတွင် စတင် ‌ဆွေး‌နွေးရန် သ‌ဘောတူခဲ့ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာ ပါတီတာဝန်ရှိသူ များက ‌ပြောသည်။

လက်ရှိ ကရင် ၅ပါတီ ‌ပေါင်းစည်း‌ရေးအတွက် ၂၀၁၅၊ နိုဝင်ဘာ ၂၂ရက်‌နေ့ကတည်းက စတင်‌ဆွေး‌နွေးခဲ့‌သော်လည်း လက်ရှိအ ချိန်ထိ ‌အောင်မြင်မှု မရရှိ‌သေးဘဲ ‌ဆွေး‌နွေးပွဲများ ရပ်တန့်‌နေ‌ကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။