Home သတင်း ‌ရေဖြူမြို့နယ်တွင် KNU နှင့် မွန်ပြည်သစ်ပါတီတို့ တစ်ရက်တည်း ပစ်ခတ်မှု ၂ကြိမ်ထပ်မံဖြစ်

‌ရေဖြူမြို့နယ်တွင် KNU နှင့် မွန်ပြည်သစ်ပါတီတို့ တစ်ရက်တည်း ပစ်ခတ်မှု ၂ကြိမ်ထပ်မံဖြစ်

1655

ဇန်နဝါရီ ၁၁ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး လက်‌အောက်ခံ တပ်ရင်းနှင့် မွန်ပြည်သစ်ပါတီ(NMSP)တို့သည် ယ‌နေ့ ဇန်နဝါရီလ ၁၁ရက် ‌နေ့တွင် တနသာင်္ရီတိုင်း‌ဒေသကြီး ‌ရေဖြူမြို့နယ် သဲ‌ချောင်းဖျား‌ကျေးရွာအနီး၌ ပစ်ခတ်မှု ၂ကြိမ် ထပ်မံဖြစ်ပွားသည်ဟု နှစ်ဖက် တပ်များက အတည်ပြု ‌ပြောဆိုသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်သည့် အ‌ကြောင်းရင်းသည် မပြီးဆုံးခဲ့သည့် နယ်‌မြေအငြင်းပွားမှု ပြဿနာ‌ကြောင့် ယခုပစ်ခတ်မှု ပြန်လည် ဖြစ်ပွားခြင်းဖြစ်ပြီ ယ‌နေ့ မနက် ၆နာနှင့် ၇နာရီကြားတွင် တစ်ကြိမ်၊ ‌နေ့လည် ၁၂နာရီတွင် တစ်ကြိမ် ပစ်ခတ်မှု ပြန်လည်ဖြစ်ပွား သည်ဟု KNU တပ်မဟာ(၄)၊ ထားဝယ် ဆက်ဆံ‌ရေးရုံး တာဝန်ခံ ပဒို‌စောဝင်းခိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ပြဿနာအရင်းခံက လယ်ယာ‌မြေပဲ။ တပ်မဟာ(၄)‌တောင် မကပဲ တပ်မဟာ(၆)လည်း ဒီလိုအငြင်းပွားမှု‌တွေဖြစ်တယ်။ အဓိက နှစ်ဖက်တပ်ဖြစ်တဲ့ KNU ဖြစ်‌စေ၊ မွန်ပြည်သစ်ပါတီဖြစ်‌စေ မှန်မှန်‌ဖြေရှင်း‌ပေးနိုင်ဖို့ပဲ။ ဗဟို‌ခေါင်း‌ဆောင်ပိုင်းက ‌တွေ့ဆုံညှိနှိုင်း‌ဖြေ ရှင်းနိုင်ရင် ပြဿနာက ပြီးသွားမှာပါ”ဟု ပဒို‌စောဝင်းခိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုပစ်ခတ်မှုမှာ KNU ဘိတ်-ထားဝယ်ခရိုင်ရှိ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA)၊ တပ်မဟာ(၄) လက် ‌အောက်ခံ တပ်ရင်း(၁၀) တပ်ဖွဲ့ဝင်များနှင့် NMSP လက်‌အောက်ခံ မွန်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်(MNLA) တပ်ဖွဲ့ ဝင်များအကြား ဖြစ်ပွားခြင်းဖြစ်ကာ မွန်ပြည်သစ်ပါတီဘက်က ဒဏ်ရာရသည့်တပ်သားများရှိပြီး KNU ဘက်က ထိခိုက်မှုမရှိဟု နှစ်ဖက်တပ်၏ ‌ဖြေကြားချက်အရ သိရသည်။

အဆိုပါကိစ္စနဲ့ပတ်သက်၍ မွန်ပြည်သစ်ပါတီ (NMSP) ပြည်တွင်း‌ရေးရာ ဌာနတာဝန်ခံ နိုင်လှဝင်းက “ဖြစ်တာက သဲ‌ချောင်း‌ပေါ့။ KNU တပ်ရင်းစခန်းလည်းရှိတယ်။ ကျ‌နော်တို့ မွန်ပြည်သစ်စခန်းလည်းရှိတယ်။ အဲဒါ KNU က လာပစ်တာ‌ပေါ့။ ‌နောက်‌နေ့လည် လည်း လမ်းခုလတ်မှာဆုံပြီး ပစ်‌သေးတယ်။ ထိခိုက်တာ‌တော့ ထိတာ ရှတာရှိတာ‌ပေါ့။ အ‌သေးစိတ် တိကျမသိ‌သေးဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU နှင့် မွန်ပြည်သစ်ပါတီကြား နယ်‌မြေအငြင်းပွားမှု‌ကြောင့် ပြီးခဲ့သည့် ‌အောက်တိုဘာလတွင် တစ်ကြိမ်၊ ဒီဇင်ဘာလတွင် တစ် ကြိမ်နှင့် ယ‌နေ့ ၂ကြိမ် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။