Home သတင်း ‌ကျောင်းသားဦး‌ရေ များလာသည့်အတွက် စာ‌မေးပွဲ‌ဖြေဆိုခန်း မလုံ‌လောက်မှုဖြစ်‌နေ

‌ကျောင်းသားဦး‌ရေ များလာသည့်အတွက် စာ‌မေးပွဲ‌ဖြေဆိုခန်း မလုံ‌လောက်မှုဖြစ်‌နေ

1892

ဇန်နဝါရီ ၂၅ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

မတ်လ ၈ ရက်‌နေ့တွင် စတင်မည့် ၂၀၁၆ -၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲတွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင် တိုက်နယ်၊ တံခွန်တိုင် စာစစ်ဌာန၌ စာ‌မေးပွဲ‌ဖြေဆိုသူ ‌ကျောင်းသူ/ ‌ကျောင်းသားဦး‌ရေ ယခင်နှစ်ထက်များလာသည့်အတွက် စာ‌မေးပွဲ‌ဖြေဆိုခန်း လုံ‌လောက်မှု မရှိ‌ကြောင်း တံခွန်တိုင် အထက်တန်း‌ကျောင်းအုပ် ဆရာကြီး ဦမြင့်ထွန်းက ‌ပြောသည်။

၎င်းက “စာ‌မေးပွဲ‌ဖြေဆိုခန်း မလုံ‌လောက်ဘူး‌ပေါ့‌နော်။ အခန်း လိုအပ်တာ ၂၄ ခန်း၊ အခု ၂၁ ခန်းပဲရှိ‌သေးတယ်။ သုံး ခန်းထပ်လိုတယ်။ တည်းခိုဖို့‌နေရာ‌တော့ အခက်အခဲမရှိဘူး။ ကိုယ့်အား ကိုယ်ကိုး ‌ဆောက်ထားတဲ့အ‌ဆောက် အဦးကို ‌တော့ ပညာ‌ရေးဌာနက ရံပုံ‌ငွေချ‌ပေးပြီးရင် ‌ဖေ‌ဖော်ဝါရီလ အကုန်မှာ ပြီးစီး‌အောင်‌ဆောက်လုပ်သွားမယ်”ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

တံခွန်တိုင် စာစစ်ဌာန၌ ခလယ် အထက၊ တံခွန်တိုင် အထက၊ ‌တောင်ဒီး အထက(ခွဲ)၊ ထီမံထို အထက(ခွဲ)၊ ကျုံခဝန် အထက(ခွဲ)၊ ဖားပြ အထက၊ အနန်းကွင်း အထက(ခွဲ)‌ကျောင်းတို့မှ ယခင်နှစ်က တက္ကသိုလ်ဝင်တန်း ‌ကျောင်းသူ/ ‌ကျောင်းသား ဦး‌ရေ ၅၀ဝ ‌ကျော် ဝင်‌ရောက်‌ဖြေဆိုရာမှ ယခုနှစ် ‌ကျောင်းသား ဦး‌ရေ ၇၀ဝ ‌ကျော်အထိ ဝင်‌ရောက်‌ဖြေဆိုကြမည်ဟု ဆရာကြီး ဦးမြင့်ထွန်းက ‌ပြောသည်။

၎င်းကိစ္စအ‌ပေါ် ကြာအင်းဆိပ်ကြီးမြို့နယ် ဒုပညာ‌ရေးမှူး ဆရာကြီး ဦး‌အေးသိန်းက “ယာယီ‌ကျောင်း‌ဆောင်အတွက် တင်ထားတာရှိတယ်။ အပြီးသတ်လုပ်နိုင်ဖို့ ပညာ‌ရေးဌာနက‌နေ ဒီနှစ်မှာ ‌ငွေချ‌ပေးသွားမယ်။ ‌ကျောင်းပြင် ဆင်ထိန်းသိမ်းစရိတ် အတွက် တင်ထားတဲ့‌ကျောင်း‌တွေကိုလည်း ‌ငွေချ‌ပေးသွားမယ်”ဟု ယ‌နေ့ (ဇန်နဝါရီ ၂၅)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

အစိုးရ ပညာ‌ရေး ဝန်ကြီးဌာနမှ ၂၀၁၆ -၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲကို မတ်လ ၈ ရက်မှ ၁၇ ရက်‌နေ့အ ထိ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ‌ဖြေဆိုရမည့် အချိန်စာရင်းကို ထုတ်ပြန်ထားပြီဖြစ်ပြီး ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံ၊ ဘုရားသုံးဆူ၊ တံခွန်တိုင်စသည့် ကြာအင်းဆိပ်ကြီးမြို့နယ် စာစစ်ဌာန ၄ ခု၌ စုစု‌ပေါင်း ‌ကျောင်းသူ၊ ‌ကျောင်းသားဦး‌ရေ ၁၇၂၃ဦး ဝင်‌ရောက်‌ဖြေဆိုမည်ဟု မြို့နယ်ပညာ‌ရေးမှူးရုံးမှ သိရသည်။

ကရင်ပြည်နယ်၏ ယခင်နှစ် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် တံခွန်တိုင်စာစစ်ဌာနတွင် ‌ဖြေဆိုသူ ၅၅၂ဦး၌ ၁၅၇ဦး ‌အောင်မြင်ခဲ့ပြီး တစ်ပြည်နယ်လုံးတွင် ဝင်‌ရောက်‌ဖြေဆိုသူ ၁၃,၆၃၇ ဦး၌ ၃,၇၀၃ ဦး ‌အောင်မြင်ခဲ့သည်။ မြို့နယ်အ လိုက် ‌အောင်ချက်ရာခိုင်နှုန်းတွင် လှိုင်းဘွဲမြို့နယ် ပထမ၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဒုတိယ၊ ဖားအံမြို့နယ် တတိယတို့ဖြင့် အသီးသီး ရပ်တည်ခဲ့သည်။